အတတ်ပညာဆိုသည်မှာ




Photo:google

မြတ်စွာ ဘုရားရှင် လက်ထက်တော်က ဖြစ်ပါ သည်။ ဘုရားရှင်သည် သာဝတ္တိပြည် ဇေတ ဝန် ကျောင်းတော် ၌ သီတင်းသုံးနေ တော်မူစဉ် ကျောက် စရစ်ပစ်အတတ်ကို ကျွမ်းကျင်သော ရဟန်း တစ်ပါး အား အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောကြား တော်မူခဲ့ပါသည်။ထိုရဟန်းသည် သာဝတ္တိပြည်သားဖြစ်၏။ တစ်နေ့တွင် ဘုရားရှင်၏ တရားတော်များကို နာ ကြားရ၍ သာသနာတော်၌ သက်ဝင်ယုံကြည်ကာ ရဟန်းပြုလေ၏။ သို့သော် ထိုရဟန်းသည် သိက္ခာ ပုဒ်တော်များကို လေးစား လိုက်နာမှုမရှိဘဲ တရား အကျင့်များကိုလည်း ကျင့်ကြံမှုမရှိခဲ့ပါ။တစ်နေ့တွင် အဖော်ရဟန်းတစ်ပါးနှင့်အတူ အဓီရဝတီမြစ်၌ ရေချိုးပြီး မြစ်ဆိပ်တွင် နားနေကြ ၏။ ထိုစဉ် ဟင်္သာဖြူနှစ်ကောင် ပျံသန်းလာသည် ကို တွေ့မြင်ကြ၏။ ထိုအခါ ကျောက်စရစ်ပစ်အတတ် ကျွမ်းသော ရဟန်းက -

" ယခု ပျံသန်းလာသော ဟင်္သာဖြူနှစ် ကောင်အနက် နောက်မပျံလာသည့် ဟင်္သာ ၏မျက်စိ ကို ကျောက်စ ရစ်ဖြင့်ပစ်၍ မိမိခြေရင်းတွင် ကျစေ ရမည်" ဟု ပြောဆို၏။အဖော်ရဟန်းက မယုံသဖြင့် လက်တွေ့ပြလို၍ အနီးရှိကျောက်စရစ်ခဲကိုကောက် ကာ နောက်မှပျံလာသည့် ဟင်္သ࿿ာကို ပစ်၏။ ဟင်္သာ မျက်စိကိုထိမှန်ပြီး ထိုရဟန်း၏ခြေရင်း၌ ကျလာခဲ့ ပါသည်။ဤအကြောင်းကို ဘုရားရှင်မှ ကြားသိသွား ၏။ ထို့ကြောင့် ဘုရားရှင်မှ ရဟန်းတော်များနှင့် မလျော်ကန်သော၊ မဂ်ဖိုလ်တရားနှင့်ဆန့်ကျင်သော လောကီပညာကို အသုံးချမှု ရဟန်းတော်များမပြု ကျင့်အပ်သည့် ပါဏာတိပါတာကံကို ပြုကျင့်မှုတို့ အတွက် ထိုရဟန်းကို ကဲ့ရဲ့ရှုတ်ချတော်မူပါသည်။

ထို့နောက် ဘုရားရှင်က -"
ဤရဟန်းသည် ယခုပစ္စက္ခတ်ဘဝ၌သာ ကျောက်စရစ်ခဲပစ် ပညာကို တတ်ကျွမ်းသည်မဟုတ်၊ ရှေးယခင် ဘဝကလည်း ဤကဲ့သို့တတ်ကျွမ်းခဲ့ဖူးပြီ" ဟု မိန့်တော်မူကာ ထိုရဟန်း၏ အတိတ်ဘဝ ဖြစ်စဉ် ကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ ပါသည်။ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ် မင်း မင်းပြုနေစဉ် ဘုရားလောင်းသည် ထိုမင်း၏ အမတ်ကြီးတစ်ဦးဖြစ်ပါသည်။ ထိုမင်းတွင် ခစား သော ပုရောဟိတ်ပုဏ္ဏားကြီးမှာ အလွန်ပင် နှုတ်အာ ကြမ်း၍ စကားလည်းအလွန်များ၏။ ညီလာခံတစ်ခု ပြုလုပ် လျှင် အခြားသူများ၏စကားကို မကြားရ၊ ပုရောဟိတ်ပုဏ္ဏား၏စကားကိုသာ ကြားနေရသဖြင့် မင်းကြီးမှာ နားငြီး စိတ်ပျက်လာ၏။

