ကောင်းပြည့်ရဲ့ 14 Club မဏ္ဍပ်



ဒါရိုက်တာ ဗန်းကြီး ရိုက်ကူးနေတဲ့ “တောသူလေး” ဇာတ်ကားကို ကောင်းပြည့်က ဖွေးဖွေး နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား ထဲမှာ ကောင်းပြည့်က အဆိုတော် ကောင်လေး အဖြစ် သရုပ်ဆောင်နေပါတယ်။ ဒီနှစ် သင်္ကြန်တွင်း ကိုတော့ ကောင်းပြည့်က သူငယ်ချင်းတွေ နဲ့ အတူ သင်္ကြန်ရေကစား မဏ္ဍပ်ဆောက် ဖို့ အတွက် စီစဉ်ဖြစ်နေတယ် လို့ သိရပါတယ်။ အခုလိုမျိုး သင်္ကြန် မဏ္ဍပ်ဆောက်ဖြစ်ပုံ နဲ့ပတ်သက်ပြီး ကောင်းပြည့် က ပြောပြခဲ့ပါတယ်။

“ကျွန်တော် ဒီနှစ် ကမ္ဘာအေး ဘုရားလမ်းမှာ ကျွန်တော့် သူငယ်ချင်းတွေနဲ့ 14 Club နာမည် နဲ့ဆောက်ဖြစ် တယ်။ 14 ဆိုတာက ၂ဝ၁၄ ကို ကိုယ်စားပြုတယ်။ Club ဆိုတာက အဖွဲ့ အစည်း ပုံစံမျိုးလေးနဲ့ပါ။ ကျွန်တော်တို့ မဏ္ဍပ်ကိုလာတဲ့ သူတွေ အားလုံးကို မိသားစု ပုံစံမျိုးနဲ့ဖြစ်အောင် စီစဉ် ပေးထားတယ် ။ပြီးတော့ လုံခြုံရေးကို လည်း အကောင်း ဆုံးဖြစ်အောင် စီစဉ်ပေးထားပါတယ်။ မဏ္ဍပ်မှာ ရေကစားတဲ့ သူတွေရဲ့ အန္တရာယ် ကင်းဖို့အတွက်လည်း လုံခြုံရေးကို အယောက်လေး ငါးခြောက် ဆယ်လောက် စီစဉ်ပေး ထားတယ်။ ကျွန်တော်တို့ မဏ္ဍပ်မှာ ကံစမ်းမဲ အနေနဲ့ ဖောက်ပေးဖို့ ကိုလည်း စီစဉ်ထားတာ ရှိတယ်။ အိမ်ကမိဘ တွေလည်း စိတ်ချ ရအောင် စီစဉ်ထားပါတယ်။ အန္တရာယ် ကင်းအောင် စီစဉ် ထားပါ တယ်။ မဏ္ဍပ်ကရခဲ့တဲ့ အကျိုးအ မြတ်ကိုလည်း ကျွန်တော် လှူဒါန်းဖို့ စိတ်ကူးထားပါတယ်” လို့ ဆို ပါတယ်။

လွင်လွင်ထွန်း
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...