Posts

Showing posts from April, 2014

ဆီးချိုရောဂါ ကာကွယ်နည်းများ

Image
ဆီးချိုသွေးချိုရောဂါမှာ (၁)ဆီးချိုသွေးချိုရောဂါအမျိုးအစား (၂)ဆီးချိုသွေးချိုရောဂါ ဆိုပြီးရှိပါတယ်။ ဆီးချိုရောဂါသည် ၁၀၀မှာ ၉၉%က အမျိုးအစား(၂) ဆီးချိုရောဂါသည်တွေ ဖြစ်ကြပါတယ်။ အခုဖြေကြား မယ့် အကြောင်းတွေက အမျိုးအစား(၂) ဆီးချိုရောဂါအကြောင်း ဖြစ်ပါတယ်။ ဆီးချိုရောဂါဟာကာကွယ်လို့ရပါတယ်။ ဆီးချိုရောဂါဟာ မျိုးရိုးဗီဇရယ်၊ ပတ်ဝန်းကျင်ရယ်ပေါင်းပြီးမှ ဖြစ်လာ တာပါ။ မျိုးရိုးဗီဇမှာ ဆီးချိုရောဂါပါလာပေမယ့် ပတ်ဝန်းကျင်ကောင်းရင်မဖြစ်ပါဘူး။ ပတ်ဝန်းကျင်ဆိုတာ ကတော့နေထိုင်မှုနဲ့စားသောက်မှုတွေပဲဖြစ်ပါတယ်။ မှန်ကန်တဲ့လူနေမှု စားသောက်ပုံတွေနဲ့ ဆီးချိုရောဂါကိုကာကွယ်လို့ရပါတယ်။ ချိုလွန်းတဲ့ အဆီများလွန်းတဲ့၊ ငန်လွန်းတဲ့ အစားအသောက်တွေကို မစားရပါဘူး။ နောက်တစ်ချက်က ဟင်းသီးဟင်းရွက်တွေကို များများစားရပါမယ်။ ရေများများသောက်ရပါမယ်။ ကိုယ်အလေးချိန်တက်မလာအောင် ထိန်းသိမ်း ရပါမယ် ။ ဆေးလိပ်နဲ့အရက်သောက်တာကိုရှောင်ရပါမယ်။ စိတ်ဖိစီးမှု(Stress)တွေများရင်လည်း ဆီးချိုရောဂါဖြစ် နိုင်ပါတယ်။ ဒါ့ကြောင့်စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။ လေ့ကျင့်ခန်းအနေနဲ့တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်သင့်ပါတယ်။ တစ်ပတ်မှာ ငါးရက်လောက် လမ်းလျှောက်

ပိန္နဲသီး၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ရပ်

Image
(၁) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ် ============================= ပိန္နဲသီးမှာ အစွမ်းထက် အာဟာရဖြစ်တဲ့ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ဝင်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာ ကို ထောက်ပံ့ပေးတာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပါတယ်။ ပိန္နဲသီးတစ်ခွက်ကို စားတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။ (၂) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ် =========================== ပိန္နဲသီးမှာ ဗီတာမင်စီအပြင် လစ်ဂနင်၊ အိုက်ဆိုဖလေဗုန်းနဲ့ ဆာပိုနင်တို့လို ဖိုင်တိုအာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပြီး အိုမင်းမှုကို တားပေးနိုင်ပါတယ်။ ဖိုင်တိုအာဟာရ ဓာတ်တွေက ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ဆဲလ်ပျက်စီးမှု ကို နှေးကွေးစေပါတယ်။ (၃) အစာကြေညက်စေပါတယ် =================== ပိန္နဲသီးမှာ အနာမဖြစ်အောင် ကာကွယ်ပေးတဲ့ အာနိသင်တွေ ပါဝင်တာကြောင့် အစာအိမ်အနာနဲ့ အစာချေဖျက်မှုဆိုင်ရာ ဝေဒနာတို့ မဖြစ်ပေါ်အောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ ပိန္နဲသီးမှာ

မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်း

Image
မာလကာသီး Lotion ကို လိမ်းလိုက်သောအခါ၊ အသီးထဲတွင်ပါရှိသော ဗီတာမင် အေ နှင့်စီများက အသားထဲသို့  စိမ့်ဝင်သွား ပြီး၊ အစိုဓာတ်ထိန်းပေးကာ၊ အရေးအကြောင်းများ မ ရှိတော့ဘဲ၊ မျက်နှာ အသားအရေကို ချောမွေ့ ဝင်းမွတ် လာစေပါသည်။ အဆီများပြီး ၀က်ခြံပေါက်သော အသားအရည်ပိုင်ရှင် များလဲ ယုံကြည်စိတ်ချစွာလမ်းနိုင်ပါသည်။ အလှကုန် ဈေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်သော အလှပြင်ပစ္စည်းများသည် ဈေးနှုန်းမြင့်မားကြပါ သည်။ သို့ သော် စိတ်မပူပါနှင့်။ ကုန်ကျစရိတ် နဲနဲ နှင့် အာနိသင် ရှိသော မာလကာသီး Lotion ကို မိမိအိမ်တွင် အောက်ပါအတိုင်း လွယ်လင့် တကူပြု လုပ်နိုင်ပါသည်။ အဆင့်(၁)။ ရှေးဦးစွာ မာလကာသီး ၂-လုံး ကိုအခွံနွှာ၍ကြိတ်စက်ထဲထဲ့ပြီး၊ အစေ့များကျေ သွားသည်အထိ ၂-မိနစ် လောက် ကြိတ်ထားပါ။ အဆင့်(၂)။ အပူခံခွက်တစ်ခုထဲသို့  ပျားရည် ၄-ဇွန်းထဲ့၍ microwave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည် ပျော်သွား သည်အထိ ၁၀-စက္ကန့် လောက် အပူပေးပါ။ အဆင့်(၃)။ ထို့ နောက် ပျားရည်ထဲသို့ သံလွင်ဆီ ၄-ဇွန်းထဲ့၍ ရောသမ မွှေပေးပါ။ အဆင့်(၄)။ ထိုအရောအနှောများထဲသို့ ကြိတ်ထား သော မာလကာသီး အနှစ်ရည်များ အားလုံးလောင်းထဲ့ပြီး၊ တ ပြည်းညီဖြစ်သွားအောင် မပြ

အရေပြားကင်ဆာအတွက် မစားသင့်သော အစားအစာ (၇)မျိုး

Image
သင့်အရေပြားကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ အစားအစာ တွေရှိသလိုပဲ၊ အရေပြားကင်ဆာ အတွက် အန္တရာယ်ရှိတဲ့ အစားအစာတွေ လည်းရှိပါတယ်။ ကင်ထား၊ ဖုတ်ထားသော အစာများ ကင်ထားဖုတ်ထားတဲ့ အစားအစာ တွေထဲမှာပါဝင်တဲ့ ဖရီးရယ်ဒီကယ်တွေက ကျန်းမာတဲ့ အရေပြားဖြစ်ပေါ် မှုကို တားဆီးတတ်တာကြောင့်ပါ။ ကြက်သား၊ ဝက်သားနဲ့ အမဲသားတွေကို သေချာ ချက်ပြုတ်ပြီး စားပေးဖို့ အမေရိကန် ကင်ဆာရောဂါဌာနက အကြံပြုထားပါ တယ်။ ဆဲလ်မွန်ငါးက သင့်ကျန်းမာရေး ကိုအထောက် အကူပြုတဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်တွေ ပါဝင်တယ်ဆိုပေ မယ့် ကင်စားမယ်ဆိုရင်တော့ သင့်ကို ပိုပြီး အန္တရာယ်ဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ငါးကိုလည်း ချက်ပြုတ် စား သောက်ပါ။ ပေါင်မုန့်ဖြူ ဖြူဖွေးအောင်လုပ်ထားတဲ့ ပေါင်မုန့် ဟာ အမျှင်ဓာတ်ပါဝင်မှုနည်းသွားပါ တယ်။ အမျှင်ဓာတ်ဟာ ခန္ဓာကိုယ် အတွက် အမှန်တကယ်လိုအပ်ပြီး ကင်ဆာ ဖြစ်ပေါ်မှုကို အားပေးတတ်တဲ့ အဆိပ် အတောက်တွေကိုလည်း ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ အညိုရောင်ပေါင်မုန့်ကိုသာ ရွေးပါ။ အချိုများသော အသင့်လုပ်မုန့်များ သကြား များစွာပါဝင်တဲ့ မုန့်တွေ ကြောင့် အမျိုးအစား (၂) ဆီးချိုသွေးချို နဲ့ အဝလွန်တာမျိုးတွေဖြစ်တတ်ပါ တယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက

ကြံရည်၏ ကျန်းမာရေးအာနိသင်များ

Image
ကြံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန် ညီညွတ် ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝ အရည်ဖြစ်ပြီး သကြား ထည့်ထားတဲ့ အရည်တွေ အစား သောက်သုံး နိုင်ပါတယ်။ ကျန်းမာကြံ့ခိုင်စေပါတယ် ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုး သကြားဓာတ် မပါဝင်တဲ့ အတွက် ဆီးချို ရောဂါရှိသူတွေ သောက်သုံး နိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေ အနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံး သင့်ပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ် ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ် နိုင်တယ်လို့ တချို့က ဆိုပါတယ်။ ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ် ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိ ရှိတာကြောင့် ကင်ဆာ၊ အထူးသဖြင့် ဆီးကျိတ်နဲ့ ရင်သား ကင်ဆာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ စွမ်းအင်ရရှိစေပါတယ် ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိ စေတာကြောင့် စွမ်းအင် လိုအပ

မှိုစားခြင်းက ရင်သားကင်ဆာ မဖြစ်နိုင်

Image
မှိုကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် သတင်းကောင်းလေး တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးတွေ အတွက် ဖြစ်ပါတယ်။ မှို များများ စားသုံးသူတွေဟာ ရင်သားကင်ဆာကို မဖြစ်အောင် ကာကွယ်ပေးနိုင် တယ်လို့ သုတေသီတွေ ဆိုပါတယ်။ မှိုဟာ ကင်ဆာ ဟိုမုန်းများသကို တိုက်ဖျက်ပေး နိုင်တယ်လို့ သရပါတယ်။ ဒါကြောင့် ရင်သား ကင်ဆာ ဖြစ်စေနိုင် သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချ ပေးလိုက်ကြောင်း သိရပါတယ်။ ရင်သား ကင်ဆာဟာ အမျိုး သမီးတွေ အတွက် အလွန်ကြောက်စရာ ကောင်းသော ရောဂါတစ်မျိုး ဖြစ်လို့ မှိုစားသုံးခြင်းဖြစ် ကာကွယ်နိုင် ပါတယ်။ သို့သော် မှိုစားခြင်းက ဆိုးကျိုးတွေ လည်း ရှိပါတယ်။ ဥပမာ - အကြောတက်ဖြင်း သွေးတိုးခြင်း စတာတွေ ဖြစ်ပါတယ်။ ကျော်လင်းနိုင် ကျန်းမာရေးနှင့် အလှအပ သတင်းများ

