Posts

Showing posts from October, 2013

ထွေရာလေးပါး...၉၃

Image

အသားအရေလှပစေရန် အထောက်အကူပြုသည့် ပန်းကလေးများ

Image
Health Updates Journal No. 89 နှင်းဆီပန်း မိမိချိုးမည့်ရေချိုးကန်ထဲသို့ နှင်းဆီပွင့်ဖတ်ကလေးများ ထည့်ခြင်းဖြင့် အသားအရေထဲကို စိမ့်ဝင်ပြီး အသားအရေ တင်းရင်းမှုကိုဖြစ်စေသည်။ သာမန်အသားအရေကိုဖြစ်စေ၊ ခြောက်သောအသားအရေကို ဖြစ်စေ အားဖြည့်စေသော toner အဖြစ်လည်းကောင်း၊ အဆီပျံသော အသားအရေအတွက် အရေပြား အက်ကွဲမှုကို စေ့သွားစေရန် လည်းကောင်း စသည့်အကျိုးကို ရစေသည်။ အချို့က အသားအရေ ကြေးနီ ရောင် ဖြစ်ခြင်းမှ ကာကွယ်ရန် နှင်းဆီကို အသုံးပြုကြသည်။ မိမိမအိပ်မီ ရေချိုးကန်တွင်း နှင်းဆီပွင့်ဖတ် များကို ထည့်ပြီး စိမ်ပေးပါ။ နံနက်တွင် ရေအေးနှင့် ချိုးလိုက်ပါ။ ချော၍ လန်းဆန်းသော အသားအရေကို ရရှိပါလိမ့်မည်။

ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်ကို ဗိုင်းရပ်စ်က မဖြစ်ပွားစေနိုင်ပါ

Image
Health Updates Journal No. 89 လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားမှုအရ ဗိုင်းရပ်စ်များက ရင်သားကင်ဆာနှင့် ဦးနှောက် အကျိတ်လို မျိုးဖြစ်သော glioblastoma ကိုဖြစ်စေနိုင်သည်ဆိုသော အချက်ကို ချေဖျက်နိုင်ခဲ့သည်။ အဆိုပါကင်ဆာများကို ဖြစ်စေသည်ဆိုသော ဗိုင်းရပ်စ်များ၏ DNA အတွင်းမှ sequence (၇) သန်း ကျော်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ သုတေ သနပြုချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံနည်းကျ အတည်ပြုချက်များအရ ကင်ဆာအမျိုးအစား အားလုံး၏ ၁၅%မှာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွား ရခြင်းဖြစ်သည်။

အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို

Image
Health Updates Journal No. 89 ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။ လိုအပ်သောပစ္စည်းများ...... ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။ ပျားရည် (၄၀၀) ဂရမ် ရေ (၄)လီတာမျှ ရေကောင်းကောင်းဆန့်သည့် အိုးကြီး (၁)အိုး

နှုတ်ခမ်းအသွင်အပြင်နှင့် စိတ်ကိုဖတ်ခြင်း

Image
  Health Updates Journal No. 89 (၁)နီကိုးကစ်မင်းကဲ့သို့ နှုတ်ခမ်းပိုင်ရှင်မျိုး၊ နှာခေါင်းနေရာတွင် ကျယ်၍ ဘေးအောက်ဖက်ကို ကျဉ်းသွားသော နှုတ်ခမ်းပိုင်ရှင်မျိုးသည် သားများထက် သမီးကို ပိုရရှိကြသည်။ (၂)အပေါ်နှုတ်ခမ်းပေါ်တွင် မှည့်ရှိသူသည် သားများ၏မိခင်၊ ဖခင်တို့ ဖြစ်တတ်သည်။ အောက်နှုတ်ခမ်း တွင် မှည့်ရှိသူသည် သမီးများ ရရှိတတ်သည်။ နှုတ်ခမ်းအလယ်တွင် မှည့်ရှိသူသည် အိမ်ထောင်ဖက်ရှာရ လွယ်ကူသည်။

သက်လတ်ပိုင်းအရွယ်များအတွက် နေ့စဉ်လိုအပ်ချက်များ

Image
Health Updates Journal No. 89 အသက်(၄၀)အရွယ်များ ခန္ဓာကိုယ်ဝိတ်တက်သော အရွယ်များဖြစ်ပြီး နှလုံး၊ ဆီးချို၊ အရိုး အဆစ်ရောင်ရမ်းနာများ စတင်ဖြစ်ပေါ် တတ်သည်။ သံဓာတ်အားနည်း လာတတ်သည်။ အင်တီအောက်ဆီဒင့်အတွက် -အရောင်တောက်သောအသီးများ၊ ဟင်းရွက်များက အကောင်းဆုံး ဖြစ်သည်။

ရေသံလက်ကောက်၏စွမ်းအင်

Image
  Health Updates Journal No. 89 (၁) နာကျင်မှုများ အထူးသဖြင့် အဆစ်အမြစ်၊ ကြွက်သား၊နာကျင်မှု များကို သက်သာစေသည်။ ခွဲစိတ်ကုသမှုပြုအပြီး နာကျင်မှုများကိုလည်း သက်သာလျော့ပါးစေနိုင်သည်။ (၂)ရေသံလက်ကောက်ဝတ်ထားခြင်း ဖြင့် ရောင်ရမ်းမှု၊ဖောခြင်းတို့ကို သက်သာစေသည်။ လက်ကောက်ဝတ်များ နာကျင်ကိုက်ခဲခြင်း၊ လေး ဖက်နာရောဂါနှင့် ကြွက်သားများ တောင့်တင်းမှုကို ပြေပျောက်စေသည်။

ရယ်ခြင်း၏ ကောင်းကျိုးများ

Image
Health Updates Journal No. 89 (၁) နှလုံးကျန်းမာရေး ကောင်းမွန်စေသည် - ရယ်မောခြင်းသည် ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကာယလေ့ကျင့်ခန်း တစ်ခုပြုလုပ်သကဲ့သို့ အထောက်အကူပြုသည်။ ထို့ကြောင့် နှလုံးသွေးကြောများထံ သွေးစီးဆင်းမှုကောင်းမွန်ပြီး နှလုံးဖောက်ပြန်မှု (heart attack) မဖြစ်အောင် ကာကွယ်ပေးသည်။ (၂) စိတ်ကျရောဂါသက်သာစေသည် -ရယ်ခြင်းကြောင့် အင်ဒိုဖင်(endorphn)်ဟော်မုန်းများ ထွက်လာပြီး စိတ်ခံစားမှုကောင်းမွန်စေသောကြောင့် စိတ်ကျရောဂါကို သက်သာစေသည်။

