ချစ်သူရှိနေပြီဟု ပရိသတ်ကို အသိပေးခဲ့သည့် တစ်ဖ်နီ

တစ်ဖ်နီ၏ ချစ်သူမှာ အမျိုးသား အဆိုတော်အဖွဲ့ 2PM မှ နစ်ခ်ျခွန်ဖြစ်ကြောင်း သူမ၏ ကိုယ်စားပြု အေဂျင်စီ က အတည်ပြုခဲ့သည်။



တောင်ကိုရီးယား နာမည်ကျော် အမျိုးသမီး Popဂီတအဖွဲ့ Girls’ Generationမှ တစ်ဖ်နီက သူမတွင် ချစ်သူရှိနေပြီဖြစ်ကြောင်း ပရိသတ်များထံ အသိပေး ကြေညာလိုက်သည်။ တစ်ဖ်နီ၏ ချစ်သူမှာ အမျိုးသား အဆိုတော်အဖွဲ့ 2PMမှ နစ်ခ်ျခွန်ဖြစ်ကြောင်း သူမ၏ ကိုယ်စားပြု အေဂျင်စီက အတည်ပြုခဲ့သည်။ ထို့အတူ နစ်ခ်ျခွန်၏ အေဂျင်စီကလည်း အလားတူ ကြေညာချက် ထုတ်ပြန်ပြီး ကိုရီးယား ဂီတကြယ်ပွင့် နှစ်ဦး၏ အချစ်ရေးကို သတင်းထောက်များထံ အသိပေးခဲ့သည်။



နစ်ခ်ျခွန်၏ အေဂျင်စီဖြစ်သော JYP Entertainmentမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ အဲဒီကနေမှတစ်ဆင့် ဆက်ဆံရေး တိုးတက်လာပြီး ချစ်သူတွေ ဖြစ်လာ တာပါ”ဟု ပြောကြားခဲ့သည်။ Girls’ Generation၏ စီမံရေးရာ အေဂျင်စီဖြစ်သော SM Entertainment ကလည်း “တကယ်တော့ သူတို့နှစ်ယောက် နီးစပ်ခဲ့တာ (၄)လလောက် ရှိပါပြီ။ ပရိသတ်တွေ အနေနဲ့ လည်း တစ်ဖ်နီနဲ့ နစ်ခ်ျခွန်တို့ရဲ့ လက်တွဲမှုကို အားပေးထောက်ခံပြီး ဝမ်းသာကြဖို့ မျှော်လင့်ပါတယ်” ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။



အသက်(၂၄)နှစ်ရှိ တစ်ဖ်နီသည် Girls’ Generation ဝိုင်းတော်သူများအနက် ချစ်သူရှိကြောင်း ပရိသတ်ထံ အသိပေးခဲ့သည့် တတိယမြောက် အဖွဲ့ဝင်လည်း ဖြစ်လာခဲ့သည်။ ဇန်နဝါရီလအတွင်းက Girls’ Generation မှ ယူနာက သူမသည် မင်းသား လီဆောင်ဂျီနှင့် တွဲနေကြောင်း ကြေညာခဲ့ပြီး ထို့နောက်တွင် ဆူယောင်းက မင်းသား ဂျန်ကျွန်းဟိုနှင့် အချစ်ရေးကို ပရိသတ်များထံ ဖွင့်ဟ အသိပေးခဲ့သည်။ Girls’ Generationကို (၂၀၀၇)ခုနှစ်တွင် အဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းဖြစ်ခဲ့သည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...