ကြိုးခုန်ခြင်းမှ ရရှိသော အကျိုးကျေးဇူးများ

Image
ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အတွက် အထူးပင် ကောင်းကျိုး များစွာကို ရရှိစေနိုင် တယ်လို့ ဆိုပါတယ်။ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရုံ သာမက ကြွက်သားများ ကိုလည်း သန်မာစေနိုင် ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်း လေ့ကျင့်ခန်းကို အားလပ်ချိန်လေးတွေမှာ လုပ်ပေး သင့်ပါတယ်။ ကြိုးခုန်ခြင်း လေ့ကျင့်ခန်းမှ ရရှိနိုင်သော အကျိုးကျေးဇူးတွေ ကတော့ (၁) ဝသောသူများ တစ်နေ့ကို မီးနစ် ၃၀ ခန့်လောက် ကြိုးခုန်ပေးပါက ဝိတ်ကျစေနိုင်ပါတယ်။ (၂) ကြိုးခုန်ခြင်းကို ကစားခြင်းကြောင့် နှလုံးခုန်နှုန်း မြန်စေပါတယ်။ ထို့ကြောင့် နှလုံးကြွက်သားများ သန်မာစေတဲ့ အပြင် အသက်ရှုလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန် စေပါတယ်။ နှလုံးရောဂါ ရှိသူများ အထူးပင် လုပ်သင့်သော အားကစား တစ်ခုဖြစ်ပါတယ်။ (၃) ကြိုးခုန်ခြင်း ကစားနည်းကြောင့် ခန္ဓာကိုယ် အလေးချိန် ကျဆင်းစေသည့် အပြင် အရိုးများကိုလည်း သန်မာစေနိုင်ပါတယ်။ အလွန်ပင် အလုပ်များ တယ်ဆိုရင် တစ်နေ့ကို ၂ မီးနစ်ကနေ ၅ မီးနစ် လောက်ပဲ ကစားလိုက်ရုံဖြင့် အရိုးနှင့် ပက်သက်သော ရောဂါများကို ကာကွယ်ပေးနိုင် ပါတယ်။ (၄) ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ဦးနှောက်အာရုံ စူးစိုက်မှု အားကောင်းစေနိုင်တယ်လိ

စောစောအိပ်ယာ ထခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်

Image
နံနက်စောစော အိပ်ယာထခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါ တယ်။ နောက်ကျမှ အိပ်ယာထသူတွေထက် စောစော အိပ်ယာထသူတွေက ဦးနှောက်ဥာဏ်ရည်မှာလည်း ပိုမိုကောင်းပါတယ်။ ယနေ့ လူအများစုဟာ ညဥ့်နက်အောင် အလုပ်လုပ်ပြီး နောက်ကျမှ အိပ်တတ်ကြပါ တယ်။ တကယ်တော့ အဲဒီလို နေထိုင်ခြင်းဟာ ကျန်းမာရေးအတွက် အလွန်ထိခိုက်ပါတယ်။ နံနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်း နံနက်စောစော ထပြီး လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်မှုကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဆီးချို သွေးချို ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ တစ်နေကုန် အညောင်းထိုင်သူတွေ အတွက် နံနက်စောစော လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ပျော်ရွှင်မှု ရရှိနိုင် လေ့လာမှုတွေအရ နံနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်သူတွေဟာ ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ ဘာလို့ ဆိုတော့ လေကောင်းလေသန့်များကို ရှုရှိက်ရခြင်းကြောင့် စိတ်ကို လန်းဆန်းစေနိုင်လို့ပါ။ ဒါကြောင့် အလုပ်ပင်ပန်းလို့ စိတ်ညည်းငွေ့ သူတွေအနေနဲ့ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ဥာဏ်ရည်ကို ဖွံဖြိုးနိုင် ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နံနက်စောစော ထသူတွေဟာ နေမြင့်မှ ထသူတွေထက် လေ့လာမှု အားကောင်းစေတယ်လို့ သုတေသီတွေက ဆိုပါ

ဖားဥကဲ့သို့ အစက်အပြောက်များနှင့် ငှက်ပျော်သီးကို စားသင့်သည့် အကြောင်းများ

Image
ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အသစ်များအရ ဖားဥကဲ့သို့ အစက်အပြောက်များနှင့် ငှက်ပျော်သီးဟာ သာမန်အသးတွေကို ပိုမိုပြီး ဆေးဘက်ဝင်ကြောင်း သိရပါတယ်။ ၎င်းအသီးတွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်နိုင်သည့် ဆဲလ်များကို ပိုမိုပြီး တိုက်ခိုက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများများစွာ ပါရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ထိုအသီးများကို တစ်နေ့ ၁ လုံးမှ ၂ လုံး စားသူတွေဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။ ကျော်လင်းနိုင် ကျန်းမာရေးနှင့် အလှအပ သတင်းများ

ရှောက်သီး၏ အစွမ်းသတ္တိများ

Image
ရှောက်သီးဟာလည်း ဆေးဘက်ဝင်သော အသီးအနှံ့တွေထဲက တစ်ခုအပါအဝင်ဖြစ် ပါတယ်။ ပျားရည် ဇဝက်သာနှင့် ရှောက်ရည် သုံးမျိုးရော စပ်ကာ သောက်ပါက ချောင်းဆိုးခြင်း နှင့် ရင်ကျပ်ခြင်းကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သလိပ်ကပ်ခြင်း ပန်းနာ ရောဂါတွေ အတွက်လည်း မှီဝဲနိုင် ပါတယ်။ မီးယပ် သွေးဆင်း၍ မူးဝေခြင်း အတွက်လည်း ရှောက်သီးက ကောင်းမွန်ပါတယ်။ ရှောက်သီးကို ထန်းလျက်နှင့်သာ စားလိုက်ပါ။ ကျော်လင်းနိုင် ကျန်းမာရေးနှင့် အလှအပ သတင်းများ

ရှားစောင်းလက်ပက်ကို မျက်စိအတွက် သုံးမယ်

Image
တကယ်ကောင်းလို့ လမ်းညွန်ပေးလိုက်ပါတယ်။ အဲဒါကတော့ ရှားစောင်းလက်ပက်ကို မျက်စိအတွက် သုံးစွဲခြင်းပင် ဖြစ်ပါတယ်။ မျက်စိနာ မျက်စိကိုက်တဲ့အခါမှာ ရှားစောင်းလက်ပက်၏ အတွင်းသားဖြင့် မျက်စိကို အုံပေးပါက သက်သာပျောက်ကင်း စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်စိပူခြင်း မျက်လုံးကြည့် မကောင်းခြင်းတွေ အတွက်လည်း ကောင်းမွန်ပါတယ်။ ကျော်လင်းနိုင် ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆီချိုရှိသူများ ကြော်စားသင့်တဲ့ ကင်းပုံရွက်

Image
ကင်းပုံရွက်ဟာ ဆေးဘက်ဝင် အသီးအနှံ့ တစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါ အတွက် ကောင်း မွန်တယ်လို့ သိရပါတယ်။ အရွက်စိမ်းကို ကြော်စားခြင်း အားဖြင့် ဆီချိုရောဂါကို သက်သာပျောက်ကင်း စေမှာ ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ ကင်းပုံရွက်ကို အရည်ညစ်လိုက်ပါ။ ထိုအရည်ကို ရေယုန်နာပေါ်သို့ ခဏခဏ တို့ပေးခြင်း အားဖြင့် ရေယုန်နာကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အလှအပ သတင်းများ ကျော်လင်းနိုင်

သနပ်ခါးရွက်က ငှက်ဖျားရောဂါကို ကုသနိုင်ပါတယ်

Image
သနပ်ခါးရွကိုတော့ လူတိုင်းသိတဲ့ အတွက် စာရေးသူ အထူးတလည် ရှင်းပြရန် လိုတော့မည် မဟုတ်ပေ။ ဒါကြောင့် အသုံးပြုပုံလေးကိုပဲ ပြောပြလိုက်ပါတယ်။ သနပ်ခါးရွက်ဟာ ငှက်ဖျားရောဂါ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ပါ။ အရွက်ကို ပြုတ်လိုက်ပါ။ ရရှိတဲ့ အရည်များကို ဆားများများ ထည့်ကာ သောက်ခြင်းဖြင့် ငှက်ဖျားရောဂါကို ပျောက်ကင်း စေမှာ ဖြစ် ပါတယ်။ ကျော်လင်းနိုင် ကျန်းမာရေးနှင့် အလှအပ သတင်းများ

လူငယ်သုံးဦးကို ကားဖြင့် ၀င်တိုက်ကာ ထွက်ပြေး၊ တစ်ဦးသေဆုံး

Image
Cartoon:google စားပွဲထိုး ကလေးငယ်တစ်ဦးပါ စားသောက်ဆိုင်ဝန်ထမ်း သုံးဦးကို လမ်းလျှောက်နေစဉ်အတွင်း မော်တော် ကားတစ်စီးက ၀င်တိုက်မိ၍ မောင်းနှင်ထွက်ပြေးသွားပြီး တစ်ဦး သေဆုံးခဲ့မှုတစ်ခု ဧပြီ ၂၈ ရက် ည ၁၁ နာရီခွဲက ဗဟန်းမြို့တွင် ဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုမှာ ဆရာစံလမ်းအတိုင်း ပုလဲကွန်ဒိုဘက်မှ ပြည်ထဲရေးမီးပွိုင့်ဘက်သို့ မောင်းနှင်လာ သည့် တောင်းအေ့ယာဉ် တစ်စီးက ယာဘက်လမ်းစပ်တွင် လမ်းလျှောက်သွားနေသည့် ရွှေထိုင်း စားသောက်ဆိုင်မှ ၀န်ထမ်းသုံးဦးကို ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မော်တော်ယာဉ်မှာ ရပ်တန့် ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားပြီး ယာဉ်တိုက်ခံရသည့် စားပွဲထိုး အောင်ကိုထက် (၁၄)နှစ်မှာ နဖူး ဖူးရောင် ပေါက်ပြဲ၊ နှာတံပေါက်ပြဲ၊ အပေါ်နှုတ်ခမ်းပေါက် ဒဏ်ရာရ ရှိပြီး စားဖိုမှူးဖြစ်သူ ကိုနေလင်းထွန်း (၁၇)နှစ်မှာလည်း နဖူး ဖူးရောင်ဒဏ်ရာ၊ ၀ဲပါးပွန်း၊ ၀ဲလက်ခုံပွန်းပဲ့ ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် စိုးရိမ်ရသည့် လူနာများအဖြစ်ကုသနေရသည်ဟု ရဲက သတင်း ထုတ်ပြန်ထားသည်။ စားပွဲထိုးဖြစ်သူ မျိုးလှိုင်ဝင်း (၁၇) နှစ်မှာ နောက်စေ့ပွန်း၊ ခါးပွန်း၊ ၀ဲမျက်ခုံစုတ်ပြဲ၊ ယာခြေကျင်းဝတ်ဖူးရောင် ဒဏ်ရာများရရှိပြီး ဆေးရုံအရေ

ကျန်းမာဖို့ ကြံရည်သောက်စို့ ...