ဝမ်းချုပ်ခြင်းဆိုင်ရာ အယူအဆမှားများ

Image
Health Updates Journal No. 89 နေ့စဉ် ၀မ်းသွားဖို့လိုသလား လူတစ်ဦးနှင့်တစ်ဦး ၀မ်းအကျင့် မတူပါဘူး။ အချို့လူတွေမှာ တစ်နေ့ ၀မ်းသုံးကြိမ် သွားတတ်သလို အချို့ မှာ သုံးရက်နေမှ ၀မ်းတစ်ကြိမ်ပုံမှန်သွားတတ်ပါတယ်။ တစ်ပတ်အတွင်း ၀မ်းသုံးကြိမ်ထက် လျော့နည်းမှသာ ၀မ်းချုပ်တယ်လို့ သတ်မှတ်ပါတယ်။ တစ်ပတ်လုံးနေမှ တစ်ကြိမ်တောင် မသွားဘူးဆိုလျှင် ဆေးဝါးအကူအညီ ရယူသင့်ပါတယ်။

မဖျားနာခင် ကြိုတင်ကာကွယ်နည်းများ

Image
Health Updates Journal No. 89 (၁) ဆားရည်ပလုတ်ကျင်းပါ – လည်ပင်းနာချင်သလိုလို၊ လည်ချောင်းခြောက်ကပ်ကပ်ဖြစ်သလိုလို ကြုံလာသည်နှင့် ဆားရည်ပလုတ်ကျင်းပါ။ ဆားရည်က လည်ချောင်းအတွင်းရှိ အကျိတ်ကလေးများတွင် ခိုအောင်းနေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကို ဖယ်ရှားရှင်းလင်းပေးပြီး ပိုးပမာဏကို ဖျားနာစေ သည်အထိမဖြစ်အောင်လျှော့ချပေးသည်။ (၂) အသက်ရှူလမ်းကြောင်းကို ရှင်းလင်းထားပါ – နှာစေးနှာပိတ်ဖြစ်လာသည်နှင့် ရေနွေးနှင့် ရေချိုးပြီး နှာခေါင်းရှင်းအောင် ဂရုစိုက်ပါ။ နှာစေးသက်သာစေရန် ဆေးဝယ်သောက်ပါ။ ခေါင်းကိုက်ခြင်း အစ ပျိုးလာပါက ပါရာစီတမောကဲ့သို့ ဆေးများကြိုသောက်ထားပြီး နိုးကြားနေစေရန် ဂရုပြုပါ။

ဒူးဆစ်နာရခြင်း အကြောင်းရင်းများ

Image
Health Updates Journal No. 89 (၁) အရိုးအက်ခြင်း ဒူးဆစ်ကိုဖွဲ့စည်းထားတဲ့ ပေါင်ရိုး၊ ညို့သကျည်းရိုး၊ ခုံညင်းရိုးတွေထဲက တစ်ခုခုအက်တဲ့အခါ ဒူးဆစ် လုံးဝလှုပ်မရဘဲ ရောင်ရမ်းကိုက်ခဲလာတတ်ပါတယ်။ (၂)အရည်အိတ်ရောင်ခြင်း (bursitis) ဒူးဆစ်ကူရှင်သဖွယ် ဆောင်ရွက်ပေးတဲ့ အရည်အိတ်တွေ ရောင်ရမ်းခြင်းကြောင့်ဖြစ်ပါတယ်။ ဒူးထောက်များတဲ့သူတွေမှာ အဖြစ်များပါတယ်။

ဘာကြောင့်ပင်ပန်းလွယ်ရသလဲ

Image
Health Updates Journal No. 89 (၁) အိပ်ရေးပျက်ခြင်း အရွယ်ရောက်ပြီးသူ တစ်ဦးအနေနှင့်နေ့စဉ်ခုနစ်နာရီမှ ရှစ်နာရီ အထိ အိပ်ချိန်ပေးသင့်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ အာရုံစူးစိုက်နိုင် စွမ်းကျဆင်းစေပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ အိပ်ချိန်လုံလုံလောက်လောက်ရှိပေမယ့် အိပ်ချိန်မမှန်တဲ့အခါမှာလည်း အလွယ်တကူ ပင်ပန်းလေ့ရှိပါတယ်။အိပ်ချိန်လုံလုံလောက်လောက်နှင့် နေ့စဉ်အချိန်မှန်အိပ်ဖြစ်အောင်ဂရုပြုပါ။ ညမအိပ်ခင် ဖုန်း၊ ကွန်ပြူတာ၊ တီဗီကြည့်ခြင်းလျှော့ပါ။

ထာဝရနုပျိုခြင်းကို မစွမ်းဆောင်နိုင်သော်လည်း

Image
Health Updates Journal No. 89 အိုမင်းရင့်ရော်ခြင်းဆိုတာ ဘယ်သူမှ ရှောင်လွဲလို့မရတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် အိုမင်းရင့်ရော်မှုဖြစ်စဉ် ကိုတော့ ပုံမှန်ထက် လျော့ချနိုင်ပါတယ်။ လျော့ချလို့ရတဲ့ အကောင်းဆုံးနည်းတွေကတော့.... (၁)ရေများများသောက်ပါ လူရဲ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၆၀%နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး တစ်ရက်ကို အနည်းဆုံးရေ ၈ ဖန်ခွက်ခန့် သောက်သင့်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာ ရှိခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါများ ရေဓာတ်ပြည့်ဝသည့်အတွက် အလုပ်ကောင်းမွန်စွာ လုပ်နိုင်သည်။ အစာခြေလမ်းကြောင်း စနစ်ကို ကောင်းမွန်စေပြီး အသားအရေကိုလည်း တင်းရင်းစေကာ ခန္ဓာကိုယ် အတွင်းရှိ အဆိပ် အတောက်တွေကို လျော့ကျစေပါတယ်။

ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ရန်

Image
Health Updates Journal No. 89 မတည့်သည့်အစားအစာများ မစားမီ၊ မိမိကိုယ်ကို သုံးသပ်ရမည်။ ဆီကြော်၊ ရေကြို၊ အချဉ်၊ အစပ်၊ အခါးစသည်ဖြင့် စားသုံးကြရာတွင် မိမိ၏ဆံပင်မွေးညှင်းပေါက်များကို အားဖြည့်နိုင်စေရန် အစိုဓာတ်၊အာဟာရပါသည့် အစားအစာများကို စားသင့်ပါသည်။ ဆေးလိပ်သောက်သူများတွင် များသောအားဖြင့် ဆံပင်ဖြူပို၍ထွက်တတ်သည်။ မိမိ၏နေ့စဉ်စားသုံးသည့် အစာအာဟာရအား သစ်သီးများ၊ ဟင်းရွက်စိမ်းများ၊ အာလူး၊ နို့၊ ငါး၊ ဒိန်ချဉ်၊ အသည်း၊ ဂျုံနှင့် လုပ်ထားသော အစားအစာများ၊ ဥများကို စားသုံးပေးပြီး ဆေးလိပ်ကို ဖြတ်လိုက်လျှင် ဆံပင်ဖြူပေါက်ခြင်းကို လျော့ပါးစေသည်။

ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်

Image
ကာတွန်းဆရာကြီး ဦးအောင်ရှိန်ကို ၎င်း၏ ၈၅ နှစ်ပြည့် နောက်ဆုံး မွေးနေ့ပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ရဲနှောင်း) ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးကပ်စီး၊ ဦးစိတ်တို၊ မျောက်ညို အပါအဝင် မြန်မာ ကလေး ပရိသတ် များစွာ နှစ်ချိုက်ခဲ့တဲ့ ကာတွန်း ဇာတ်ကောင် တွေကို ဖန်တီးခဲ့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဦးအောင်ရှိန်ရဲ့ မြေးတဦးဖြစ်တဲ့ မပြည့်ဖြိုးကြည်က အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ သူတို့ အဖိုး ကာတွန်းဆရာကြီးဟာ ရန်ကုန်ဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တယ်လို့ ပြောပါတယ်။

Model - Aung Min Khent & Khin Wint Wah

Image

Hnin Yamone Oo

Image

Myanmar Model and Singer - Ei Chaw Poe (အိချောပို)

Image

10 Mysterious Ghost Types

Image
တချို့ သဘာဝလွန် နာနာဘာဝ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချားစရာ ကောင်းမှုကတော့ မလျော့နည်း သွားစေ ရပါဘူး။ ကဲလူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုးကို ဖတ်ကြည့်ပါဦး။ အခုခေတ်မှာ သရဲဝိညာဉ် တွေက popular culture တစ်ရပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ်ရုပ်သံလိုင်း ကိုကြည့်ကြည့် သရဲအကြောင်း၊ ၀ိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို မျိုးပေါ့။ တစ်ခါတစ်ခါ ကျတော့ “Ghost Whisperer” နဲ့ “Being Human,” လိုဇာတ်နာနာ လွမ်းစရာ

The Reason We Need Sleep

Image
သင့်ဦးနှောက်ရဲ့ အမှိုက်သိမ်း သမားက သင့်အကူအညီ လိုနေ ပါတယ်။ ကူညီချင် သပ ဆိုရင်တော့ များများအိပ်လိုက် ပါလေ။ အိပ်ခြင်းကို ကျွန်တော်တို့ လိုအပ်ရတဲ့ အကြောင်းရင်းက ဘာများ ဖြစ်မလဲ။ လူသားတွေဟာ အိပ်စက်ခြင်းကို လိုအပ် ပါတယ်။ သူသာ မရှိရင် ကျနော် တို့ ကြောင် တောင်တောင် ဖြစ်မယ်၊ ဦးနှောက် ချောင်မယ် ပြီးတော့ သေသွားမယ် ဆိုတာ လူတိုင်း သိကြ ပါတယ်။ ကံဆိုး ချင်တော့ အိပ်ခြင်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာရပ် ကိုယ်တိုင်က မရေမရာ ဖြစ်နေ ခဲ့ပြန် ပါတယ်။ အိပ်ရေး ပျက်ရင် ဖြစ်တတ်တဲ့ မကောင်းတဲ့ အချက်တွေကို သိနေပေမယ့် ဘာကြောင့် ဒါတွေ ဖြစ်ရတယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာ မသိကြပါဘူး။ အခုတော့ အိပ်ခြင်းဟာ ကျွန်တော် တို့ ခန္ဓာကိုယ် တွေအတွက် ဘာတွေ လုပ်ပေး သလဲ ဆိုတာကို ထိုးထွင်း သိမြင်နေ ပါပြီ။

Diabetes ဆီးချို

Image
ဆီးချိုကို Diabetes mellitus လို့ခေါ်တယ်။ တချို့တွေက ဆီးချို ခေါ်၊ သွေးချိုခေါ်နဲ့ အတူတူကို နှစ်မျိုး ထင်ကြနေကြတယ်။ တကယ်က ၃ မျိုးရှိတာပါ။ ၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်သူတွေမှာ ဖြစ်တယ်။ ၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ အများဆုံးဖြစ်တယ်။ ၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တာ။

ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းနှင့်ဆက်စပ်နေသော အမျိုးသမီးများ အစာမစားချင်သည့် ပြဿနာ

Image
Health Updates Journal No. 89 အစာမစားလိုသည့် ပြဿနာ ကြုံတွေ့ရတဲ့ မိခင်လောင်းများဟာ ကလေးရနိုင်ချေနည်းတဲ့အပြင် မျိုးဆက်ပွားကျန်းမာရေးပြဿနာတွေနဲ့လဲ ကြုံတွေ့ရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အသက်ရှည်စေမယ့် လက်ဖက်ရည်

Image
Health Updates Journal No. 89 လက်ဖက်ရည်ကို ပုံမှန်သောက်ခြင်းဟာ အသက်ရှည်စေမယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ တယ်။ ပေါ်လီဖိနော်ပါဝင်တဲ့အတွက် လက်ဖက်ရည်ဟာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ကြွယ်ဝနေပြီး နာတာရှည်ရောဂါတွေကြောင့် သေဆုံးမှုနှုန်းကို ၃၀%အထိ လျှော့ချပေးနိုင်ကြောင်း ကိုလည်း ဖော်ပြထားပါတယ်။

