လက်တွေ့လုပ်ငန်းခွင်ပါသော Architecture ဘာသာရပ်ကို UCSI တက္ကသိုလ်တွင် သင်ယူနိုင်ပြီ

မလေးရှားနိုင်ငံတွင် Campus လေးခုဖြင့် ရပ်တည်လျက်ရှိသော UCSI တက္ကသိုလ်တွင် ဘာသာရပ် ဌာနပေါင်း (၈)ခုဖြင့် ဖွဲ့စည်းထားပြီး ဘာသာရပ်ပေါင်း (၇၀) ခန့် သင်ကြားပေးလျက်ရှိပြီး မြန်မာနိုင်ငံ မှ ကျောင်းသားများ စိတ်ဝင်စားသော ဘာသာရပ်မှာ School of Anti-Aging, Aesthetics & Regenerative Medicine ဖြစ်သည်။ ၎င်းဘာသာရပ်ကို မြန်မာနိုင်ငံမှ ဆရာဝန်ဘွဲ့ရ ကျောင်းသားများ အများဆုံးတက်ရောက်သင်ယူခဲ့ကြသော ကျောင်းသားဦးရေ (၁၅) ယောက်ဝန်းကျင်ခန့်ရှိခဲ့သည်။ Civil Engineering နှင့် Architecture Studies ဘာသာရပ်များ ကို မြန်မာနိုင်ငံမှ ကျောင်းသားများ ယခုနှစ်တွင် ထူးခြားစွာ စိတ်ဝင်စားလာခဲ့ကြောင်း ၎င်းဘာသာရပ်ကို အလုပ်သင်ကာလ (၆)လနှင့်တွဲ၍ သင်ကြားရ မည်ဖြစ်ကြောင်း Myanmar Search International (MSI) မှ သိရှိရသည်။



UCSI တက္ကသိုလ်တွင် ဗိသုကာ ပညာရပ် (Architecture) ကို Diploma Level မှ B.A(Hons:) နှင့် B.Sc(Hons:) Level အထိ လုပ်ငန်းခွင် ကာလ (၆)လနှင့် ပူးတွဲ သင်ကြားနိုင်သည်။ UCSI ၏ Architecture ဘာသာရပ်သည် ကျွမ်းကျင်စွာ လုပ်ငန်းခွင်ဝင်နိုင်ရန်လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ နားလည်နိုင်စွမ်းနှင့် လက်တွေ့ပိုင်းဆိုင်ရာ ကျွမ်းကျင်ရန် လိုအပ်ချက်များအား မြှင့်တင်ပေးနိုင်ရန် ဖြစ်သည်။ ၎င်းတက္ကသိုလ်၏ ထူးခြားချက်မှာ- ကျောင်းသားများသည် ကျောင်းတက်နေရင်းနှင့် လုပ်ငန်းခွင် (၆)လ လုပ်ကိုင်ရမည်ဖြစ် သောကြောင့် ဘွဲ့ရကျောင်းသားများသည် Architectural, Interior Architectural, Developer, Construction, Supplier and Manufacturer နယ်ပယ်များနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ကျွမ်းကျင်သော လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိနိုင်ပေသည်။

ဗိသုကာ ပညာရပ် (Architectre) ဆိုသည်မှာ ယေဘုယျအားဖြင့် အဆောက်အအုံများ နှင့် အခြား ရုပ်ဝတ္တုပိုင်းဆိုင်ရာများ ၏ ပုံစံရေးဆွဲခြင်း ဖြစ်ပြီး ၎င်းတို့၏ တည်ထောင်ခြင်းနှင့် ပုံစံထုတ်ရေးဆွဲခြင်းများ အတွက် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ် ရောထားသော ဘာသာရပ်ဖြစ်သည်။ Architecture ဘာသာရပ်သည် လူသားတို့၏ ပတ်ဝန်းကျင်တည်ဆောက်မှုလုပ်ငန်းများတွင် အနုပညာဆိုင်ရာ ပုံစံများလှပဆန်းသစ် စွာ ခေတ်မှီသော ဒီဇိုင်းနည်းပညာဖြင့် တီထွင် ထုတ်လုပ်နိုင်ရန် သင်ကြားပေးသော ဘာသာရပ်ဖြစ်သည်။ ဗိသုကာပညာရှင်များ ၏ စိတ်ကူးအမြင်များသည် လက်တွေ့ဆန်သော ပတ်ဝန်းကျင်တည်ဆောက်မှုများ နှင့် လူမှုဘဝ ဝန်းကျင်သို့ ဦးတည်ပြီး ပြုလုပ်သော စီမံကိန်းဖြစ်သည်။ Architecture သည် အဆောက်အအုံ၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပုံစံများအားလေ့လာရာတွင် ယဉ်ကျေးမှု အမှတ်လက္ခဏာများနှင့် အနုပညာများဖော် ထုတ်ခြင်းဖြစ်သည်။ သမိုင်းဝင်ယဉ်ကျေးမှုများသည် Architecture ၏ အောင်မြင်မှု များအတွက် သက်သေဖော်ထုတ်ချက်များဖြစ်သည်။ တီထွင်နိုင် စွမ်းရှိပြီး ကောင်းမွန်စွာ လေ့ကျင့်ပေးထားတဲ့ ဘွဲ့ရ သူတိုင်းဟာ လုပ်ငန်းများတည်ထောင်ဖို့အတွက် ၎င်း တို့၏ Architecture ဗဟုသုတများနှင့် ပြဿနာများအား သက်ဆိုင်ရာ နယ်ပယ်အတွင်းမှ ဖြေရှင်းနိုင်ခြင်းသည် အနာဂတ်တိုးတက်ရန်အတွက် အဓိကကျသော ကျွမ်းကျင်သော သူများဖြစ်သည်။