Image
မြက်မျိုးနွယ်ဝင် ကြံပင်များသည် သဘာဝ အလျောက်ပေါက်ရောက်လေ့ရှိပြီး၊ ၄င်း၏ဆေးစွမ်း အာနိသင် ထက်မြက်မှုကြောင့် ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်တွင် စီးပွားဖြစ်စိုက်ပျိုး လျှက်ရှိသည်။ ယေဘုယျ အားဖြင့် ကြံညို၊ ကြံနီ်၊ ကြံဖြူဟူ၍ (၃)မျိုးရှိကာ၊ ကြံဖြူ နှင့် ကြံနီတို့ က အရသာပိုချိုပါသည်။ ကြံပင်ထဲတွင် လူသားတို့ ကျန်းမာရေးကို ကောင်းကျိုးပြုစေသော ဗီတာ မင်နှင့် သတ္တုဓာတ်တို့  ကြွယ်ဝစွာပါရှိသည့်ပြင် အပင်များတွင်တွေ့ ရခဲသော phytonutrients တစ်မျိုးဖြစ်သည့် ကလိုရို ဖီးလ်ကိုလည်း တွေ့ ရသည်။ ထို့ ကြောင့် မြန်မာ့ဆေးကျမ်းများတွင်သာမက၊ နိုင်ငံတကာ ကျန်းမာရေးလမ်းညွှန် စာအုပ်များထဲတွင် ကြံရည်ကို “အာဟာရပြည့် စူပါဖျော်ရည်” အဖြစ် တခမ်းတနားရေးသား ဖော်ပြထားကြသည်။ • glycemic ဓာတ်ပါဝင်မှုနည်းပါးခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်စေသည်။ • အအေးမိ၊ နှားစေးခြင်းနှင့် လည်ချောင်းနာခြင်းတို့ ကိုထိထိရောက်ရောက် ကာကွယ်ပေးသည်။ • သကြားဓာတ် ၁၅%ပါရှိသော်လည်း၊ သွေးထဲရှိသကြားဓာတ်ကိုမျှခြေဖြစ်စေသဖြင့် ဆီးချိုရောဂါသည်များ အကြောက် အရွံ့ မရှိသုံးဆောင်နိုင်ကြောင်း၊ သြစတြေးလျသုတေသီများက အကြံပြုထားကြသည်။ (သို့ သော် type-2 ဆီးချိုသမားများ အန

အွန်လိုင်းရှော့ပင်းမလုပ်ခင် အမျိုးသမီးများ သိထားဖို့လိုတဲ့ လျှို့ဝှက်ချက်များ (အပိုင်း-၁)

Image
သီဟနိုင် on 2014-04-30 14:21 အွန်လိုင်းရှော့ပင်းလုပ်ပြီး မှာယူလိုက်လို့ ရောက်ရှိလာတာဟာ သင်နဲ့မတော်ဘူးဆိုပါစို့။ ဆိုဒ်နောက် တစ်မျိုးကို ပြောင်းမှာလိုက်တော့လည်း ရောင်းထွက်သွားပါပြီ ဆိုတာမျိုးထက် စိတ်ပျက်စရာ ကောင်းတာ မရှိပါဘူး။ သင့်ဆိုဒ်က ဘယ်လောက်ရှိတယ်ဆိုတာကို သိထားပေမဲ့လည်း ပြဿနာက brand တိုင်းဟာ ဆိုဒ်ချင်း မတူပါဘူး။ E-commerce ဆိုဒ်တွေက အ၀တ်အစားတွေဟာ တကယ် မတော်ဘဲနဲ့ တော်သယောင် ပုံစံမျိုးပေါက်နေတတ်ပါတယ်။ ၁။ ကိုက်ညီမှု နုတ်ကိုဖတ်ပါ။ ၀ဘ်ဆိုဒ်တော်တော်များများမှာတော့ မော်ဒယ်ဟာ အရပ်ဘယ်လောက်ရှည်တယ်၊ သူ ဘယ်ဆိုဒ်ကို ၀တ်ဆင်ထားတာပါ ဆိုပြီး ကိုက်ညီမှုနုတ်လေးတွေ ထားရှိတတ်ပါတယ်။ လက်အဟိုက်၊ စကပ်အောက်အနားနဲ့ ခါးတိုင်းတွေဟာ သင်နဲ့ကိုက်ညီမှုရှိမရှိကို သင်တွက်ဆနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ အကယ်၍ သင်ဟာ မော်ဒယ်ထက် အရပ်ပုတယ်ဆိုရင်တော့ သင်ဝတ်လိုက်ရင် နဲနဲပိုရှည်သွားမှာပေါ့။ သင်ဟာ မော်ဒယ်ထက် အရပ်ရှည်တယ်ဆိုရင်တော့ သင်နဲ့ဆို ပိုတိုသွားမှာပါ။ ကိုက်ညီမှုနုတ် (fit note) မှာ ချောင်တယ်၊ပွတယ်ဆိုတာကိုပါ သိရှိနိုင်တဲ့အတွက် ဆိုဒ်တိုးသင့်လား၊ လျှော့သင့်လားကို ဆုံးဖြတ်နိုင် မှာပါ။ ၂။ တစ်မျိုးထဲကို ဆိုဒ်ပေါင်းစုံ ၀ယ်ယူပါ။ ဆိ

တစ်နာရီ မိုင်၂၀၀နှုန်းနဲ့ မိုင် ၂၀၀၀ ထိကို အကြော်ခံဆီ တစ်တိုင်ကီနဲ့ မောင်းနိုင်တဲ့ Trident Iceni

Image
သီဟနိုင် on 2014-04-30 17:12 Iceni မော်ဒယ်ဟာ ကမ္ဘာ့ လောင်စာဆီအသက်သာဆုံး ပြိုင်ကား ဖြစ်တယ်လို့ Trident ကုမ္ပဏီက အတည်ပြု ပြောကြားလိုက်ပါတယ်။ ဇီဝလောင်စာ ဒါမှမဟုတ် ဓာတ်သတ္တု တစ်တိုင်ကီ တည်းနဲ့ မိုင် ၂၀၀၀ ခရီးကို မောင်းနိုင်တယ်လို့ သတင်းရရှိပါတယ်။ Trident Iceni ရဲ့အင်ဂျင်မှာ မြန်နှုန်းနဲ့ လောင်စာသက်သာဖို့အတွက် ‘လိမ်အားဆတိုးပွား နည်းပညာ’ ကို အသုံးပြုထားပါတယ်။ Iceni Magna, Convertible နဲ့ Venturer estate ဆိုပြီး မော်ဒယ် ၃မျိုး ထုတ်လုပ်ထားပါတယ်။ ဗားရှင်း နှစ်မျိုးစလုံးမှာ ဟင်းချက်ဆီ၊ မုန်ညင်းဆီ တို့လို သန့်စင်တဲ့ ဇီဝလောင်စာဆီတွေနဲ့ မောင်းနှင်နိုင် ပါတယ်။ Convertible မော်ဒယ်မှာ မောင်းသူဘက်က အမိုးကိုပိတ်ထားစဉ်၊ လိုက်ပါစီးနင်းသူဘက်က အမိုးကို ဖွင့်ထားနိုင်ပါတယ်။ အပြန်အလှန်ပါပဲ။ အခြေခံဗားရှင်းအတွက် ကန်ဒေါ်လာ ၁၆၁၅၇၈ ကစပြီး ဈေးရှိပါတယ်။ Ref:dailymail.co.uk Trend Myanmar

ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု (အပိုင်း -၂ )

Image
သီဟနိုင် on 2014-04-30 15:53 လူသားတွေနဲ့ တိရစ္ဆာန်တွေ ကွာခြားတဲ့အဓိကအချက်ကတော့ လူသားတွေဟာ တီထွင်ဖန်တီးဥာဏ် ပိုမို မြင့်မားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့ သဘာဝလောကကြီး မှာ ကျွန်တော်တို့ လူသားတွေဟာ တီထွင်ဖန်တီးမှု၊စဉ်းစားဆင်ခြင်ဥာဏ်ရှိမှုတို့ နဲ့ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီး ဒီကမ္ဘာကြီးကို ကြီးစိုးနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း လေးထောင့်ငါးရာ လောက်က စတင် ဖြစ်တည်လာ ခဲ့ပြီး Homo Sapiens လို့ ခေါ်တဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ် သိန်းကျော် ၀န်းကျင်ကမှ စတင်ပြောင်းလဲဖြစ်တည်လာတယ်လို့ သိပ္ပံပညာရှင်တွေက ခန့် မှန်းထားပါတယ်။ လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု ကို ကြည့်ကြည့်ရအောင်။ ၅။ တယ်လီဖုန်း အီလက်ထရောနစ် အသံလွှင့်စနစ် နဲ့ပတ်သက်ပြီး စွန့်ဦးတီထွင်သူ တချို့ရှိခဲ့ပေမဲ့ အီလက်ထရောနစ် တယ်လီဖုန်းမူပိုင်ခွင့်ကို အလက်ဇန္ဒား ဂရေဟမ်ဘဲလ်ဟာ ၁၈၇၆ခုနှစ်မှာ ဦးဆုံးချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ တယ်လီဖုန်း ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အီလက်ထရောနစ် အသံလွှင့်စနစ်ကို စွန

အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ အစီအစဉ် မရှိပါဘူးလို့ ဖွင့်ဟသွားတဲ့ အေးချမ်းမိုး

Image
ခင်ဆွေသက် on 2014-04-30 12:14 ပညာရေးတစ်ဖက်နဲ့ အနုပညာနှစ်ဖက်စလုံးမှာ ကြိုးစားလျှောက်လှမ်းနေ သူလေးကတော့ မော်ဒယ် အေးချမ်းမိုး ပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ ကျောင်းပညာရေး တစ်ဖက်နဲ့ မို့ မော်ဒယ်ရှိုးနဲ့ presenter အလုပ်ကို မျှပီးလုပ်ကိုင်နေရင်း အနုပညာခရီးကိုလျှောက်လှမ်းနေ ရသူပါ။ လက်တလောမှာ စာမေးပွဲ နီးနေတာကြောင့် ပညာရေးဖက်ကို အားစိုက်ကြိုးစားဖြစ်နေတယ်လို့ပြောလာ တဲ့ အေးချမ်းမိုးနဲ့ တွေ့ဆုံခိုက် ‘လတ်တလောကတော့ ပုံမှန်အတိုင်းပဲ မဂ္ဂဇင်း ဓာတ်ပုံတွေရိုက်ဖြစ်တယ်။ presenter လုပ်ဖြစ်တယ်။ နောက်ပြီး ကျောင်းကလဲစာမေးပွဲနီးနေပြီဆိုတော့ စာဖက်ကိုလဲ ဦးစားပေးဖြစ်နေပါတယ်။ ကားရိုက်ဖက်က ကျတော့ ညီမတို့ အချိန်အများကြီးပေးရမယ်။ ကားရိုက်ကတော့ အချိန်ပေးရတယ်လေ။ ညီမ ခု ကျောင်းပြီးအောင် လုပ်နေပါတယ်။ ကျောင်းပြီးမှပဲ စဉ်းစားဖြစ်မယ် ထင်ပါတယ်။ သီချင်းကတော့ ဆိုရတာဝါသနာပါတယ်။ ၀ါသနာအရတော့ ဆိုဖြစ်မယ်ထင်တယ်။ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့တော့ ရပ်တည်ဖြစ်မယ် မထင်ပါဘူး။’ လို့ သူမက ပြောပါတယ်။ Trend Myanmar