သို့ဖြစ်၍ ပုရော ဟိတ်ပုဏ္ဏားကြီး စကားသိပ်မပြော နိုင်အောင် ဘယ်လိုလုပ်ရမည်နည်းဟု မင်းကြီးမှ စဉ်းစားနေပါ သည်။တစ်နေ့တွင် ကျောက်စရစ်ပစ်အတတ်၌ တစ်ဖက်ကမ်းခပ် တတ်ကျွမ်းသော " ငဆွံ့" ဆိုသူကို သူငယ်များက လက်တွန်းလှည်းပေါ်တင်၍ မြို့တံခါး အနီးရှိ ပင်ညောင်ပင်ကြီးသို့ ခေါ်ဆောင်သွားကြပါ သည်။

ပင်ညောင်ပင်အနားသို့ ရောက်သောအခါ ပိုက်ဆံပေး၍ ပင်ညောင်ပင်ပေါ်တွင် ဆင်ရုပ်၊ မြင်း ရုပ်များထင်အောင် ညောင်ရွက်များကို ကျောက်စရစ် ဖြင့် အပစ်ခိုင်းပါသည်။ထိုစဉ် မင်းကြီးသည် ဥယျာဉ်တော်သို့ ထွက် တော်မူလာရာ ပင်ညောင်ပင်ပေါ်မှ ဆင်းရုပ်၊ မြင်း ရုပ်များကို တွေ့မြင်တော်မူခဲ့ပါသည်။ အကျိုးအ ကြောင်း မေးမြန်းကြည့်ရာ ငဆွံ့၏ပညာစွမ်းကိုသိရ၍ ဤငဆွံ့၏ပညာဖြင့် ဆရာပရောဟိတ်၏နှုတ်ကို ပိတ် ရလျှင် ဖြစ်နိုင်မည်ဟု စိတ်ကူးရသွားပါသည်။
သို့ ဖြစ်၍ ငဆွံ့ကိုခေါ်ပြီး တိုးတိုးတိတ်တိတ် မေးမြန်း တော်မူသည်။ ငဆွံ့က ဆိတ်ချေးတုံးတစ်ကွမ်းစာ (တစ်ပြည်ဝက်)မျှ ရရှိလျှင် ဖြစ်နိုင်ကြောင်း လျှောက် ထားသဖြင့် ငဆွံ့ကို နန်းတော်သို့ ခေါ်ဆောင်သွား ပါသည်။နောက်တစ်နေ့ ညီလာခံဝင်သည့်အခါတွင် ပလ္လင်၏နောက်နား၌ ငဆွံ့ကိုနေစေပြီးကန့်လန့်ကာ ဖြင့် ကာရံထား၏။

ထို့ပြင် ပုရောဟိတ်ပုဏ္ဏားကြီးနှင့် တည့်တည့် မျက်နှာချင်းဆိုင်တွင် နေရာချထား၏။ ကန့်လန့်ကာကို လူတစ်ထိုင်စာအမြင့်တွင် ပုရော ဟိတ်ပါးစပ်နှင့်တည့်တည့်၌ အပေါက်ဖောက်ထား၏။ ညီလာခံစ၍ ပုရောဟိတ်ပုဏ္ဏားကြီးစကားပြောသည့် အခါ ပါးစပ်ဟတိုင်း ဆိတ်ချေးတုံးကို ပစ်ထည့်လေ ၏။ ပုရောဟိတ်ကြီးလည်း စကားပြောချင်စိတ် အား ကြီးသဖြင့် ဆိတ်ချေးတုံးကို ထွေးမပစ်ဘဲ မျိုချလေ ၏။ ဆိတ်ချေးတုံးပြည်ဝက်ကုန်သည့်တိုင် ပုဏ္ဏား ကြီးမှာ စကားမရပ်သေးပါ။ ဘုရားကြီးက ဆိတ်ချေး ကုန်မှန်းသိ၍ -

