Application တစ်ခုဖြင့် လူသန်းပေါင်းများစွာအား အမြင်အာချို့တဲ့ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်တော့မည်လော


photo : http://www.spyghana.com/

ဖုန်းapplicationအသစ်တစ်ခုကြောင့် ကမ္ဘာပေါ်က ဆင်းရဲတဲ့ လူသန်းပေါင်းများစွာကို မျက်စိရောဂါများ ဖြစ် ပွားခြင်းမှ ကာကွယ်နိုင်တော့မယ်လို့ ဆိုပါတယ်။

အိတ်ဆောင်မျက်လုံးစမ်းသပ်ရေးသမား(pocket optician)လို့ ခေါ်တဲ့ Portable Eye Examination Kit (PEEK) အပ်ပလီကေးရှင်းကို စမတ်ဖုန်းထဲ ဒေါင်းထည့်ရမှာဖြစ်ပြီး အခြေခံမျက်လုံးစစ်ဆေးမှုတွေကို သူက ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

စစ်ဆေးလို့ရလာတဲ့ ရလဒ်တွေကိုတော့ သင့်လျော်စွာ ခွဲခြားပေးမဲ့ မျက်စိဆရာဝန်တွေဆီကို အီးမေးနဲ့ ပို့ရမှာဖြစ်ပါတယ်။

လက်ရှိမှာ ကင်ညာနိုင်ငံက လူပေါင်း ၅၀၀၀ နဲ့ စမ်းသပ်နေပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ အပူပိုင်းဒေသ ဆေးဘက်ဆိုင်ရာ London School မှ သိပ္ပံပညာရှင်တွေက ဒီအပ်ပလီကေးရှင်း ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လူပေါင်း၂၈၅သန်းဟာ အမြင်အာရုံဆုံးရှုံးမှုနဲ့ ချို့ယွင်းမှုတွေကို ကြုံနေရပြီး လူ ၅ ယောက်မှာ ၄ ယောက်ဟာ ကြိုတင်ကာကွယ် ကုသလို့ရနိုင်ခဲ့တယ် လို့ဆိုပါတယ်။ ဒီလူတွေရဲ့ ၉၀ရာခိုင်နှုန်းဟာလည်း ဝင်ငွေနိမ့်ကျ နိုင်ငံတွေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

PEEK အပ်ပလီကေးရှင်းကို သက်ကြီးပိုင်း စမ်းသပ်မှုတွေမှာ အခက်အခဲတွေရှိနေပေမဲ့ အမြင်အာရုံပြဿ နာတွေကို ဖော်ထုတ်ရာမှာ ထိထိရောက်ရောက် ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...