ဒီအပတ်ထဲမှာ တိတ်တဆိတ်လက်ထပ်မယ့် Kanye West နဲ့ Kim Kardashian တို့စုံတွဲ

Image
Jack the Ripper on 2014-04-30 15:26 Kanye West နဲ့ Kim Kardashian တို့ဟာ သူတို့ရဲ့လူသိရှင်ကြားကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲ အကြိုပြင်ဆင်မှုအနေနဲ့ ဒီတစ်ပါတ်ထဲမှာ တိတ်တဆိတ် လက်ထပ်ဖို့ စီစဉ်နေပါပြီ။ သူတို့စုံတွဲဟာ စာနယ်ဇင်းတွေ အာရုံစိုက်မှုကနေလွတ်မြောက်ဖို့အတွက် လျှို့ဝှက်လက်ထပ်လိုင်ဆင် လက်ခံရရှိထားပြီး တရားရုံးတစ်ခုမှာ တရားဥပဒေအတိုင်း လက်ထပ်မှာဖြစ်ပါတယ် လို့အတွင်းသိ တစ်ယောက်က TMZ ကိုပြောပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံအတွင်း လက်ထပ်မယ့်သူနှစ်ဦးဟာ နိုင်ငံအတွင်းနေထိုင်ထိုင်သူနှစ်ဦးဖြစ်ရမယ် ဆိုတဲ့ ပြင်သစ်နိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကြောင့် ဖြစ်တယ်လို့ The Sun ကဆိုပါတယ်။ ဒီလို တရားဥပဒေ ကြောင်းလမ်းအရ လက်ထပ်မှု အပြင် သူတို့စုံတွဲဟာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲ ကိုပြုလုပ်ဦးမှာဖြစ်ပြီး အဲဒီ့ပွဲကိုပြင်သစ်နိုင်ငံက ရဲတိုက် တစ်ခုအတွင်းမှာ ကျင်းပမယ်ဆိုတဲ့ လက်တလော ကောလဟာလတွေရှိပါတယ်။ Ref:starpulse.com Trend Myanmar

သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေး၏ ရိုက်ချက်

Image
ကမ္ဘာ့ နိုင်ငံတကာ လေဆိပ်ကြီးများတွင် လူဝင်မှုကြီးကြပ်ရေး အရာရှိတို့က နိုင်ငံခြားသား ခရီးသည်များကို စစ်ဆေးရာ၌ လူဝင်မှု ကြီးကြပ်ရေးတို့၏ ထုံးစံအတိုင်း ၎င်းတို့ ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ် သက်တမ်းရှိ မရှိ၊ ပြည်ဝင်ဗီဇာ ပါ မပါ သို့မဟုတ် ဗီဇာသက်တမ်း ရှိ မရှိ တို့ကိုသာ အဓိက စံထားလို့ စစ်ဆေးတတ်ကြပါသည်။ အဓိက ပြည်ဝင်ဗီဇာ မပါမှ သို့မဟုတ် Black List ထဲ ပါနေမှသာလျှင် လေဆိပ်မှ အမိနိုင်ငံကို Deport ပြန်ပို့လေ့ ရှိတတ်ကြပါသည်။ သို့သော် သီရိလင်္ကာမှာတော့ ဤသို့မဟုတ်ပေ။ ပြည် ဝင်ခွင့်ဗီဇာ မပါသည်ထက် ဗုဒ္ဓကို အရိုသေတန်မဲ့ ပြုသူတို့ကို ဘယ်နိုင်ငံသားပဲ ဖြစ်နေပါစေ။ ထိုလူမျိုးကို အကျဉ်းချ ချုပ်နှောင်ထားပြီး နောက်နေ့ Deport ပြည်တော်ပြန်ပို့လေ့ ရှိတတ်သလို ဤကိစ္စနှင့် ပတ်သက် လာလျှင် သီရိလင်္ကာ လူဝင်မှု ကြီးကြပ်ရေးတို့၏ ရိုက်ချက်က ပြင်းလှသည်။ ဘယ်သူ့ မျက်နှာကိုမှလည်း မထောက်တတ်ကြပေ။ သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ တောင်ဘက်အဆုံးရှိ ကျွန်းနိုင်ငံလေး တစ်နိုင်ငံဖြစ်ပြီး မြေပုံတွင် ကျွန်းသဏ္ဌာန်က ကြွေဆင်းလာသော မျက်ရည် ပေါက်ကလေးနှင့် တူနေသောကြောင့် အချို့က Tear drop of India လို့လည်း တင်စားခဲ့ကြသည်။ ကမ္ဘာပေါ်တစ်ချိန်က သီဟိုဠ် Ceylo

မန္တလေးတွင် ၁၅ ရက်အတွင်း GSM ဖုန်းလိုင်းပေါင်း နှစ်သိန်းကျော် ထပ်မံတိုးမြှင့်မည်

Image
မန္တလေးမြို့တော်တွင်း ဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းများ အသုံးပြုရ ပိုမိုမြန်ဆန် အဆင်ပြေစေရန် အတွက် လက်ရှိလိုင်းပေါင်း ငါးသိန်းကျော်ရှိရာမှ ထပ်မံ၍ လိုင်းပေါင်း နှစ်သိန်းကျော်ကို ၁၅ ရက်အတွင်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ “လက်ရှိ လိုင်းပေါင်း ငါးသိန်းကျော် ရှိတယ်။ ၁၅ ရက်အတွင်းမှာ နောက်ထပ်လိုင်းပေါင်း နှစ်သိန်းကျော် ထပ်မံတိုးမြှင့်မယ်။ အခုက အသုံးပြုသူ ဦးရေနဲ့ ဆက်သွယ်ရေး လိုင်းတွေက မမျှတဘူး ဖြစ်နေတယ်။ ထပ်တိုးမြှင့် လိုက်ပြီးရင်တော့ ဖုန်းဆက်သွယ်မှုရော၊ အင်တာနက် အသုံးပြုမှုတွေရော မြန်ဆန်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းကထပ်မံဆိုသည်။ လက်ရှိ မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ဆက်သွယ်ရေး စခန်းပေါင်း ၁၂၀ ကျော်ရှိပြီး၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆက်သွယ်ရေး စခန်းပေါင်း ၁၂၀ ကျော် ထပ်မံတိုးမြှင့်မည်ဖြစ်ကာ မန္တလေးမြို့ တွင်းတွင်လည်း 3G GSM ဆက်သွယ်ရေး စခန်းပေါင်း ၅၅ ခု တိုးမြှင့် တပ်ဆင်တည်ဆောက် သွားမည် ဖြစ် ပြီး ယင်းစခန်းများ ပြီးစီးပါက ဒေသခံပြည်သူ လေးသိန်းနီးပါး လုံလောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကာ WCDMA ဆက်သွယ်ရေး လိုင်းပေါင်း နှစ်သိန်းကျော်

တစ်သက်လုံး စီးသွားနိုင်တဲ့ ဒေါက်မြင့်ဖိနပ်

Image
မကြာခဏ ၀ယ်ယူအသုံးပြုနေရတဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ ဒေါက်မြင့် ဖိနပ်လည်း တစ်ခုအပါ အ၀င် ဖြစ်ပါတယ်။ ဒီ ပြဿနာကို ဖြေ ရှင်းနိုင်ဖို့ အင်္ဂလန်နိုင်ငံ၊ ဘာ မင်ဂမ်မြို့မှာ နေထိုင်တဲ့ အသက် (၄၈) နှစ် အရွယ် ဒီဇိုင်နာ ခရစ်ရှီလစ်က တစ်သက်လုံး စီးသွားနိုင်တဲ့ ဒေါက်မြင့်ဖိနပ်ကို တီထွင်လိုက် ပြီဖြစ်ပါတယ်။ ဒီဒေါက်မြင့်ဖိနပ်ကို သံမဏိနဲ့ ပြုလုပ်ထားတာဖြစ်ပြီး၊ နှစ်ပေါင်း (၁၀၀၀) အတွင်း ဘာပျက်စီးမှုမှ မဖြစ်စေရ ဘူးလို့ အာမခံချက်ပေးထားပါတယ်။ ဒါပေမဲ့ တန်ကြေးက အနည်းငယ်များပြီး တစ်ရံကို ပေါင် (၁၀၀၀) အထိ ရှိပါတယ်။ ဒီဒေါက်မြင့်ဖိနပ်ကို သက်သောင့်သက် သာဖြစ်စေဖို့ပြုလုပ်ထားသလို စီးနင်းသူအနေနဲ့ အန္တရာယ် မဖြစ်အောင် ဖန်တီးထားပါတယ်။ ဒီဒေါက် မြင့်ဖိနပ်ကို ဓားနဲ့ခက်ရင်းတို့ကို ပြု လုပ်တဲ့ သံမဏိနဲ့ ပြုလုပ် ထားပေမယ့် စီးနင်းတဲ့အခါ ပေါ့ပါး စေဖို့ အတွင်းပိုင်းတွေကို ဆီလီကွန်တွေ ထည့်သွင်းပေးထားပါတယ်။ အားသာချက်ကတော့ ဖိနပ်ဝယ်ပြီးတဲ့နောက် ဘယ်အချိန်မဆို အသစ်အတိုင်းပြန်လည် စီးနိုင်မှာ ဖြစ်ပါ တယ်။ ဒီဇိုင်နာ ခရစ်ရှီလစ်က ဒီဒေါက် မြင့်ဖိနပ်က ဘယ်အချိန်မှာမဆို စီးနိုင်မှာဖြစ် ပါတယ်။ ကျွန်တော့် အနေနဲ့ ထူးခြားဆန

