Posts

Showing posts from 2014

ဘယ် Mode နဲ့ ရိုက်ရမလဲ....?

Image
စလိုက်ရအောင်ဗျာ... ကျွန်တော်တို့ ဒီနေ့တော့ ဓာတ်ပုံရိုက်နည်းအသစ်တွေ အကြောင်း မဆွေးနွေးခင်...။ သွေးပူလေးလုပ်တဲ့ အနေနဲ့ ဘယ် Mode နဲ့ ရိုက်ရမလဲဆိုတဲ့အကြောင်းကို အရင်ဆုံးစပြီး ဆွေးနွေးလိုက်ရအောင်...။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းနဲ့ပါတ်သတ်ပြီး ကျွန်တော့်ဆီကို မေးခွန်းတွေ ခဏခဏဝင်လို့ပါ...။ ဘယ် Mode နဲ့ ရိုက်တာ အကောင်းဆုံးဖြစ်မလဲ...? Manual လား...? Aperture လား... ? Shutter လား...? ဆိုပြီးတော့ပါ...။ အမှတ်တမဲ့ ကြည့်ရင် ဘာမဟုတ်တဲ့ Topic လို့ထင်စရာရှိပေမယ့် ...။ ဒီ Topic နဲ့ ပါတ်သတ်ပြီး အခုချိန်အထိ ငြင်းကြခုန်ကြ ဝိဝါဓ ကွဲပြားနေကြတုန်း ရှိပါတယ်...။ အထူးသဖြင့် " Manual Mode နဲ့ ရိုက်မှ ဆရာကြတာကွ... Pro ဖြစ်တာကွ " ဆိုတဲ့အစွဲအလမ်းနဲ့ အတိမ်အနက်ကို ကျွန်တော်ဆွေးနွေး ချင်လို့ပဲ ဖြစ်ပါတယ်...။ Manual Mode နဲ့ ရိုက်လိုက်တိုင်း ပုံတွေက သူမတူအောင် ကောင်းသွားပါသလား...? Manual နဲ့ ရိုက်လိုက်တာနဲ့ Professional ကြီး လုံးလုံး ဖြစ်သွားပါသလား...? တစ်ခြား လူများအတွက်တော့ မသိပါ...။ ကျွန်တော့်အတွက်ကတော့ အခုချိန်ထိ AV/A (Aperture Priority) နဲ့ TV/S (Shutter Priority) တို့က မဖြစ်မနေ အရေးကြီးနေတုန်းပဲဖြစ်ပ

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-နှစ်

Image
  မနေ့က လေ့ကျင့်ခန်း အပိုင်း(၁) ပိုစ့်မှာ video MP4 ရဲ့ အသံနဲ့ရုပ်တွေကို ခွဲထုတ်နည်း၊ video တွေရဲ့ လိုချင်တဲ့အပိုင်းလေးကိုပဲ ဖြတ်ယူနည်း၊ Effects တွေနဲ့စာသားတွေ ထည့်သုံးတဲ့အခါ Preview နဲ့ ကြည့်နည်း၊ Effects တွေကို video နှစ်ခုကြားမှာ ဆွဲထည့်နည်းတွေကို ဖေါ်ပြ ရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်..။ ဒီနေ့ လေ့ကျင့်ခန်း အပိုင်း(၂) မှာတော့ Screen အမြင်သေးနေတဲ့ video တွေကို ကြီးအောင် ချဲ့ထုတ်နည်း၊ ပိုသေးအောင် ချုံနည်း၊ အသံဖိုင် MP3 or wav ဖိုင်ကို မလိုချင်တဲ့နေရာ ရှေ့နဲ့နောက်ပိုင်းတွေ ဖြတ်ထုတ်နည်း၊ အသံနဲ့ ရုပ်ဖိုင်တွေရဲ့ ရှေ့နဲ့နောက်ပိုင်း အဝင်၊အထွက် Fade in / Fade out တွေကို အသုံးပြုပြီး ဖြေးဖြေးခြင်း မှိတ်ရာမှ လင်းလာအောင်၊ အသံတိုးရာမှ ဖြေးဖြေးခြင်း ကျယ်လာအောင် ပြုလုပ်နည်း၊ အသံကျယ်ရာမှ ဖြေးဖြေးခြင်း တိုးပြီး ပျောက်သွားအောင်လုပ်နည်း၊ video ရုပ်ဖိုင်ကို လင်းနေရာမှ အသံနှင့်အတူ ဖြေးဖြေးခြင်း မှေးမှိန်ပျောက်ကွယ်သွားအောင်လုပ်နည်း၊ Save Project ရဲ့ အသုံးဝင်ပုံနှင့် သိမ်းနည်း စတဲ့ အသုံးပြုနည်းတွေကို အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ရှင်းပြပေးထားပါတယ်..။ မနေ့က ပိုစ့်မှာ 300 MB စီနဲ့ အပို

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-တစ်

Image
    Video Edit လုပ်နည်း လေ့ကျင့်ခန်းလေးတွေကို တောင်းထားတဲ့ လူလည်းများ သလို ကျနော်လည်း တင်ပေးချင်နေတာ ကြာပါပြီ..။ လွယ်ကူပြီး အခြေခံ လုပ်နည်းလေးတွေလည်း ဖြစ်မယ့် အပိုင်းလေးတွေကို စဉ်းစားရင်း ပုံတွေ ထုတ်လိုက်တာ အတော်လေး များသွားပါတယ်..။ ဒါကြောင့် အပိုင်း ၁-၂-၃ စသဖြင့် အပိုင်းလေးတွေနဲ့ ပိုစ့်တွေခွဲပြီး တင်ပေးပါ့မယ်..။ ဒီနေ့ပိုစ့်မှာတော့ MP4 video ဖိုင်လေးတွေနဲ့ လုပ်ပြပေးထားပြီး တခြား video ဖိုင်တွေကိုလည်း ဒီနည်းတွေနဲ့ပဲ လုပ်ယူတာဖြစ်ပါတယ်..။ အဓိက ကတော့ ပုံထွက်ကောင်းဖို့၊ video ဆေးသား ဆေးရောင်လှဖို့နဲ့ အသံကြည်လင်ဖို့ ဆိုရင် မိမိတို့ ဖြတ်ဆက်ထည့်မယ့် Video ဖိုင်က ဖိုင်ဆိုဒ်ကြီးကြီးနဲ့ ဒေါင်းယူတတ်ဖို့ လိုပါတယ်..။ ဥပမာ ဒီပိုစ့်မှာ လုပ်ပြထားတဲ့ video ဖိုင်တွေဆိုရင် MP4 width နဲ့ height မှာ 1280x720 ဆိုဒ်တွေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်..။ အသေးဆုံး ဆိုရင်တော့ MP4 960x720 လောက်ထိပဲ ဆိုဒ်သေးတာ ကောင်းပါတယ်..။ သူ့ထက် ဆိုဒ်သေးလွန်းရင် ရုပ်ပုံတွေ အထွက်မှာ ဝါးသွားတတ်ပါတယ်..။ ဆိုဒ်ကြီးရင်တော့ ဘယ်လောက်ကြီးကြီး ဆိုဒ်ကြီးလေး video edit လုပ်တဲ့အခါ ရုပ်ထွက်နဲ့ ဆေးရောင်တွေ လှလေပါပဲ..။ မိမိတို့ကိုယ်ပိုင် ကင်မ