ဆာလဖာ ဓါတ်မတည့်သူများ ရှောင်ကျဉ်စရာ

Image
Health Updates Journal No. 89 Sulphonamide ပါဝင်သော ပဋိဇီဝပစ္စည်းများရှောင်ကျဉ်ရပါမယ်။ Septrinလို့ လူသိများတဲ့ Trimethoprin sulfamethoxa zole၊ Erythromycin – sulfisoxazole ဆေးတွေကို ရှောင်ရပါမယ်။ သွေးလေးဘက်နာရောဂါတစ်မျိုး ဖြစ်တဲ့ Rheumatoid arthritis၊ Crohn’s disease၊ Ulcerative colitis အူရောင်ရောဂါတွေမှာ အသုံးပြုသော sulfasalazine ဆေးကို ရှောင်ရပါမယ်။ လက်ပရိုစီ၊ အရေပြားရောဂါများနှင့် အဆုတ်ရောင် ရောဂါများအတွက်သုံးတဲ့ Dapsoneကိုလည်း ဆာလဖာ ဓါတ်မတည့်သူများ ရှောင်ရပါမယ်။

Samsung Galaxy S3 I747 သမားများ UCUEMJ2 Android 4.3 Firmware နဲ့ Update လုပ်နိုင်

Image
Samsung Galaxy S3 I747 ကိုင်တဲ့ မိတ်ဆွေများအနေနဲ့ မိမိတို့ ဖုန်းကို နောက်ဆုံးထွက် firmware နဲ့ update လုပ်ချင်တယ်ဆိုရင် Leak ဖြစ်ပြီး ထွက်လာတဲ့ UCUEMJ2 Android 4.3 Firmware နဲ့ လုပ်နိုင်ပါတယ်...

သွေးတိုး၊သွေးတက်

Image
photo:google သွေးတိုးရောဂါပျောက်ဆေးနည်း......... တောင်ဆီးဖြူပင် ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍ သောက်ပေးပါ။ ခရာမြစ်ကို သွေးပြီး ဆားအနည်းငယ်ထည့်၍ သောက်ပါ။

ကလေး သန်ကျဆေးနည်း

Image
photo:google ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။ သောက်ဆေးနည်းက....... ဇာရွေးဖြူဆံ........(၁)ကျပ် ပေါက်စေ့.........(၁)ကျပ် အိပ်မွေ့သီး..........(၁)ကျပ် ငရုတ်ကောင်း...........(၁)ကျပ် တို့ကို ကြိတ်၍ ရွေးစေ့ခန့် လုံး၍ ကလေးကို တိုက်ပါ။ ကျန်းမာကြပါစေ.....မင်းမင်းဇော် han152

အမျိုးသမီးများ နှလုံးတုန်၊ ရင်ခုန်၊ မူးမော၊ အိပ်မပျော် စားမဝင် ဖြစ်နေလျှင်........

Image
photo:google ဆေးဖော်နည်းမှာ......... ရေနှင့် စင်ကြယ်စွာ ဆေးကြောထားသော သဘောင်္မယ်ဇလီ မနုမရင့် အရွက်များကို ထပ်၍ ဓားနှင့် ပါးပါး ရိတ်ရိတ်လှီးပါ။ တစ်ဖန်ပါးပါးလှီးပြီးသား အရွက်အလေးချိန်၏ သုံးချိန်၏ သုံးချိုးတစ်ချိုး ဆားပုပ် ကို ထောင်းပါ။ ပြီးလျှင် ၎င်း (၂) မျိုးကို ရော၍ ဖန်ပုလင်းထဲတွင် ရှောက်ရည်နှင့် စိမ်ထားရန်ဖြစ်ပါ သည်။

အရိုးကျီးပေါင်းတက်ရောဂါ

Image
photo:google ဆေးနည်း…………….. စာရေးသူ၏ ဆရာသမားမှာ အရိုးကျီးပေါင်းတက်၍ ခြေမျက်စီနှင့် ခြေချောင်းလေးများတွင် အတက် အဖု ကလေးများ ထွက်ပေါ်ခဲ့ရာ ရေအင်တုံတွင် ခံနိုင်ရည်ရှိလောက်မည့် ရေနွေးကို ခြေမျက်စိမြုပ် အောင် ထည့်ပြီး ဆား အစိတ်သားခန့် ရောမွှေပြီး ညစဉ် ပုံမှန် စိမ်ပေးရာ သက်သာပျောက်ကင်းခဲ့ ပါသည်။

မျက်စိ တိမ်စွဲသူများ

Image
photo:google မျက်စိ တိမ်စွဲသူများ အတွက် မျက်စဉ်း ၁။ နနွင်းစိမ်း……………၈ပဲ ၂။ လေးညှင်း……………၅ပွင့် ၃။ ကွမ်းရွက်…………..၄ပဲ ၄။ မန်ကျည်းရွက် လက်တွင်း တစ်ဆုပ် သတ္တုရည် ၅။ ကျောက်ချဉ် …………..၃ကျပ် ၆။ ဒုတ္ထာ………………၂ပဲ (ရေ တစ်ပိဿာနှင့် စိမ်ပါ)

ကြွပ်တွေပေါက်၍ ယားယံလျှင်

ခန္ဓာကိုယ်သန့်ရှင်းမှု ကင်းမဲ့သည့် အမျိုးသားအချို့၌ မမြင်ကွယ်ရာ နေရာများဝယ် “ကြွပ်”ဆိုသော အရေပြားရောဂါ စွဲကပ်တတ်ပါသည်။ ကြွပ်များကြောင့် လူကြားသူကြားထဲ ကုတ်ရဖဲ့ရသည်မှာ ရှက်ဖွယ်လိလိပင်။ သည်သို့များ မိတ်ဆွေ၌ ကြွပ်တွေ ပေါက်နေပါက မည်ကဲ့သို့ပြုလုပ်ရပါမည်နည်း။ ဘာခက်မှာတဲ့နည်း.... မန်ကျည်းသီးမှည့် တစ်ကျပ်သားခန့်၊ သကြား ဇွန်းကြီးနှစ်ဇွန်း၊ ဆား မန်ကျည်းစေ့ တစ်စေ့ခန့်တို့အား ရေအေးဖြင့် ရောစိမ်ထားပါ။ ထို့နောက် ပျော်ဝင်အောင် မွှေ၍ပေးပါ။ ဆေးသုံးမျိုးစလုံး ပျော်ဝင်သွား ပါက မန်ကျည်းသီးဖတ်များကို ဖယ်ထုတ်လျက် မွန်းလွဲ(၁)နာရီခန့်အကြာတွင် သောက်ပေးပါ။

Computer Service သမားတွေ ဆောင်ထားသင့်တဲ့ Ultimate Boot CD နောက်ဆုံးထွက်...