အချိန်ပိုင်းသင်တန်း ဆရာမ အဖြစ် ကမ်းလှမ်းရင် လုပ်မှာပါဆိုတဲ့ အွန်ဆိုင်း

Image
Photo မော်ဒယ် တစ်ယောက်အဖြစ် သာရပ်တည် လှုပ်ရှား နေသည့် အွန်ဆိုင်းက လက်ရှိ မော်ဒယ် လော က ပိုမိုပွင့်လင်းလာမှု ကို ဂုဏ်ယူ ကြောင်း နှင့် မျိုးဆက်သစ် မော် ဒယ်များကို Modeling ပညာများ သင်ကြား ပေးရန် အချိန်ပိုင်း ဆရာမ အဖြစ် ကမ်းလှမ်းလာပါက လုပ်ကိုင်သွားမည် ဖြစ် ကြောင်း ဖွင့်ဟခဲ့ သည်။ အွန်ဆိုင်းက Photo မော်ဒယ် အနေ နဲ့ပဲ လုပ်ကိုင်ခဲ့တာဆိုတော့ မော်ဒယ် တစ်ယောက်အနေနဲ့ မြင်ရမှာပို များတာ ပေါ့နော်။ အခုရက်ပိုင်းမှာ ဓာတ်ပုံ ရိုက်ဖြစ် တယ်။ ကြော်ငြာရိုက်ဖို့ရှိပါတယ်။ အွန်ဆိုင်းက နောက် ထပ် မျိုးဆက်သစ် အနုပညာ မောင်နှမ တွေကို မော်ဒယ် ပိုင်းဆိုင်ရာ သင်ကြား ပေးဖို့၊ သင်တန်းဖွင့်ဖို့ ဆိုတာက တော့ အများကြီး သင်ယူရပါဦးမယ်။ အစ အဆုံးသင်ပေးဖို့ ဆိုရင် အများကြီးလေ့လာရမယ်။ အချိန်ပိုင်း ကမ်းလှမ်းလာခဲ့ မယ်ဆိုရင် လုပ်ဖြစ်ပါ့မယ်။ သင်တန်းဖွင့်ပြီး သင်ပေးဖို့ ကျတော့ တစ် ချိန်ချိန် မှာ ဖြစ်လာလိမ့်မယ် ထင်ပါတယ်။ အခု အနေနဲ့က ပြောလို့မရနိုင်သေးဘူး။ စော သေးလို့ပါ။ အခုဆို ရင် မြန်မာပြည်ရဲ့ မော်ဒယ် လောကလည်း အရင်တုန်းကလိုမဟုတ် ဘဲ အာရှမှာ ပွင့်လန်းလာနေပြီ ဆိုတော့ ၀မ်းသာတယ်။ ဂုဏ်လည်းယူတယ်။ ပွဲတွေ လည

အမျိုးသမီးတစ်ဦးနှင့် ဇာတ်လမ်းရှိနေကြောင်း ကင်မရွန်ဒိုင်ယက်ဇ် ဝန်ခံ

Image
သူမ၏ ဘဝထဲတွင် အမျိုးသမီးတစ်ဦး ဝင်ရောက်နေရာယူထားပြီဟု ကင်မရွန်ဒိုင်ယက်ဇ်က ဖွင့်ဟဝန်ခံ ခဲ့သည်။ Other Womanစတား မင်းသမီးသည် Baseball အားကစားသမား အလက်ဇန္ဒား ရိုဒရီဂါ့ဇ်နှင့် (၁)နှစ်မျှ တွဲခဲ့ဖူးပြီး (၂၀၁၀)ပြည့်နှစ်တွင် လမ်းခွဲခဲ့သည်။ သူမသည် မကြာသေးမီ အတောအတွင်းက လိင်တူ အမျိုးသမီးများကို စိတ်ဝင်စားနေမိကြောင်း ဖွင့်ဟခဲ့ပြီး ယခုအခါ အမျိုးသမီးတစ်ဦးနှင့် ဆက်နွယ်မှု ရှိနေကြောင်းပါ ပွင့်ပွင့်လင်းလင်း ပြောဆိုလာခြင်း ဖြစ်သည်။ Watch What Happens Live အစီအစဉ်တွင် ကင်မရွန်က ယင်းကိစ္စကို ထုတ်ဖော် ပြောကြားသွားခြင်းဟု သိရှိရသည်။ အစီအစဉ်မှူး အန်ဒီကိုဟန်က ကင်မရွန်အနေဖြင့် အမျိုးသမီးများကို စိတ်ဝင်စားနေသည်ဆိုသော မှတ်ချက် အပေါ် မေးမြန်းရာ ကင်မရွန်က “ဟုတ်ပါတယ်။ ကျွန်မမှာ အမျိုးသမီးတစ်ယောက် ရှိနေပါပြီ”ဟု ဝန်ခံသွားခဲ့ သည်။ သူမတို့၏ ဆက်ဆံရေး အခြေအနေအပေါ် မှတ်ချက်ပေးရန် တောင်းဆိုသည့်အခါ ကင်မရွန်က “လောလောဆယ်တော့ ကျွန်မတို့ အစီအစဉ်တွေ ရေးဆွဲနေတုန်းပါပဲ”ဟုသာ ရယ်ရယ်မောမောနှင့် မပွင့်မလင်း ဖြေဆိုသွားသည်။ ကင်မရွန်သည် Other Woman ဇာတ်ကားတွင် လက်စ်လီမန်း၊ ကိတ်အပ်တန်တို့နှင့်အတူ အမျိုးသမီး(၃)ဦးအပြိုင် သရုပ်ဆောင်ထားသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန်အဖြစ်မှ ဂျော့ဂ်ျကလူနီးနုတ်ထွက်

Image
ကာလရှည်ကြာ တာဝန်ယူခဲ့သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန် ရာထူးမှ ဂျော့ဂ်ျကလူနီး အနေဖြင့် နုတ်ထွက်သွားခဲ့ပြီဟု သိရှိရသည်။ မကြာသေးမီကမှ ချစ်သူ အေမယ်လ် အလာမတ်ဒင်နှင့် စေ့ စပ်ကြောင်းလမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့် ဟောလီးဝုဒ် နာမည်ကျော် မင်းသားကြီးသည် ကုလသမဂ္ဂထံမှ ၎င်း၏ ရာထူးအတွက် နုတ်ထွက်စာ တင်သွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂျော့ဂ်ျအနေဖြင့် အလွန်အလုပ်များနေသဖြင့် ယင်းရာထူးအတွက် အပြည့်အဝ အာရုံမစိုက်နိုင်တော့၍ဟု သိရသည်။ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ စတီဖန် ဒူဂျာရစ်က အဆိုပါ သတင်းကို အတည်ပြု ကြေညာခဲ့သည်။ “(၆)နှစ်လောက် တာဝန်ယူခဲ့ပြီးတဲ့နောက် ဂျော့ဂ်ျအနေနဲ့ ငြိမ်းချမ်းရေး သတင်းကို ဆောင်ကြဉ်းပေးရတဲ့ အလုပ်ကနေ အနားယူသင့်ပြီလို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ အချိန်ဇယားအတွက် ကိစ္စတချို့ အားပြိုင် လာပြီး တောင်းဆိုမှု မြင့်မားလွန်းတဲ့အတွက် ပရော်ဖက်ရှင်နယ်ပီပီ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ သူ့လိုမျိုး နာမည်ကျော် ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ကုလသမဂ္ဂရဲ့ သံတမန်တစ်ယောက်အဖြစ် တာဝန်ယူဖို့ဆိုတာ အကျပ်အတည်းတွေ အမြဲတမ်းလိုလို ရှိနေတတ်ပါတယ်”ဟု စတီဖန်က သတင်းထောက်များ အား ပြောကြားခဲ့သည်။ ဂေ

ဘင်္ဂလားပင်လယ်အော်တွင် MH370 ပျက်ကျခဲ့သည်ဆိုမှု ဩစတြေးလျ ပယ်ချ

Image
ဘင်္ဂလားပင်လယ်အော်တွင် လေယာဉ်ပျက် အစိတ်အပိုင်းများ ရှာဖွေတွေ့ရှိထားသည်ဟု ပုဂ္ဂလိက ရှာဖွေရေး ကုမ္ပဏီ တစ်ခု၏ အဆိုသည် MH370လေယာဉ်နှင့် ဆက်စပ်မှု မရှိနိုင်ကြောင်း ဩစတြေးလျ အစိုးရက ပြောကြားခဲ့သည်။ မတ်လ (၈)ရက်နေ့က မလေးရှားမှ တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်း ရင်း တောင်တရုတ် ပင်လယ်ပေါ်တွင် ပျောက်ဆုံးသွားသော လေယာဉ်သည် လမ်းကြောင်းပြောင်းလဲ ပျံသန်းသွားသည်ဟု ယူဆရပြီး လတ်တလောတွင် ဩစတြေးလျ ကမ်းလွန်၌ ပိုက်စိပ်တိုက် ရှာဖွေမှု များ ပြုလုပ်နေသည်။ သို့သော်လည်း ဩစတြေးလျတောင်ပိုင်း အဒီလိုင်ဒီတွင် အခြေစိုက်သည့် ရေကြောင်းရှာဖွေရေး ကုမ္ပဏီ တစ်ခုက မိမိတို့သည် ဘင်္ဂလား ပင်လယ်အော်အတွင်း၌ လေယာဉ်ပျက် အစိတ်အပိုင်းများ ရှိနေသည် ကို ထောက်လှမ်းတွေ့ရှိထားကြောင်း ကြေညာခဲ့သည်။ ထိုနေရာသည် လက်ရှိ ရှာဖွေမှုများ ဖြန့်ကျက် လုပ်ဆောင်နေသည့် ဇုန်သတ်မှတ်ချက်နှင့် ကီလိုမီတာ (၅၀၀၀)မျှ ကွာဝေးသည်။ မလေးရှား၏ ယာယီ ပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မက်ဒင်ဟူစိန်က အဆိုပါ သတင်းကို မိမိတို့ ကြားသိကြောင်း အတည်ပြုခဲ့သော် လည်း လေယာဉ်ကို လိုက်လံရှာဖွေနေသည့် ဩစတြေးလျ JACစင်တာကမူ ယင်းကို လက်မခံခဲ့ချေ။ “GeoResonance ကုမ္ပဏီက MH370ရဲ့ တည်ရှိတဲ့ နေရာဟာ ဘင်္ဂလားပင်လယ်ေ

"S.I.R Rock House အဖွဲ့ မူလအတိုင်း Band 4 ဖွဲ့ဖြင့် ဆက်လက်လှုပ်ရှားမည်"

