Apple Siri ကဲ့သို့ အသုံးပြုနိုင်မည့် Cortana App ကို Microsoft မိတ်ဆက်

အတွဲ (၁၅)၊ အမှတ် (၁၅)


Microsoft သည် Windows Phone ဟန်းဆက်များအတွက် virtual assistant တစ်ခုကို မိတ်ဆက်ပြသ ခဲ့ကြောင်း သိရသည်။ Microsoft သည်အသံဖြင့် ထိန်းချုပ်၍ရသည့် Cortana app ကို၎င်း၏ search engine Bing နှင့်ကိုယ်ပိုင် ကိစ္စများပြုလုပ်ရန် ဟန်းဆက်ပေါ်တွင် အချက်အလက် သိမ်းဆည်းထားသည့် ကိစ္စများတွင် အသုံးပြုထားသည်။

Apple နှင့် Google သည်၎င်း၏ iOS နှင့် Android platform များတွင်၎င်းကဲ့သို့ ဝန်ဆောင်မှုများ ပြုလုပ် ထားကြကြောင်း သိရသည်။ သို့ရာတွင် ပညာရှင်တစ်ဦးက Microsoft အနေဖြင့် ၎င်းဝန်ဆောင်မှုကို လွှင့်တင်ရန်စောင့်ဆိုင်းနေမှုသည် အကျိုးရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Cambridge တက္ကသိုလ်၏ သတင်းအချက်အလက် အင်ဂျင်နီယာ ပရော်ဖက်ဆာ Steve Young က Siri နှင့် Google Now တွင်တစ်စုံတစ်ယောက် စကားပြောဆိုသည့် စကားလုံးမှအဓိပ္ပာယ်များကို ယူထားသောကြောင့် စွမ်းဆောင်ရည် အကန့်အသတ်ရှိကြောင်း ပြောဆိုခဲ့သည်။ အမျိုးသမီးအသံ ထည့်သွင်းထားသော Cortana ကို Microsoft မှထုတ်လုပ်သည့် Halo ဗွီဒီယိုဂိမ်းအတွင်းမှ ဦးနှောက်တုစနစ်ကို အစွဲပြု ၍ခေါ်ခြင်းဖြစ်ကြောင်း Windows Phone အကြီးအကဲ Joe Belfiore ကထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါစနစ်ကို အမေရိကန်နိုင်ငံတွင် စတင်လွှင့်တင်သွားမည်ဖြစ်ပြီး ဗြိတိန်နှင့်တရုတ်နိုင်ငံတို့ တွင်ဆက် လက်တိုးချဲ့ သွားမည်ဖြစ်ကာ Windows Phone 8.1 update ပြုလုပ်ထားသည့် အခြားဈေးကွက်များတွင် ဆက်လက်တိုးချဲ့ သွားမည်ဖြစ်သည်။

-စိုးထက်
Ref: BBC
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...