Image
Ultimate Boot CD ကတော့ bootable လုပ်နိုင်တဲ့ recovery CD (iso) တခုပါ... windows ကွန်ပြူတာတွေကို repairing, restoring နဲ့ diagnosing အပြင် အခြားမည်သည့်ပြဿနာကို မဆို ဖြေရှင်းဖို့ အထဲမှာ software တွေ အစုံအလင် ပါဝင်ပါတယ်... service သမားတွေ သုံးနေကျ software တခုပါ... နောက်ဆုံးထွက်လေးတွေ့လို့ တင်ပေးလိုက်ပါတယ်...

MAGIX Photostory 2014 Deluxe 13.0.1.85 (Update!)

Image
MAGIX Photostory 2014 Deluxe ကတော့ digital cameras, smartphones နဲ့ video cameras တွေထဲက ဓါတ်ပုံ နဲ့ ဗွီဒီယိုတွေကို အလွန်ဆွဲဆောင်မှုရှိတဲ့ slideshows တွေ အဖြစ် ဖန်တီးပေးနိုင်ပါ တယ်... မိမိစိတ်စိတ်ကြိုက် စာသားတွေရေသားနိုင်ပြီး HD, 4K နဲ့ 3D စတဲ့ ထူးခြားတဲ့ effects တွေ လည်း လုပ်ဆောင်နိုင်ပါတယ်... ကောင်းမွန်တဲ့ professional style templates များစွာတဲ့ automatic slideshow maker တခုပါ... 

Heart disease (3) နှလုံးရောဂါ (၃)

Image
နှလုံးရောဂါကနေ ဆက်ဖြစ်နိုင်တာတွေ ၁။ Heart failure နှလုံး အလုပ်မလုပ်နိုင်တော့ခြင်း၊ အဖြစ်များတယ်။ ကိုယ်ခန္ဓာကနေ လိုသလောက် လိုက်မလုပ်နိုင်တော့တဲ့အခြေအနေ ဖြစ်တယ်။ ကောင်းနေတဲ့ နှလုံးကိုက ကြာရင် အားနည်းလာတယ်။ နှလုံးအောက်ခန်းတွေက တင်းမာလာမယ်။ ကျယ်လာမယ်။ ကြွက်သားတွေ ပြော့လာမယ်။ ရောဂါတွေထဲက နှလုံးချို့ယွင်းချက်များ၊ နှလုံး-သွေးကြောရောဂါ၊ျွှလုံးအဆို့ရှင်ရောဂါများ နှလုံးပိုးဝင်ခြင်း နဲ့ နှလုံးကြွက်သားရောဂါတွေကနေ ဖြစ်စေမယ်။

Heart disease (2) နှလုံးရောဂါ (၂)

Image
How the heart works နှလုံး ဘယ်လို အလုပ်လုပ်နေသလဲ • နှလုံးဆိုတာ ကြွက်သားနဲ့ လုပ်ထားတဲ့ (ပန့်ပ်) စုပ်စက်လေးနဲ့ တူတယ်။ • လက်သီးဆုပ်လောက်ရှိတယ်။ ရင်ပတ်အလည်မှာ ဘယ်ဘက်ခြမ်းမှာ ပိုများများရောက်နေတယ်။ • တကိုယ်လုံးကို သွေးဟောင်းကနေ သွေးသစ်ရအောင် အဆုပ်နဲ့တွဲ အလုပ်လုပ်တယ်။ သူ့ကိုယ်သူအတွက်လဲ သွေးသန့်ပေးနိုင်တဲ့ သွေးကြောစနစ်ရှိတယ်။ • အထက် (၂) ခန်း၊ အောက် (၂) ခန်း၊ ပေါင်း (၄) ခန်း ပါတယ်။ အထက်ခန်းတွေဟာ သွေးလက်ခံယူကြပြီး အောက်ခန်းတွေက သွေးတွေကို လိုတဲ့ဆီ သူ့ကြွက်သားတွေကို ညှစ်ပြီးပို့ပေးတယ်။

Heart disease (1) နှလုံးရောဂါ (၁)

Image
Heart disease နှလုံးရောဂါလို့ တခွန်းထဲပြောကြပေမဲ့ နှလုံးမှာ ရောဂါရတာတွေက တလှေကြီးရှိတယ်။ Heart Blood vessels နှလုံးရဲ့ သွေးကြောတွေမှာဖြစ်တာ၊ Heart rhythm နှလုံးခုန်မမှန်တာ (စည်းချက်မကျတာ)၊ Heart infections နှလုံးကိုပိုးဝင်တာ၊ စတာတွေကို ခြုံပြီးခေါ်တာဖြစ်တယ်။ လူကြီးတွေကို သေစေတဲ့အထိဒုက္ခပေးတဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို လူသိပိုများတယ်။ Heart attack နှလုံး (အတက်ခ်) ရခြင်း၊ Chest pain ရင်ပတ်နာခြင်း၊ Stroke (ဆထုပ်ခ်) ဆိုတဲ့ အခေါ်မျိုးတွေနဲ့ ဆိုင်တယ်။ ငယ်ရွယ်သူတွေအတွက် နှလုံး-အဆို့ရှင်ရောဂါနဲ့ မွေးစကလေးတွေက Congenital heart မွေးရာပါနှလုံးရောဂါတွေ ဆိုင်တယ်။

Rhinitis နှာခေါင်းရောဂါ

Image
Rhinitis ဆိုတာ နှာခေါင်းရောဂါတခုပါ။ နှာခေါင်းထဲက အရာတွေရောင်တာ။ နှာရည်ယိုတာကနေစသိရတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မသင့်တာတခုခုကြောင့် ရက်တ်ု ဒါမှမဟုတ် နာတာရှည်ဖြစ်တယ်။ ရောင်တော့ နှာခေါင်းထဲက နှာရည်-နှပ်တွေ ပိုထွက်လာတယ်။ နှာခေါင်းနေရာတခုထဲ မဟုတ်ဘဲ လည်ချောင်း၊ မျက်စိတွေမှာပါ သက်ရောက်စေတယ်။ အအိပ်ပျက်တာ၊ နားဖြစ်တာတွေ ဆက်ဖြစ်လာနိုင်တယ်။