Image
ဖေ့စ်ဘုတ်တွင် သတင်းများ ထွက်ပေါ်နေသော S.I.R Rock House ခွဲထွက်သွားသည် ဆိုသည့် သတင်းမှာ မဟုတ် မှန်ကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ဧပြီ ၂၃ ရက်၊ မွန်းလွဲ ၁နာရီက Wanted Band ၌ ပြုလုပ်ခဲ့ သည်။ “အားလုံးတော်တော်များများ လည်း ဖေ့စ်ဘုတ်ပေါ်မှာ သိပြီး လောက်ကြပါပြီ။ ကျွန်တော်တို့ မန္တ လေး သင်္ကြန် သွားတယ်။ အဆင်မပြေ တာလေးတွေဖြစ် တယ်။ Big Bag ရယ်၊ Reason ရယ်၊ Idiots ရယ်က အပြင်မှာလည်း ဖော်ကာ ထက် အတွေ့ ပိုစိတ်တယ်။ ကျွန်တော်တို့ အချင်းချင်း က အလိုလို နားလည်မှု ရသွားတာလေးတွေ ရှိတယ်။ ဖော် ကာနဲ့ကျတော့ နည်းနည်း အလှမ်းဝေး သွားတယ်။ အဲဒီလိုဖြစ်တဲ့ အချိန် ကြားထဲမှာ အခန့် မသင့် တာလေးတွေ ကို ဖော်ကာ့ ကို မပြောဖြစ်ဘူး။ နောက်ဆုံး တကယ်စုပြီး ပြော လိုက်တဲ့ အချိန် မှာ အားလုံးက ယောက်ျားလေးတွေ ချည်းပဲပါတာကိုး။ ထုံးစံ အ တိုင်း ဒေါသလေးတွေ ပါတယ်။ စိတ်လောပြီးတော့ ဖေ့စ်ဘုတ်ပေါ် မှာ လည်း statement လေးတွေ လုပ်ပြီးတော့ တင်ကြသလို မျိုးဖြစ် သွားတယ်။ နောက် ဆုံး ဆက် လုပ် တော့မယ်၊ မလုပ်တော့ဘူး ဆိုတဲ့ အဖြေကို ၂၂ ရက်နေ့ညမှ i-entertain ရုံးခန်းမှာ ကျွန်တော်တို့ Final တွေ့ဖြစ်တယ်။ အဲဒီအချိန် မှာ ဖော်ကာရဲ့ Response နဲ့လည်း အများကြီး ဆိုင်

ထိုင်းအနီရောင် ဟင်းအနှစ်နဲ့ ဆိတ်သားခပတ်ကြော်

Image
ထိုင်းအနီရောင်ဟင်းအနှစ်နဲ့ ဆိတ်သားခပတ်ကြော်။ ဒီတစ်ပတ်မှာလည်း အရှေ့တိုင်း ဟင်းလျာတွေနဲ့ ထိုင်းဟင်းတွေထဲက ချက်နည်းလေးတွေသုံးပြီး fusion ဟင်းလေးတွေ ဆက်ချက်ဖြစ်ပါတယ်။ ထိုင်းမှာတုန်းက ထိုင်းဟင်းတွေကို ဥရောပစတိုင် ချက်ပြုတ်ပြင်ဆင်ထားတာ စိတ်ဝင်စားဖို့ အလွန်ကောင်း ပါတယ်။ ဖြိုးက ယဉ်ကျေးမှုစုံ၊ အရသာစုံ fusion ဟင်းပွဲလေးတွေ ပြင်ဆင်ချက်ပြုတ်ရတာကို ၀ါသနာပါသလို စားရတာလည်း ကြိုက်ပါတယ်။ ဒါကြောင့် Red curry paste (ထိုင်းရိုးရာ အနီရောင်ဟင်းအနှစ်)နဲ့ ဆိတ်သားကြိတ်သားကို ခဘတ် လိုကြော်ချက်လေး လုပ်ထားပါတယ်။ ခရမ်းချဉ်သီးသေးသေးလေးတွေကို နိုင်းချင်း ထည့်ထားပါတယ်။ နောက်စပါးလင်လေးလည်း ထည့်လိုက်တော့ ဆိတ်သားက မညှီတော့ဘူးပေါ့။ အုန်းနို့လည်း မပါတော့ ဒီလိုနွေရာသီမှာ စားလို့အဆင်ပြေပါတယ်။ ပြီးတော့ သူ့ကို စပါးလင်သုပ်လေးနဲ့ တွဲလိုက်တဲ့အခါ ချဉ်၊ ငံ၊ စပ်အရသာစုံနဲ့မို့ ခံတွင်းမြိန်စေပါတယ်။ စနေနေ့ညက ဒီဟင်းပွဲလေးကို မိတ်ဆွေတွေကို ချက်ကျွေးတော့ သူတို့ကတော့ လက်မထောင်ပြ သွားတာနဲ့ ဒီတစ်ပတ်အတွက် ချက်နည်းလေး မျှဝေဖြစ်သွားတာပေါ့။ ထိုင်းအနီရောင်ဟင်းအနှစ်နဲ့ ဆိတ်သားခပတ်ကြော် ပါဝင်ပစ္စည်းများ (၆ ဦးစာ) ဆိတ်သားကြိတ်သား ၅၀၀ ဂရမ် အနီရောင်ဟင

နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ အချိန်အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့် အစီအစဉ်ကို Skype စတင်နေ

Image
မြန်မာနှစ်သစ်ကူး အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ ကြာ အချိန်အကန့် အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ရပ်ကို Skype စတင်လိုက်ကြောင်း ပြည်တွင်း၌ Skype အကောင့် ငွေဖြည့်ဆားဗစ် ဝန်ဆောင်မှုပေးလျက်ရှိသော APS Technology မှ သိရသည်။ အဆိုပါအစီအစဉ်အရ Skype Unlimited World (USD 13.99$) Plan ကို မြန်မာကျပ်ငွေ ၁၂,၀၀၀ ကျပ်ဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း Topup ပြုလုပ်နိုင်မည့်အပြင် စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဟောင်ကောင်စသည့် နိုင်ငံများအပါအဝင် မိုဘိုင်းဖုန်းခေါ်ဆိုမှု ၈ နိုင်ငံနှင့် ကြိုးဖုန်းကိုခေါ်ဆိုမှု ၆၃ နိုင်ငံစုစုပေါင်း ၇၁ နိုင်ငံသို့ မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင် မည်ဖြစ်သည်။ Skype Unlimited တွင် Unlimited World နှင့် Unlimited One Country ဟူ၍နှစ်မျိုးရှိ ကြောင်းကို “Skype Unlimited ဆိုတာ ကိုယ်ရဲ့ Skype အကောင့်ထဲကို ပိုက်ဆံထည့်တဲ့နေ့ကနေစပြီး တစ်လလုံးစာ မိနစ်အကန့်အသတ်မရှိ ပြောနိုင်တာမျိုးပါ။ Unlimited မှာ Unlimited World နဲ့ Unlimited One Country ဆိုပြီးနှစ်မျိုးရှိပါတယ်။ Unlimited u Skype ဝန်ဆောင်မှုပေးတဲ့ နိုင်ငံအားလုံးကို ဖုန်းေ

အူမကြီးကင်ဆာ ဆေးသစ်စမ်းသပ်မှု မမျှော်လင့်သောရလဒ်ဆိုးများ ထွက်ပေါ်

Image
Health Updates Journal No. 114 အူမကြီးကင်ဆာရောဂါ ကုသရာ၌ ဓာတုကုထုံး Chemotherapy နှင့် တွဲသုံးသည့်ဆေးတစ်မျိုးအား သုတေသနလုပ်ခဲ့ရာ ထင်ထားသည့် ရလဒ်များမရသည့်အပြင် အချို့ အခြေအနေ၌ ကင်ဆာရောဂါ ပျံ့ပွားမှုအား ပိုမြန်စေကြောင်း တွေ့ခဲ့ရ သည်။ ယင်းသုတေသနပြုမူအား University of Southampton ၌ ပြုလုပ်ခဲ့ပြီး အင်္ဂလန်နိုင်ငံကင်ဆာ သုတေသနဌာနမှ UK Cancer Research မှ ရံပုံငွေပေးခဲ့ပြီး နာမည်ကျော် Lancet ဂျာနယ်၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။ လေ့လာမှုတွင် အူမကြီးကင်ဆာနောက်ပိုင်းအဆင့် အသည်းသို့ ကင်ဆာဆဲလ်ပျံ့နှံ့ နေသော်လည်း ဖြတ်ထုတ်နိုင်သည့် အဆင့်တွင်ရှိသော လူနာများအား cetuximab ဆေးနှင့် Chemo therapy့ ဓာတုကုထုံးတွဲပေးခြင်းနှင့် ဓာတုကုထုံးတစ်မျိုးထဲပေးခြင်း မည်သည်က ပိုကောင်းသည်ကို ကြည့်ခဲ့ ကြသည်။ လူနာများအား ၁၂ ပတ် ကြာ ကုသနည်း အသီးသီးပေး ပြီးနောက် CT သို့မဟုတ် MRI တို့ ဖြင့် ရောဂါအခြေအနေအား ကြည့်ခဲ့ကြသည်။ ထိုအခါ Cetuximab ဆေး မှာ ဓာတုကုထုံးအား အကူအညီ မဖြစ်စေကြောင်း တွေ့ခဲ့ရသည်။ ထို့ နောက် လူနာများအား ရောဂါပိုမဆိုး ဘဲ ရောဂါကင်းကင်းနေနိုင်သည့် အချိန်အား ကြည့်ခဲ့ရာ Cetuximab ဆေးနှင့် တွဲသုံးသော အုပ်စုမှ ၁၄.၁

တစ်နေ့တာမှာ နှလုံးရောဂါ အဖြစ်ပွားဆုံးအချိန်

Image
Health Updates Journal No. 114 နှလုံးတိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းတွေ တစ်နေ့တာမှာ အဖြစ်ပွားဆုံးအချိန်ကို သုတေသနပညာရှင်တွေ က ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တစ်နေ့တာမှာ အဖြစ်ပွားဆုံးအချိန်ကတော့ မနက် ၆နာရီခွဲ အချိန်ဖြစ်တယ်လို့ သိရှိရပါတယ်။ သုတေသနကို ဦးဆောင်ခဲ့တဲ့ Oregon Health and Science University မှ သုတေသီတွေ ကတော့ ဒီအချိန်မှာ သွေးတွင်းပရိုတင်းပမာဏတွေ အမြင့်ဆုံးရောက်ရှိနိုင်ပြီး သွေးခဲတွေကို ပျော်စေတဲ့ ကိုယ်ခန္ဓာဖြစ်စဉ်တွေဟာလည်း အနှေးကွေးဆုံး ဖြစ်နေလို့ပဲဖြစ်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။ ““ဒီသုတေသနမှာ သွေးလှည့်ပတ်မှုစနစ်၊ ကိုယ်ခန္ဓာရဲ့ ဇီဝနာရီတွေရဲ့ ဆက်စပ်မှုဟာ နှလုံးရောဂါအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ ဖော် ထုတ်နိုင်ခဲ့ပါတယ်။ မနက်ခင်းမှာ မြင့်တက်လာတဲ့ သွေးတွင်းပရိုတင်း ပမာဏကို ပူးပေါင်းပါဝင်သူတွေမှာ တိုင်းတာနိုင်ခဲ့ပြီး ရလဒ်များအရ အခု လိုတွေ့ရှိခဲ့ပါတယ်”” လို့ သုတေသီ ခေါင်းဆောင် Frank Scheer က ပြောကြားခဲ့ ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးထဲမှ Plasminogen activator inhibitor-1(PAI-1)ဆိုတဲ့ ပရိုတင်းဟာ မနက်၆နာရီခွဲအချိန်မှာ အမြင့်ဆုံးဖြစ်ပြီး အဲဒီပရိုတင်းဟာ သွေးကြောတွင်းမှာ သွေးခဲ ပိတ်ဆို့