UCSI University ၏ Architecture နှင့် Interior Architecture ဒီဂရီ ဘွဲ့သည် မလေးရှားနိုင်ငံ Council of Architectural Accreditation & Education Malaysia (CAAEM) ၏ အသိအမှတ်ပြုမှုအတွက် သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့် အညီ လိုအပ်ချက်များကို အစဉ် မွမ်းမံ ပြုပြင်ပြောင်းလဲလျက် ရှိသည်။

Bachelor of Architecture (BA(Hons), BSc(Hons)) ဘာသာရပ်နှင့် ဘွဲ့ရပြီးသူများသည် Assistant Architect, Project Manager, Interior Designer, Design Consultant, Project Executive, Design Research Assistant Free Lance Designer မှ အစ တက္ကသိုလ်တွင် ဆရာများ အနေဖြင့် အလုပ်လုပ် ကိုင်နိုင်ကြသည်။ ထို့အပြင် ပရိဘောဂ ပုံစံများ၊ လျှပ်စစ်မီးအလှတပ်ဆင်မှုပုံစံများ၊ ပန်းခြံအလှပုံစံများ၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကွင်းပုံစံများ၊ ပြတိုက် အလှပြင်ဆင်မှုများမှ အစ ဒီဇိုင်းပညာနှင့် ဆက်နွယ်သော လုပ်ငန်းနယ်ပယ်များတွင် လုပ်ကိုင်နိုင်ပြီး ဘွဲ့ရ အလုပ်အကိုင် ရရှိမှုနှုန်းမြင့်မားမှုတွင် မှတ်တမ်းတင်ခံထားသည်။ ထို့ အပြင် အခြား နယ်ပယ်များဖြစ်ကြသော Marketing၊ Promotion, Facility Management နှင့် Development နယ်ပယ်များတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်သည်။ အခြား အရောင်းဆိုင်ကြီးများ၊ ဟိုတယ်ကြီးများ၊ အပန်းဖြေနေရာများနှင့် ပိုင်ဆိုင်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းကြီးများတွင် Architect များနှင့် Architecture နှင့်ဘွဲ့ရသူများအား မန်နေဂျာနှင့် လုပ်ငန်းကြီးကြပ်သူများ ကဲ့သို့သော Designer များအဖြစ် ခန့်အပ်ထားလေ့ရှိသည်။ ထိုကဲ့သို့ နိုင်ငံနှင့် အဝှမ်းလုပ်ငန်းကြီးများတွင် လုပ်ငန်းအတွေ့အကြုံရယူရင်းနှင့် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်ကြသော ဘွဲ့ရဗိသုကာ ပညာရှင် များ စွာ ရှိကြသည်။

ဝင်ခွင့်သတ်မှတ်ချက်များမှာ- ဆယ်တန်းအောင် ကျောင်းသားများအတွက် စာမေးပွဲရမှတ်တစ်ဘာသာလျှင် ပျမ်းမျှအမှတ် (၆၀နှင့် အထက်) ရှိရမည်ဖြစ်ပြီး မလေးရှားနိုင်ငံ တက္ကသိုလ်ကျောင်းများနှင့် နိုင်ငံတကာ အသိအမှတ်ပြု Foundation in Arts/Science တွင် CGPA 2.5 (သို့) Foundation in Architecture Studies နှင့် တူညီသော အတန်းများတွင် CGPA 2.0 အနည်းဆုံးရရှိရမည်ဖြစ်သည်။ အင်္ဂလိပ်စာဝင်ခွင့် လိုအပ်ချက်မှာ- IELTS 5.5 (သို့) TOEFL 550 ရှိထားရမည်ဖြစ်ပြီး အင်္ဂလိပ်စာ လိုအပ်ချက် မပြည့်မှီသော ကျောင်းသားကျောင်းသူများအတွက် UCSI ၏ Additional English Module(s) ဘာသာရပ် အဖြစ် ယခုဘွဲ့ဒီဂရီတန်းတွင် ထပ်တိုးယူနိုင်ကြောင်းသိရှိရသည်။ (ခြွင်းချက်- အင်္ဂလိပ်စာဘာသာရပ် သီးခြားမပါဝင်သော နိုင်ငံတကာ ကျောင်းသားများ English Placement Test (EPT) ကို ဖြေဆိုရန် လိုအပ်သည်။ Undergraduate တန်းကို တိုက်ရိုက်တက်ရောက်ချင်သော ကျောင်းသားများအတွက် အင်္ဂလိပ်စာလိုအပ်ချက်ကို ဖြည့်ဆည်းပြီးမှ သာ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။) ဘွဲ့ရရှိရန် ပညာသင်နှစ် သုံးနှစ်တက်ရောက်ရမည်ဖြစ်ပြီး ကျောင်းလခ စုစုပေါင်း မလေးရှားရင်းဂစ် (၆၄,၀၀၀ မှ ၈၃,၃၆၀) အထိ ကုန်ကျမည်ဖြစ်သည်။ Diploma in Interior Architecture တန်းအတွက် ကျောင်းလခမှာ မလေးရှားရင်းဂစ် (၃၅,၁၇၀) ဖြစ်ပြီး Diploma in Architectural Studies အတွက် ကျောင်းလခမှာ မလေးရှားရင်းဂစ် (၄၄,၂၉၀) ဖြစ်သည်။