" ဆရာတို့များ စကားသာပြောနေရလျှင် ဆိတ်ချေးတစ်ကွမ်းစား ဝမ်းထဲရောက်တာတောင် မသိဘူး၊ အစာမကြေ ဒုက္ခတွေတော့မည်၊ ယခုပင် ငုရေသောက်၍ ဝမ်းနှုတ်ချေ" ဟု မိန့်တော်မူခဲ့ရပါသည်။ ထိုအခါမှစ၍ ပုဏ္ဏားကြီးသည် စကားမများ တော့ဘဲ ရေငုံထားသူပမာ အေးဆေးစွာသာ နေပါ တော့သည်။ မင်းကြီးသည် မိမိနာချမ်းသာအောင် ပြုလုပ်ပေးသဖြင့် ငဆွံ့အား အခွန်တစ်သိန်းထွက် သော ရွာကြီးလေးရွာ ကို ဆုချပေးသနားတော်မူပါသည်။

ထိုအချင်းအရာကို မြင်တွေ့ရသော ဘုရား လောင်းအမတ်ကြီးက -" မြတ်သောမင်းကြီး ...အတတ်ပညာ မည် သည်ကား မည်သည့်အတတ်ပညာမျိုးပင်ဖြစ်ပါစေ ကောင်းသည်သာတည်း၊ ယခုပင် ရှုကြည့်ပါလော့၊ ငဆွံ့သည် ဆိတ်ချေးပစ်အတတ်ဖြင့် ရွာကြီးလေး ရွာကို ရအပ်လေပြီ ..."ဟု မင်းကြီးအား လျှောက်တင်ခဲ့ ပါလေသည်။ အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်း ခန်းတွင် ပညာရှိအမတ်ကြီးသည် မြတ်စွာဘုရား ရှင် ဖြစ်လာခဲ့ပါသည်။ ဗာရာဏသီမင်းကြီးသည် ရှင်အာ နန္တာဖြစ်လာပါသည်။ ယခင်ဘဝက ငဆွံ့သည် ဆိတ်ချေးပစ်အတတ်ဖြင့် ရွာကြီးလေး ရွာကို ရအပ်လေပြီ ..." ဟု မင်းကြီးအား လျှောက်တင်ခဲ့ပါလေသည်။

အတိတ်ဘဝဖြစ်စဉ်၏ ပစ္စုပ္ပန်ဇာတ်ပေါင်း ခန်းတွင် ပညာရှိအမတ်ကြီးသည် မြတ်စွာဘုရားရှင် ဖြစ်လာခဲ့ပါ သည်။ ဗာရာဏသီမင်းကြီးသည် ရှင်အာ နန္တာဖြစ်လာပါသည်။ ယခင်ဘဝက ငဆွံ့သည် ယခု ကျောက်စရစ်ပစ် ရဟန်းဖြစ်လာခဲ့ကြပါသည်။နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် ပညာ တန်ဖိုး တန်ဖိုးမဖြတ်နိုင်၊ ပညာဟူသည် မြတ်ရွှေ အိုးဟူ၍ မှတ်ယူရပါမည်။ ပါရမီအနေဖြင့် ပညာပါရမီ ဖြစ်၍ မင်္ဂ္လာတရားတော်အနေဖြင့် လက်မှုပညာ တစ်ခုခုကို တတ်မြောက်ခြင်းသည် မြတ်သော မင်္ဂ္လာမည်ကြောင်း သိပ္ပမင်္ဂ္လာဖြစ်ပါသည်။

credit to မောင်အေးထွန်းကျမ်းကိုး - ဇာတကာပါဠိတော် မြန်မာပြန် ပရောသတတ်မှ ဖြစ်စဉ် (၁၀၇) သာလိတ္တဇာတ်တော်
K.K (ကနောင်)

Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...