3D နည်းပညာသုံး ပလတ်စတစ်ဦးခေါင်းခွံကို အမျိုးသမီးတစ်ဦးတွင် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့

Image
Health Updates Journal No. 114 ပလတ်စတစ်အခြေခံ ဦးခေါင်းခွံတုကို အမျိုးသမီးတစ်ဦးမှာအောင် မြင်စွာ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း ဆေး ပညာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီခွဲစိတ်မှုကို ဟော်လန်နိုင်ငံ၊ Utrecht မြို့မှာပြုလုပ်နိုင်ခဲ့ တာလဲ ဖြစ်ပါတယ်။ ဒါဟာ ဦးခေါင်းခွံပျက်စီးမှုကြောင့် အမြင်အာရုံဆုံးရှုံးနေရတဲ့ ၂၂နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တပ်ဆင်ပေးနိုင်ခဲ့တာဖြစ်ပြီး 3D နည်းပညာနဲ့ ဦးခေါင်းခွံကို ပုံထုတ်ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။ “ဦးခေါင်းခွံတုကို လက်မှုနည်းပညာကို အခြေခံပြီး စက်ကိရိယာတွေရဲ့ အကူအညီအရ ဖန်တီးနိုင်ခဲ့ပါ တယ်။ ဦးခေါင်းခွံတုဟာ အထူ ၁.၅စင်တီမီတာ ရှိပါတယ်”” လို့ အာရုံကြောဆေးပညာရှင် Dr.Ben Verweij်က ပြောကြားထားပါတယ်။ ခွဲစိတ်မှုခံယူခဲ့တဲ့ အမျိုးသမီးရဲ့ ဦးခေါင်းခွံ အရွယ်အစားအတိုင်း တိကျအောင်ပြုလုပ်ထားပြီး အလှအပ အတွက်သာမက အမျိုးသမီးရဲ့ဦးနှောက် လုပ်ဆောင်မှုတွေကိုပါ မထိခိုက်ရအောင် ကာကွယ်ပေးနိုင် မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့၃လလောက်က ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုပြီးနောက်မှာ အမျိုးသမီးငယ်ဟာ နောက် ဆက်တွဲပြဿနာ တစ်စုံတစ်ရာမကြုံတွေ့ ရဘဲ ဆေးရုံက ဆင်းသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဦးခေါင်းခွံတစ်ခ

မိုဘိုင်းဖုန်းနှင့် ချိတ်ဆက် အသုံးပြုနိုင်သည့် မျက်စိကုမှန်ပြောင်း တီထွင်နိုင်ခဲ့

Image
Health Updates Journal No. 114 Sankara Eyecare Institution မှ သုတေသီတွေဟာ အလွယ်တကူ တပ်ဆင်ရွှေ့ပြောင်းနိုင်ပြီး မိုဘိုင်းဖုန်း နဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ မျက်စိကု မှန်ပြောင်းတစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ ဒီမှန်ပြောင်းဟာ အရည် အသွေးမြင့် မြင်လွှာပုံရိပ်တွေကိုလည်း ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံးအဖြစ် ဖန်တီးနိုင်တဲ့ နည်းပညာတစ်ရပ်ဖြစ်ပြီး ဖုန်းကနေတစ်ဆင့် လူတစ်ဦးရဲ့ မျက်လုံးကို စမ်းသပ်နိုင်ခြင်း၊ မြင်လွှာဓာတ်ပုံကို ရိုက်ကူးနိုင်ခြင်း၊ မျက်စိရောဂါများ ရှိမရှိကို စစ်ဆေးနိုင်ခြင်း စတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ““မိုဘိုင်းဖုန်းနည်းပညာတွေဟာ တဖြည်းဖြည်း မြင့်မားလာပြီး 21 mega pixels လောက်အထိ ရိုက်ကူးနိုင်တဲ့ ဆဲလ်ဖုန်းတွေတောင် ရှိနေပါတယ်။ ဒါ့ကြောင့် မျက်စိကုဌာန တွေမှာပဲ မျက်စိကို စစ်ဆေးနိုင်တဲ့ အကန့်အသတ်ကို ဖယ်ရှားလိုတာကြောင့် တီထွင်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒီကိရိယာကို အသုံးပြုပြီး ရိုက်ကူးထား တဲ့ပုံရိပ်ကို အင်တာနက်ကနေတစ်ဆင့် မျက်စိအထူးကုဆရာဝန်ရှိတဲ့ စင်တာကို ပို့ပေးပြီး ရလဒ်ကိုစောင့်နေဖို့ပဲ လိုပါတယ်”” လို့ ဦးဆောင်တီ ထွင်ခဲ့တဲ့ Dr.Divyansh Mishra က ရှင်းပြခဲ့ပါတယ်။ သက်နှင်း

အချို့ကိုယ်ဝန်ဆောင်များတွင် Aspirin ဆေးပုံမှန်သောက်သုံးသင့်ကြောင်း US မှ ထောက်ခံ

Image
Health Updates Journal No. 114 အမေရိကန်မှ ကျန်းမာရေးတာဝန်ရှိသူများက ပြီးခဲ့သည့်အင်္ဂါ နေ့က သွေးကျဲစေရန်နှင့် အကိုက်အ ခဲပျောက်စေရန် သုံးသည့် Aspirin အက်စပရင်ဆေးအား Low dose ဆေးပမာဏလျော့ သောက်ပေးခြင်း က ကိုယ်ဝန်ဆောင်များတွင် ကြုံတွေ့ ရနိုင်သည့် ကိုယ်ဝန်ဆိပ်တက်ခြင်း Pre- eclampsia အား သက် သာစေသည်ဟု ပြောကြားခဲ့သည်။ ဆီးချို၊ သွေးတိုးနှင့် အမြွှာကိုယ်ဝန်ဆောင် ထားရသူများ၊ ပထမ ကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ် တက်ဖူးသူများတွင် Pre-eclampsia ပိုဖြစ်နိုင်ပြီး ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလ ပြီးသည့်နောက်တွင် Aspirin အား တစ်ရက်လျှင် ၅၀-၁၆၀ mg ကြား သောက်ပေးခြင်းက ကိုယ်ဝန်ဆိပ်တက်မှု Pre- eclampsia အား ၂၄ရာခိုင်နှုန်း သက်သာစေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် Aspirin အား သတ်မှတ်ထားသည့်အတိုင်း နေ့စဉ်သောက်သုံးခြင်းက အချိန်မတိုင်မီ မွေးဖွားမှုအား ၁၄% သက်သာစေပြီး ကလေးကြီးထွားမှု နှုန်းနှေးစေသည့် အခြားသောရောဂါများမှ ၂၀% ကာကွယ်ပေးကြောင်း သိရသည်။ Aspirin အား အချိန်အပိုင်းအခြားတစ်ခုအထိ သုံးရုံဖြင့် မည်သည့် ကျန်းမာရေးပြဿနာမျှ မကြုံရကြောင်း အခြားသော လေ့လာမှု ၁၉ ခုမှ ထောက်ခံခဲ့သည်။ ယင်းကဲ့သို့ Aspirin့ သောက်သုံး

မိုဘိုင်းဖုန်း application တစ်ခုဖြစ်တဲ့ Whats Application ကြောင့်ဖြစ်တဲ့ WhatsAppitis ရောဂါ

Image
မိုဘိုင်းဖုန်း application တစ်ခုဖြစ်တဲ့ Whats Application ကြောင့်ဖြစ်တဲ့ WhatsAppitis ရောဂါ ဆေးပညာအထင်ကရ ဂျာနယ်ကြီးတစ်စောင်ဖြစ်တဲ့ The Lanceet ဟာ WhatsApp Messenger ကို အသုံးပြုပြီး တစ်နေ့ကို အချိန်၆ နာရီထက် ပိုကြာအောင်သုံးနေသူတွေဟာ ကျန်းမာရေးထိခိုက်ပြီး ရောဂါ ဆန်းတစ်မျိုး ဖြစ်လာကြောင်း ရေးသား ဖော်ပြထားပါတယ်။ WhatsAppitis ဆိုတဲ့ ရောဂါဟာ စပိန်ဆရာဝန်တစ်ဦးက အသက် ၃၄နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အဆိုပါဖုန်းပရိုဂရမ်ကို အလွန်အကျွံ အသုံးပြုပြီး လက်ကောက်ဝတ် နှစ်ဖက်စလုံး နာကျင်တဲ့ရောဂါကို စတွေ့ ပြီးနောက် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ““ဖြစ်ပွားသူ အမျိုးသမီးဟာ သူမရဲ့လက်မနှစ်ဖက် ကိုသုံးပြီး မိုဘိုင်းဖုန်းမှတစ်ဆင့် တစ်နေ့ကို အနည်းဆုံး ၆နာရီကြာအောင် စာသားတွေပို့ခြင်း လုပ်ခဲ့ တာဖြစ်ပါတယ်။ အဲဒီနောက် မှာတော့ လက်ကောက်ဝတ် နှစ်ဖက်စလုံး မခံမရပ်နိုင်အောင် နာကျင်တော့ တာပါပဲ””လို့ စပိန်နိုင်ငံသား သမားတော် Dr.Ines Fernandez-Guerrero က ပြောကြားထားပါတယ်။ ဒီရောဂါကိုအမည်တပ်ဖို့ Whats Appitis လို့ သတ်မှတ်ခဲ့ကြောင်း၊ ကုသမှုအနေနဲ့ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက် ဆေးဝါးတွေ ပေးခဲ့ပြီး ဒီမိုဘိုင်းဖုန်း အပလီကေးရှင

Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း

Image
  Tue, Apr 29, 2014 at 2:11 PM Dear doctor, I beg you to read my letter (file attached) patiently. I hope that you will reply to me. I will be waiting for reply. ဒီ အီးမေးလ်နဲ့အတူ အသက် ၄၉ နှစ်ရှိ၊ အမျိုးသမီးတဦးဆီကနေ စာမျက်နှာ ၂ ရွက်အပြည့် လက်ရေးနဲ့ စာတစောင် ရပါတယ်။ သူ့ဆီကိုပြန်ဘို့ ဒီဆေးပညာစာလေး ရေးတာပါ။ စိုးရိမ်စိတ်ကဲလွန်ခြင်းမှာ အမျိုးအစားတွေများတယ်။ 1. panic disorder ဆောက်တည်ရာမရဖြစ်ခြင်း၊ 2. obsessive compulsive disorder စွဲလမ်းမှု အားကြီးခြင်း၊ 3. post-traumatic stress disorder ထိခိုက်ဒဏ်ရာရပြီး စိတ်ဖိအားများခြင်း၊ 4. social anxiety disorder အသိုင်းအဝိုင်းထဲ ဝင်မဆန့်ခြင်း၊ 5. specific phobias တခုခုကိုသတ်သတ်မှတ်မှတ်ကြောက်နေခြင်း နဲ့ 6. generalized anxiety disorder ယေဘုယျကြောက်စိတ်အားကြီးခြင်း။ Anxiety စိုးရိမ်စိတ်ဆိုတာ လူ့သဘာဝဖြစ်တယ်။ အချိန်မရွေး၊ လူမရွေးမှာ လာဖြစ်နေတယ်။ Anxiety disorders စိုးရိမ်စိတ်ကဲလွန်ခြင်းကတော့ ရောဂါဖြစ်တယ်။ သူ့ရဲ့ပုံမှန်ဘဝကို ရင်ဆိုင်ကျော်လွှားဘို့မှာ အခက်အခဲအတားအဆီးတခု ဖြစ်နေတော့တယ်။ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေတွေထဲမှာ ဒီရောဂါက ဆိုးတဲ့အထဲမှာ ပါတယ်။ 1. Pani

