သင့်အိပ်မက်က ပြောသော သင့်ကျန်းမာရေး (၁)

အိပ်မက်တွေဟာ ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ အချို့လူတွေက ထင်ကြပေမယ့် သိပ္ပံပညာရှင်တွေကတော့ အိပ်မက်တွေက ကျွန်မတို့တွေရဲ့ ကျန်းမာရေး အခြေအနေကို သဲလွန်စပေးနိုင်တယ်လို့ ထင်မြင်ထားကြပါ တယ်။ လူအများစုဟာ တစ်ညမှာ အများဆုံး အိပ်မက် လေးခုကနေ ခြောက်ခု အထိ မြင်မက်နိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်မှာ အိပ်မက်နှစ်ခု၊ သုံးခုလောက်ကိုပဲ ကောင်းကောင်း မှတ်မိကြပါတယ်။ အကြောင်း ကတော့ အိပ်မက်မက်တဲ့ အချိန်မှာ နိုးမလာဘဲ ပြန်လည် အိပ်ပျော်သွားတာကြောင့် မေ့သွားတာ ဖြစ်ပါ တယ်။ အမျိုးသမီးတွေက အအိပ်ဆတ်တဲ့အတွက် အမျိုးသားတွေနဲ့စာရင် အိပ်မက်တွေကို ပိုမှတ်မိတယ်လို့ ဆိုပါတယ်။ လူအများစု မက်လေ့မက်ထရှိတဲ့ အိပ်မက်တွေရဲ့ အဓိပ္ပါယ်က ကျန်းမာရေး အခြေအနေအေပါ် ဘယ်လို သက်ရောက်မှု ရှိသလဲဆိုတဲ့ သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်တွေကို ရေးသား လိုက်ပါတယ်။



တိုက်ခိုက်ခံရသော အိပ်မက်များ မက်ခြင်း

နောက်က တစ်ယောက်ယောက်လိုက်တာ၊ အတိုက်ခိုက်ခံရတာစတဲ့ စိတ်ဖိစီးမှုများစေတဲ့ အိပ်မက်တွေ မက်တာဟာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန် စတဲ့ ဦးနှောက်နဲ့ အာရုံကြောရောဂါတစ်ခုခုရဲ့ အစောပိုင်း လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

အိပ်မက်မက်စဉ် အတောအတွင်း ပုံမှန် အတိုက်ခိုက်ခံရတဲ့ အိပ်မက်မက် သူတွေဟာ REM အဆင့် အိပ်စက်မှု ပုံမမှန် ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ အိပ်မက်မက်တဲ့ ဦးနှောက်အစိတ်အပိုင်း ထိခိုက်မှုကြောင့် အလွန် ကြမ်းတမ်းပြီး နှောင့်ယှက်ခံရတဲ့ အိပ်မက်တွေကို မက်ရတာ ဖြစ်ပါတယ်။ တခါတရံ ဒီလို အိပ်မက်မက်ရင်း သူတို့ကိုယ်သူတို့ ဒါမှမဟုတ် အိမ်ထောင်ဖက်ကို ကန်တာ နာကျင်အောင် ပြုလုပ်တာတို့ကို ပြူမူမိ တတ်ကြပါတယ်။

ဒါက အယ်ဇိုင်းမားရောဂါ အကြို ခန့်မှန်းချက်ဖြစ်ပြီး ဒီလို ဖြစ်ပြီး နောက်ထပ် ၁၀နှစ်ကြာမှ မှတ်ဥာဏ်ဆုံးရုံးတာမျိုး နဲ့ အခြား လက္ခဏာတွေ ပေါ်လာတတ်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါရှိမရှိ ရောဂါရျာဖွေပြီး စောစီးစွာ ဆေးကုသမှုခံယူသင့်ပါတယ်။

စောစောနိုးထလာစေသည့် အိပ်မက်များ မက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ – အဆီများသော အစာစားခြင်း၊ ကိုယ်အလေးချိန် များခြင်း၊ စိတ်ဖိစီးမှုများခြင်း သို့ စိတ်ဓါတ်ကျခြင်း။

အဆီများတဲ့ အစာကို များများ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ခပ်ကြာကြာ ပြည့်နေပြီး အစာအိမ်နဲ့ အစာပြွန်အကြား အဆို့ရှင် အပေါ် ဖိအား သက်ရောက်စေကာ အစာနဲ့ အစာအိမ် အက်စစ်တွေ အထက်ကို ပြန်ဆန်တက်ပြီး ရင်ပူခြင်း ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။

အိပ်မောကျပြီး အစောပိုင်း နာရီအတွင်း ဖြစ်တတ်တပြီး ညဘက် အစောကြီး လန့်နိုးတတ်ပါတယ်။

အက်ဆစ်အထက်ကို ဆန်တတ်တဲ့ ဝေဒနာက ပုံမှန်ထက် ကိုယ်အလေးချိန် များသူတွေမှာ အဖြစ်များတတ်ပါတယ်။ အဆို့ရှင်ပေါ် အဆီပိုတွေ ဖိပြီး အားနည်းစေတဲ့အတွက် မကြာခဏ လန့်နိုးရခြင်း ဖြစ်ပါတယ်။

စိတ်ဓါတ်ကျတဲ့သူတွေ ဒါမှမဟုတ် စိတ်ဖိစီးမှုများနေတဲ့ သူတွေက ညဘက်မှာ အိပ်မက်မက်တဲ့ အိပ်စက်မှု အဆင့်ကို မြန်မြန် ရောက်ရှိ တဲ့အတွက် ဖြစ်ပါတယ်။

လိင်ကိစ္စဆိုင်ရာ အိပ်မက်များ မက်ခြင်း

ဖြစ်နိုင်သော အကြောင်းများ – ဖန်တီးနိုင်စွမ်း မြင့်မားခြင်း

လိင်ကိစ္စဆိုင်ရာ အိပ်မက်တွေကို အသက်အရွယ်မရွေး မက်တတ်ပေမယ့် အသက်ကြီးလာလေ ပိုမက်လေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက် ၆၀ကျော် အရွယ်တွေမှာ ပိုပြီးမက်တတ်ပါတယ်။

အသက် ၆၀၊ ၇၀ အရွယ်တွေအနေနဲ့ သူတို့ရဲ့ လိင်မှုဘ၀ကို ငယ်ရွယ်စဉ် အချိန်ကလို ပြန်မရတော့ပေမယ့် ဒီလို အိပ်မက်မက်တာက ဖန်တီးနိုင်စွမ်း မြင့်မားမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။

အငြိမ်းစား ယူပြီး ချိန်မှာ ၀ါသနာပါတဲ့ အလုပ်တစ်ခုခုကို လုပ်ဆောင်နေသူတွေ အနေနဲ့ လိင်ကိစ္စနဲ့ စပ်လျဉ်းတဲ့ အိပ်မက်မက်နိုင်ခြေ မြင့်မားတတ်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါး)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...