Gingivitis သွားဖုံးရောင်ခြင်း

Image
• ဖြစ်ရင် ရောင်မယ်၊ နီမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ခံတွင်းအနံ့မကောင်းဖြစ်မယ်။ • အပေါ်ကဖုံးနေတာကို Plaque ပလိပ်လို့ ခေါ်တယ်။ ပလိပ်ပြားဖြစ်တာနဲ့ မဖြစ်တာဆိုပြီး အတန်းအစားတွေ ခွဲထားတယ်။ • ပလိပ်ပြားရှိတာက အဖြစ်များတယ်။ ဗက်တီးရီးယားကနေ ဖြစ်စေတယ်။

စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန်လို

Image
ဒေါက်တာအောင်ထွန်းသက် (စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာရှင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး) နိုင်ငံတော် တိုးတက်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန် လိုကြောင်း ဆရာဒေါက်တာအောင်ထွန်းသက်က ပြောဆိုထားရာ ယင်းနှင့်ပတ်သက်ပြီး . . . . လူငယ်တွေက သင်တန်းတွေတက်ပြီးရင် ဝန်ထမ်းပဲလုပ်ကြတယ်။ သူတို့တွေ ပညာသင်နေတာဟာ လစာကောင်းကောင်းရမယ့် အလုပ်လုပ်ဖို့ပဲ ဖြစ်နေတယ်။ အဲဒီအယူအဆကို ပြောင်းလဲရမယ်။

Adobe စုစည်းမှု (၁)

Image
Photo သမားများ... Designer သမားများနှင့် ဗွီဒီယိုတည်းဖြတ်တဲ့ မိတ်ဆွေများအတွက် Adobe series တွေကို စုစည်းပေးလိုက်ပါတယ်... ဒေါင်းလုပ်အဆင်မပြေသူများ... ကြော်ငြာတွေကို Skip လုပ်နေရတာ စိတ်ညစ်နေတဲ့ မိတ်ဆွေများ... ကဲ.. အောက်မှာ Zip file, .exe, txt, dmg, iso (for CD/DVD Burning) ဖိုင်လ် အမျိုးအစားတွေကို လွတ်လပ်စွာ စိတ်ကြိုက် ဒေါင်းယူပေတာ့ဗျို့....

ပညာတော်လှန်ရေး...

Image
နိုင်ငံရေး၊ ငြိမ်းချမ်းရေး စသည့် လူမြင်လွယ်သည့် အရေးများကဲ့သို့ တိုက်တွန်းဆော်သြသူ နည်းကောင်း နည်းမည် ဖြစ်သော်လည်း ယနေ့ ပြုပြင်ပြောင်းလဲရေး အောင်မြင်စေဖို့ ပညာတော်လှန်ရေး အဓိကကျ သည်။ နိုင်ငံကို နိုင်ငံသားများဖြင့်သာ တည်ထောင်ရသည် ဖြစ်သည့်အတွက် နိုင်ငံသားတို့ ပညာအားနည်းလျှင် စိတ်သာရှိပြီး ကိုယ်က လိုက်နိုင်မည် မဟုတ်။ မြန်မာတို့သည် ပညာကို တန်ဖိုးထားသူများဟု နာမည်ကြီးပြီး မြန်မာ့ ပညာရေးသည် တစ်ခေတ်တစ်ခါက ဒေသတွင်းတွင် ထိပ်တန်း ရောက်ခဲ့သော်လည်း ယနေ့အချိန် အခါတွင် ဖြူခါပြာခါ ကျနေသည်။ ထိုပညာရေး မျိုးဖြင့် မည်သည့် ပြုပြင်ပြောင်းလဲရေး လုပ်လုပ် ‘ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီး ဖြိုမယ့်ကြံ၊ ခါးက မသန်’ ဖြစ်နေလိမ့်မည်။ ဥပမာ- နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ရောက်လာပြီး လုပ်ငန်းများ တည်ထောင်ကြသော်လည်း လုပ်နိုင်ကိုင်နိုင်သူ မရှိလျှင် မြန်မာတို့ အလုပ်ရမည်မဟုတ်။ သူတို့က သင်ပေးမည်၊ လက်ဆင့်ကမ်းမည် ဆိုသည့်တိုင် အခံရှိမှ ရမည်၊ ဝမရှိလျှင် ဝိလုပ်နိုင် မည်မဟုတ်။

နည်းပညာနှင့်သက်ဆိုင်သော စာအုပ်များစုစည်းခြင်း(၁)

Image
အမျိုးကောင်းသားဆီကနေ "မ" လာတာပါ... လည်ရင်းပတ်ရင်း လမ်းကြုံလို့...း-) နည်းပညာစာအုပ်လေးတွေ တွေ.လို. ဝေမျှပေးလိုက်ပါတယ် စာအုပ်လေးတွေ က အတော်ဖတ် လို.ကောင်းတယ်။ technology knowledges တွေ တိုးတာပေါ့နော် အောက်မှာ တင်ပေးထားပါတယ် ဖတ်ချင်တဲ့သူများဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျ။ Download ရယူနည်း (ဒေါင်းရန် ဆိုသောလင့်ခ်အား နှိပ်ပါ ထပ်မံပေါ်လာသော ဘောက်စ်မှ Skip Add ကို နှိပ်ပါ။ ထို.နောက် Mediafire လင့်ခ်များဆီရောက်သွားပါလိမ့်မည် စိတ်ကြိုက်ဒေါင်းနိုင်ပါသည် အကုန်လုံးကို Mediafire ကနေတင်ပေးထားပါတယ်)