Y chromosome ဝိုင် ခရိုမိဇုမ်း

Image
• ‘ခရိုမိဇုမ်း’ ဆိုတာ ကြားဘူးကြပါမယ်။ လူတိုင်းမှာ မျိုးဗှီဇအရ အရေးပါတဲ့ အဓိက ‘ခရိုမိဇုမ်း အိတ်စ်’ နဲ့ ‘ခရိုမိဇုမ်း ဝိုင်’ ဆိုတာ ရှိကြတယ်။ • ‘ဝိုင်’ ဆိုတာက အထီး (ယောက်ျား) မှာသာပါတယ်။ • ကိုယ်ဝန်တခုမှာ ယောက်ျားလေးဖြစ်မလား၊ မိန်းကလေး ဖြစ်မလားဆိုတာ ‘ဝိုင် ခရိုမိုဇုမ်း’ ကနေဆုံးဖြတ်တယ်။ • ယောက်ျားတွေမှာ သုက်ပိုးထုတ်ရာမှာလဲ သူကအရေးကြီးတယ်။ • အခုသိလာရပြန်တာက လူ့သက်တမ်းကို သူကနေဘဲ ဆုံးဖြတ်ပါသတဲ့။ • ကနေ့သိထားသမျှ ယောက်ျားတွေဟာ မိန်းမတွေထက် အသက်တိုကြတယ်။ • Uppsala University အူပန်ဆာလာ တက္ကသိုလ်သုတေသနလုပ်သူတွေကနေ အသက်ကြီးသူ လူပေါင်း ၁၆ဝဝဝ ကိုစမ်းသပ်ခဲ့ပါတယ်။ • တွေ့ရှိလာတာကတော့ သွေးဖြူဥတွေထဲမှာ ‘ဝိုင်ခရိုမိုဇုမ်း’ ပျောက်ဆုံးခြင်းဟာ အသက်တိုတယ်လို့ဖြစ်ပါတယ်။ ကင်ဆာကြောင့်လဲ အသက်သေစေနိုင်ပါသေးတယ်။ • ကင်ဆာနဲ့သေရသူတွေထဲမှာ ယောက်ျားတွေကပိုအသက်တိုကြတယ်။ • ပုံမှန် ဆဲလ်တွေထဲက DNA ပြောင်းလဲခြင်းဖြစ်ရင် ကင်ဆာနဲ့ ဆီးချိုဖြစ်နိုင်တယ်။ • အိန္ဒိယမှာ ယောက်ျားတွေက ၆၄့၆ နှစ်နဲ့ မိန်းမတွေက ၆၇့၇ နှစ်အသက်ရှည်ကြတယ်။ ၂ဝဝ၂ နဲ့စာရင် မိန်းမတွေက ၂့၂ နှစ်နဲ့ ယောက်ျားတွေက ၁့၈ နှစ်ပိုအသက်ရှည်လာတာဖြစ်တယ်။ • မြို့နေအမျိုးသမီးတွေ

In vitro fertilization (IVF) ပြင်ပမှာ သန္ဓေတည်စေနည်း

Image
Test-tube babies ဖန်ပြွန်သန္ဓေသားဆိုတာ ကြားဘူးကြပါမယ်။ ၁၉၇၈ တုံးက အင်္ဂလန်မှာ Louise Brown ‘လူးဝစ် ဘရောင်း’ ကို မွေးခဲ့တာကနေစပြီး လူသိများလာတာပါ။ သူဟာ သူ့မိခင်ရဲ့ဝမ်းဗိုက် (သားအိမ်) ထဲမှာ မနေခဲ့ရပါ။ Artificial insemination နည်းမှာတော့ ခပ်ရှင်ရှင်းဘဲ သုက်ပိုးကို သားအိမ်ထဲကို တမင်တကာ ထည့်ပေးနည်း လုပ်တာ ဖြစ်ပါတယ်။ IVF နည်းမှာတော့ မျိုးဥနဲ့ သုက်ပိုးတွေကို ဓါတ်ခွဲခန်းထဲ မှာပေါင်း စပ်စေတယ်၊ သန္ဓေ ဖြစ်လာစေတယ်။ နောက်ပြီးမှ သားအိမ်ထဲကို ထည့်ပေးရပါတယ်။ ရှုပ်ထွေးတယ်။ အကုန်အကျများတယ်။ ကလေးမရသေးတဲ့ အတွဲတွေထဲက ၅% ကသာ ဒီနည်းလုပ်ပါတယ်။ ဒါပေမဲ့ ၁၉၈၁ ကစပြီး ယူအက်စ်မှာ စလုပ်လာတာကနေ ကနေ့အထိ အဲလို IVF နည်းနဲ့မွေးတဲ့ကလေးပေါင်း ၂ သိန်းကျော်နေပါပြီ။ ဘာလို့ ကလေးမရသေးသလဲ 1. Endometriosis သားအိမ်ရောဂါ၊ 2. Low sperm counts သုက်ပိုးနည်းခြင်း၊ 3. Problems with the uterus or fallopian tubes သားအိမ်နဲ့ ပြွန်ရောဂါ၊ 4. Problems with ovulation မျိုးဥမထွက်ခြင်း၊ 5. Antibody problems that harm sperm or eggs သုက်ပိုးနဲ့ မျိုးဥကိုဆန့်ကျင်တဲ့ ‘အင်တီဘော်ဒီ’ ထွက်ခြင်း၊ 6. The inability of sperm to penetrate or survive in the cerv

၂၅-၄-၂ဝ၁၄ မှ ၁-၅-၂ဝ၁၄ အတွင်း အဌဟောကိန်း ၊ စံဇာဏီဘို

Image
တနင်္ဂနွေ စိတ်ကူးသစ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သည်။ အတတ်ပညာကို အခြေတည်၍ အဆင့်မြင့် တက်လမ်းများ ဖန်တီးနိုင်မည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ အနာရောဂါဟောင်းများ ပြန် လည်ဖြစ်ပေါ်မည်။ သွား၊ သွားဖုံး၊ မျက်စိနှင့် ပတ်သက်၍ ဆေးကုသမှု ခံယူရခြင်း ကြုံမည်။ ဝေးကွာနေသူ များနှင့် ပြန်လည်ဆက်ဆံ အကျိုးပေးမည်။ ယတြာ ။ ။ မွေးနေ့တွင် ရေချိုလိပ်ခွံတစ်ခု မိမိဝန်းကျင်တွင် ထားပါ။ တနင်္လာ ကာလအတန်ကြာ ကြိုးပမ်းထားသည်များ၏ အကျိုးဆက်ကောင်းကို ရရှိမည်။ စစ်မှန် သော အရည်အေ သွးကောင်းများ ဖော်ထုတ်နိုင်လိမ့်မည်။ ငွေကြေးအပေးအယူကိစ္စ၊ ပညာရပ် ဆိုင်ရာကိစ္စများတွင် အငြင်းပွားဖွယ်ရာများ ဖြစ်မည်။ တိုး တက်ရန်အနေအထား ရုတ်ခြည်း ပေါ်ပေါက်ပြီး ဆိုင်းငံ့သွားမည်။ စိတ်လိုက်မာန်ပါ ပြောဆိုခြင်းကြောင့် မိတ်ပျက်ရခြင်း၊ ရန်ပေါ် ခြင်းများရှိမည်။ ယတြာ ။ ။ မွေးနေ့တွင် ကြာပန်းပွင့်ကို ရေအင်တုံတွင် ထည့်၍ စိုက်ပျိုးထားရှိပါ။ အင်္ဂါ ငွေကြေးကံကောင်းမည်။ လုပ်ငန်းအကြံအစည်မှန်သမျှ ထွန်းပေါက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ယှဉ်ပြိုင်လာသူအားလုံးအပေါ် အနိုင်ယူနိုင်မည်။ အခါတိုင်းတွင် မရှိသော မိမိကိုယ်မိမိ ယုံကြည်မှုစိတ်ရှိပြီး ခက်ခက်ခဲခဲကိစ္စများကို ဆေ

ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲ ကန့်ကွက်ခံထားရ

Image
“အမှန်တရား မကြာခင်အတွင်း ပေါ်လာပါလိမ့်မယ်။ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်” အဲဒီလို ပြောလိုက်သူက နာမည်ကြီး သရုပ်ဆောင် မင်းသမီး ဆုပန်ထွာနဲ့ မကြာသေးခင်က လူသိ ရှင်ကြား စေ့စပ်ပွဲလေး လုပ်ခဲ့တဲ့ ကိုဥက္ကာကျော်ဖြစ်ပါတယ်။ ဓာတ်ပုံ- ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ် အဲဒီလို ဘာကြောင့်ပြောရတာလည်းဆိုတော့ ဧပြီလ ၂၉ ရက်နေ့ ကြေးမုံသတင်းစာပါ ခင်ပွန်းဖြစ်သူ ရဲ့ စေ့စပ်ကြောင်း လမ်းခြင်းအပေါ် ကန့်ကွက် ကြေညာခြင်း ဆိုတဲ့ ကိုဥက္ကာကျော်ရဲ့ ဇနီးဟောင်း ဖြစ် သူ ဒေါ်မဉ္စူအောင်ရဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာမှုပါဘဲ။ ကိုဥက္ကာကျော်ရဲ့ ဖေ့စ်ဘုတ်က စာသား အမေရိကန်ပြည်ထောင်စုမှာ သားတဦးမိခင် ဒေါ်မဉ္စူအောင်ရဲ့ အီးမေးလ်၊ တယ်လီဖုန်းတို့နဲ့ လွှဲအပ်ညွှန် ကြား ချက်အရ ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က အဲဒီကြေညာချက်ကို ထည့်ခဲ့တာဖြစ်ပါတယ်။ ကြေညာချက်အရ ကိုဥက္ကာကျော်နဲ့ မမဉ္စူအောင်တို့ဟာ ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ၂ ဖက်မိ ဘတွေရဲ့ သဘောတူညီချက်တွေနဲ့ တရားဝင် ထိမ်းမြားလက်ထပ်ခဲ့ကြပြီး သား တဦးထွန်းကားခဲ့ပါတယ် တဲ့။ အခုအခါ အသက် ၁၁ နှစ် ရှိပြီဖြစ်တဲ့ သားဖြစ်သူဟာ မွေးရာပါ ရောဂါ စွဲကပ်နေလို့ ဆေးကုသဖို့ အမေရိကန် ပြည်ထောင် စုကို ရောက်နေတာဖြစ်တယ်လု