“ဒီဘာသာရပ်နဲ့ ဘွဲ့ရကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အများကြီးရှိပါတယ်။ ဗိသုကာပညာဘာသာရပ်ကို အခု မြန်မာနိုင်ငံက ကျောင်းသားတွေ စိတ်ဝင်စား လာတာတွေ့ရတယ်။ တပြိုင်တည်းမှာပဲ Civil Engineering ဘာသာရပ်ကိုလည်း စိတ်ဝင်စားလာကြတယ်။ UCSI မှာက ကျောင်းသားတွေကို လုပ်ငန်းခွင် ပူးတွဲသင်ကြားရတဲ့ အစီအစဉ်ရှိတဲ့အတွက် ဘွဲ့ရပြီးတဲ့ အခါ ကျောင်းသားအနေနဲ့ အလုပ်အတွေ့အကြုံ ရရှိဖို့ ခိုင်မာတဲ့ ကျောင်းတစ်ကျောင်းဖြစ်တယ်။ အဲဒါကြောင့် ဘွဲ့ရပြီးတာနဲ့ လုပ်ငန်းခွင်မှာ Professional တစ်ယောက်နီးပါးအလုပ်လုပ်နိုင်မှာပါ။ ကုမ္ပဏီတွေ မှာ မလုပ်ပဲ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဒီပညာရပ်ကို အသုံးချလို့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း Interior Architecture နဲ့ ကျောင်းပြီးတဲ့အခါ တစ်ပိုင်တနိုင် ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တွေလည်းရှိ တယ်။ UCSI University ဆိုတာက မလေးရှားနိုင်ငံ ကွာလာလမ်ပူ၊ တာရစ်ဂမ် နဲ့ ဆာရာဝပ်ပြည်နယ်တို့ မှာ ကျောင်းခွဲတွေ အများကြီးနဲ့ အဆင့်မြင့် တက္ကသိုလ်ပညာရေးကို သင်ကြားပေးနေပြီး (၂၇) နှစ်အတွင်း အသိအမှတ်ပြု ဆုတံဆိပ်များစွာရရှိခဲ့တဲ့ တက္ကသိုလ်တစ်ခုပါ။ နိုင်ငံပေါင်း ၇၀ ကျော်က ကျောင်းသားတွေ က ကျောင်းသားအရေအတွက်ရဲ့ ထက်ဝက်လောက်ရှိတော့ ကိုယ့်အတွက် ပေါင်းသင်းဆက်ဆံရေး ပတ်ဝန်းကျင်ကျယ်ပြန့် နိုင်တယ်။ နိုင်ငံတကာရဲ့ ဆန်းသစ်တီထွင်မှုရိုးရာ အနုပညာ တွေကိုလည်း အချင်းချင်းဖလှယ်နိုင်တယ်။ အခုဆိုရင် အနောက်နိုင်ငံတွေမှာ အရှေ့နိုင်ငံတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို တန်ဖိုးထားပြီး လေ့ လာနေကြတယ်။” ဟု Myanmar Search International (MSI) မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင် မှ ပြောကြားသွားခဲ့ပါသည်။

၎င်းဗိသုကာပညာရပ် ကို စိတ်ဝင်စားဝါသနာပါပြီး နိုင်ငံတကာတက္ကသိုလ်များတွင် တက်ရောက် လိုသော ကျောင်းသားကျောင်းသူများသည် ဘာသာရပ်အကြောင်းအသေးစိတ်များနှင့် ပညာသင်ဆုများ အကြောင်းအား Myanmar Search International (MSI) အမှတ် ၂၃၄ ၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁ ၃၈၉၉၁၅၊ ၀၁ ၂၅၀၉၂၉ နှင့် ၀၉ ၅၁၀၃၉၁၅ နှင့် Facebook စာမျက်နှာ www.facebook.com/MyanmarSearchInternational တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

MSI
World Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...