Esophagus Conditions အစာမြိုပြွန်ရောဂါများ

Image
(၁) ဆရာဝန်က ကျွန်မပြတဲ့အချိန်မှာ အစာလမ်းရော အသက် ရှူလမ်းရော ၂ မျိုးစလုံးဖြစ်နေတယ် ပြောပါတယ်။ အသံက ဆေးခန်းမပြခင် ကစကားပြောရင် အားမရဘူး အသံလည်းမထွက်ဘူး။ ခုတော့ ကောင်းသွားပါပြီ။ ချွဲနဲနဲထွက်နေပြီး အစာစားရင် နည်းနည်းနင်နေတယ်။ အရမ်းတော့မဟုတ်ဘူး။ ဆရာဝန်က လည်မျိုကျဉ်းတာ အစာအိမ်ကြောင့်ဆိုပြီး air-x နဲ့ mosac-5 ပေးပါတယ်။ အရင်ကအတိုင်းဘဲနင်တာ ဘာမှမထူးခြားပါဘူး။ အမဲသားဆို ဝါးပြီးမျိုမချရဲဘူး။ နင်မှာစိုးလို့၊ နည်းနည်းလေးဝါးရင် တော့ရတယ်။ ဓါတ်မှန်ကို ဆေးဖြူရေ တွေမျိုပြီးရိုက်ခိုင်းတာ ရေတွေကတန်းမကျဘဲ လည်ချောင်းအလယ်မှာ အလုံးလိုဖြစ်နေတာ ဓါတ်မှန်ထဲမှာပေါ်တယ်။ ပြည်မှာနေတာဆိုတော့ ရန်ကုန်သွားပြရမလား အကြံပေးပါဆရာ။

ဗာဒံစေ့လှော်က ၀ိတ်ကျစေနိုင်

Image
Health Updates Journal No. 89 လေ့လာမှုတစ်ခုမှာ ဖော်ပြထားချက်အရ ဗာဒံစေ့လှော်ကို တစ်နေ့ (၁.၅)အောင်စ စားသုံးသူများဟာ ဆာလောင်ခြင်း လျော့ကျပြီးနေ့စဉ်လိုအပ်တဲ့ ဗီတာမင်အီးပမာဏကို ရရှိတာကြောင့် ကိုယ်အလေးချိန် ကျဆင်းလာတယ်လို့ သိရပါတယ်။ ဗာဒံစေ့လှော်ဟာ ရေဓာတ်လျော့ပါးအောင် လှော်ထားရပြီး ဆားဓာတ်အနည်းငယ် ပါဝင်အောင် လှော်ရမှာဖြစ်ပါတယ်။ အသင့်စား snack တွေကို စားသုံးခြင်းအလေ့ဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ပျံ့နှံ့နေပြီး ၉၇%သော အမေရိကန် နိုင်ငံသားတွေဟာ တစ်နေ့ကို snack တစ်ထုပ်တော့ အနည်းဆုံး စားသုံးတယ်လို့ သိရပါတယ်။ ဒါဟာ အ၀လွန်ခြင်းကိုဖြစ်စေတဲ့ အမူအကျင့်ဖြစ်ပြီး တဖြည်းဖြည်းနဲ့ စားသုံးတဲ့ အကြိမ်ရေနဲ့ snack ထုတ်တွေရဲ့ ဆိုဒ်ကလည်း ကြီးမားလာနေပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာကို ပြင်ဆင်နိုင်စေဖို့ နည်းလမ်းများ

Image
Health Updates Journal No. 89 မနက်ခင်းစာဟာ တစ်နေ့တာမှာ အရေးအကြီးဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် မှန်ကန်တဲ့ အစားအစာကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းကို Make Mine Milk လှုပ်ရှားမှုအဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး နို့ထွက်ပစ္စည်းများကို အခြေခံထားတဲ့ အစားအစာတွေကို မနက်ခင်းစာအဖြစ် စားသုံးဖို့ အဓိကအကြံပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။

နာတာရှည်နာကျင်မှုကို ဖြစ်စေတဲ့ အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေမယ့် အစားအစာများ

Image
Health Updates Journal No. 89 အဆစ်အမြစ်ရောင်ခြင်းဟာ အပြင်းအထန် နာကျင်ခြင်း၊ အဆစ်အမြစ်များ ဖောင်းကားရောင် ရမ်းနေခြင်းနဲ့ အဆစ်များ တောင့်တင်းနေခြင်းတွေကို ခံစားရတဲ့အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ရောဂါအမျိုးအစားပေါင်း ၁၀၀ကျော်လောက် ရှိနေပေမယ့် အဖြစ်အများဆုံးကတော့ osteoarthritis,OA လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာကိုပဲ OA ဖြစ်ပွားသူ ၂သန်းခွဲလောက် ရှိနေတယ်လို့ ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားပါတယ်။ ဒီရောဂါကို လုံးဝပျောက်ကင်း အောင် မကုသနိုင်သေးပေမယ့် ကုသမှုပုံမှန်ခံယူခြင်း၊ အစားအသောက်နဲ့ နေထိုင်မှုပုံစံ မှန်ကန်ခြင်း တွေက သက်သာစေနိုင်ပါတယ်။ အဲဒီထဲကမှ စားသုံးသင့်တဲ့ အစားအစာတွေကို တင်ပြပေးလိုပါတယ်။

လေယာဉ်ဆူညံသံများက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်ပွားစေနိုင်

Image
Health Updates Journal No. 89 ဆူညံမှုကြိမ်နှုန်းမြင့်မားတဲ့ လေယာဉ်စက်သံတွေနဲ့ ထိတွေ့မှုများသူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း တွေကို ဖြစ်ပွားစေမှုနှုန်း မြင့်တက်စေတယ်လို့ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ သီးခြားစီပြုလုပ်ခဲ့ တဲ့ လေ့လာမှုများမှာ ဖော်ပြထားပါတယ်။ ဒါဟာ လေဆိပ်နားတွေမှာ နေထိုင်နေသူ တွေအတွက် တပ်လှန့်နှိုးဆော်ချက်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။ လန်ဒန်မြို့တော်အနီးက ဟီးသရိုး လေဆိပ်ကြီးနားမှာ နေထိုင်ရသူတွေကို စစ်တမ်းကောက်ယူခဲ့ပြီး အလားတူပဲ အမေရိကန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၈၉ ခု နားမှာ နေထိုင်သူများကို လည်းရွေးချယ် စစ်တမ်းကောက်ယူခဲ့ပါတယ်။ မေရီဘုရင်မတက္ကသိုလ်မှ သုတေသီ ပါမောက္ခ Dr.Stephen Stansfeld က “လေယာဉ်အင်ဂျင်သံများဟာ စိတ်ကသိကအောက် ဖြစ်ခြင်းကိုပဲ ဖြစ်နိုင်တာမဟုတ်ပါဘူး။ အိပ်ရေးပျက်ခြင်းနဲ့ ဘ၀အရည်အသွေး ထိခိုက်ခြင်းတွေကိုပါကြုံတွေ့ရနိုင်ပါ တယ်”လို့ ပြောကြားထားပါတယ်။

