သင်္ကြန်ကာလတွင် သာသနာ့ဘောင်သို့ ဝင်ကြမည့် 5 Star အဖွဲ့



နှစ်သစ်ကူးအတာသင်္ကြန် ကာလတွင် တချို့အိမ်မှာနေ၊ တချို့ရေပက်ခံထွက်၊ မဏ္ဍပ်ဝင်ရင်းသင်္ကြန်ကာလ ကို ဖြတ်သန်းကြသလို တချို့လည်း သာသနာ့ဘောင်သို့ ဝင်ရောက်ကာတရားရိပ်၊ ဘုရားရိပ်ကို ခိုလှုံ့ ရင်း ဖြတ်သန်းကြသည်။ ထိုအထဲတွင် ပရိသတ်အချစ်တော် 5 Star လူရွှင်တော်အဖွဲ့လည်း သင်္ကြန်ကာလ အတွင်း သာ သနာ့ဘောင်သို့ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

” ကျွန်တော်တို့ ဒီနှစ်သင်္ကြန်ကာလ အတွင်းသာသနာ့ဘောင်သို့ တစ်ဖွဲ့လုံးဝင်ကြမှာပါ။ ဒါကလည်း ရန်ကုန်မှာ မဟုတ်ပါဘူး။ နဂါးရုံဘုရားမှာဝင်မှာပါ။ အဲဒါက မုံရွာမြို့၊ ဗောဓိ တစ်ထောင်ဘုရားဝင်းအတွင်းမှာ ရှိတာလေ။ အဲဒီဘုရားမှာ ချစ်ရတဲ့ပရိသတ်တွေ ဆီကရတဲ့ အနုပ ညာကြေးတွေကို လှူဒါန်းထားပါတယ်။ အဲဒီ နဂါးရုံဘုရားက အမြင့်ပေ ၁ဝ၈ပေရှိပါတယ်။ ဝင်ဖြစ်သွားတာကလည်း ကုသိုလ်လည်းယူ၊ အမှတ်တရ လည်း ဖြစ်အောင်လို့ပါ။ ကျွန်တော်တို့ 5Star အဖွဲ့ရဲ့ ခုနစ်နှစ်ပြည့်အထိမ်း အမှတ်ပွဲကို လုပ်ပြီးတဲ့နောက် မှာ အဲဒီကိုသွားပြီး ကုသိုလ်ယူကြမှာပါ။ ရက်ကတော့ အတိအကျမ သတ် မှတ်ရသေးပါ ဘူး။ သေချာတာ ကတော့ သင်္ကြန်မတိုင်ခင်ပါပဲ” ဟု 5 Star အဖွဲ့မှ လူရွှင်တော်ကြာစိက ပြောသည်။

M ဘွယ်
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...