ယောဂကျင့်ပေးခြင်းက သွေးဆုံးကိုင်ချိန်မှာ အိပ်မပျော်ခြင်းကို သက်သာစေနိုင်

Image
Health Updates Journal No. 89 သွေးဆုံးကိုင်ချိန်မှာ ယောဂကျင့်ပေးခြင်းဟာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ၁၂ ပတ်ကြာ လေ့ ကျင့်ပေးရမယ့် ယောဂကြောင့် သွေးဆုံးပြီးအမျိုးသမီးတွေဟာ ညဘက် ချွေးထွက်လွန်ခြင်း၊ ကိုယ်ခန္ဓာ ပူစပ် ပူလောင်ဖြစ်ခြင်းတွေ လျော့ပါးလာတယ်လို့လည်း သုတေသီတွေက ပြောကြားထားပါတယ်။

ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်ကို ဗိုင်းရပ်စ်က မဖြစ်ပွားစေနိုင်ပါ

Image
Health Updates Journal No. 89 လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားမှုအရ ဗိုင်းရပ်စ်များက ရင်သားကင်ဆာနှင့် ဦးနှောက် အကျိတ်လို မျိုးဖြစ်သော glioblastoma ကိုဖြစ်စေနိုင်သည် ဆိုသော အချက်ကို ချေဖျက်နိုင်ခဲ့သည်။ အဆိုပါကင်ဆာများကို ဖြစ်စေသည်ဆိုသော ဗိုင်းရပ်စ်များ၏ DNA အတွင်းမှ sequence (၇) သန်း ကျော်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ သုတေ သနပြုချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံနည်း ကျအတည်ပြုချက်များအရ ကင်ဆာအမျိုးအစား အားလုံး၏ ၁၅%မှာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။

ထွေရာလေးပါး...၉၂

Image
 

ဂျပန်တက္ကသိုလ်ကြီးများ ပညာသင်ဆု မြန်မာအင်ဂျင်နီယာများ လျှောက်နိုင်ပြီ

Image
ဂျပန်တက္ကသိုလ်ကြီးလေးခုမှ မြန်မာနိုင်ငံရှိ ဘွဲ့ရအင်ဂျင်နီယာများအတွက် ပထမဆုံးအကြိမ်ပညာ တော်သင်ဆု ပေးအပ်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တစ်ဆင့်ခေါ်ယူနေပြီဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ CEO ဦးမြင့်စိုးက "ဒါက ဂျပန်နိုင်ငံအစိုးရက ပထမဆုံးခေါ်တဲ့ ပညာတော်သင်ဆု အစီအစဉ်ပါ။ သူတို့ဆီက နည်းပညာအကူအညီပေးမယ်။ ဒီနည်းပညာအကူအညီ ပေးမယ်။ ဒီနည်းပညာနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပြန်လည်အသုံးချနိုင်အောင် ပေးတဲ့ ပညာသင်ဆုပါ" ဟု ရန်ကုန်တိုင်းမ်သို့ပြောသည်။

အင်ဒိုနီးရှားမှာ ကလေးတွေ စာလေ့လာဖို့ ညမထွက်ရ အမိန့်ထုတ်

Image
ညစဉ် ၇း၀၀ နာရီထိုးတိုင်းမှာ ဒါဒန်းဟာ ဂျာကာတာမြို့လယ်မှာရှိတဲ့ ကမ်ပွန်းဘိုနန်ရွာရဲ့ လမ်းကျဉ်း လေးတွေထဲ တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်သွားပြီး အသံချဲ့စက်ကနေ ဥသြဆွဲသံပေးပါတယ်။ မြို့ခံတွေကတော့ မထိတ်လန့်ကြပါဘူး။ ကလေးတွေဟာ အဲဒီအချိန်မှာ ကျောပိုးအိတ်တွေကိုဆွဲပြီး အိမ်ကထွက်လာကာ ရွာအစည်းအဝေးခန်းမဆီ သွားကြပါတယ်။ ကျောင်းစာအုပ်တွေ၊ ခဲတံတွေထည့် လာတဲ့ ရည်ရွယ်ချက်ကတစ်ခုတည်းပါပဲ။ စာကျက်ဖို့ပါ။

Stomach Tattoo Ideas....

Image

Illuminati

Image
ကမ္ဘာကြီးက အဖြစ်အပျက် တွေကို ထိန်းချုပ် နေတဲ့ လျှို့ဝှက် အဖွဲ့အစည်းတွေ တကယ် ရှိနေသလား။ အဲဒီ အဖွဲ့အစည်း တွေထဲက "Illuminati" ဆိုတဲ့ အဖွဲ့အစည်း အကြောင်း တင်ပြ သွားမှာပါ။ ကမ္ဘာပေါ်မှာ လျှို့ဝှက် ဆန်းကြယ်ပြီး အံ့သြစရာ ကောင်း လောက်တဲ့ အရာတွေ ရှိပါတယ်။ အဲဒီ အထဲက ကမ္ဘာကြီးက အဖြစ်အပျက် တွေကို ထိန်းချုပ် နေတဲ့ လျှို့ဝှက် အဖွဲ့အစည်းတွေ တကယ် ရှိနေတယ် ဆိုရင် စာဖတ်သူတို့ အံ့သြ ကြမှာပါ။ အဲဒီ အဖွဲ့အစည်း တွေထဲက "Illuminati" ဆိုတဲ့ အဖွဲ့အစည်း အကြောင်း တင်ပြ သွားမှာပါ။ "Illuminati" ဆိုတဲ့ အဖွဲ့အစည်း ဘယ်လို ဖြစ်လာ သလဲ ဆိုတာတော့ ယူဆ ချက် အမျိုးမျိုး ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက် ကတည်းက ရှိခဲ့တယ် လို့လည်း ဆိုကြ ပေမယ့် ယုတ္တိတော့ မရှိပါဘူး။ အခုမတော့ ယုတ္တိရှိတဲ့ ယူဆချက် တစ်မျိုးကို တင်ပြ ပါရစေ။