ဆေးရုံတက်လိုက်ရတဲ့ မိုင်လီ

မိုင်လီတစ်ယောက် အပြင်းအထန် ဓါတ်မတည့်ခြင်း (allergy) ဖြစ်ခဲ့ တာကြောင့် မနေ့က အင်္ဂါနေ့မှာ ဆေးရုံ အသည်းအသန် ပြေးတက်ခဲ့ရ ပါတယ်။ ဒါကြောင့် မစ်ဇူရီမှာ ကျင်းပမယ့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။



အခုလောလောဆယ် အချိန်ထိတော့ မိုင်လီရဲ့ရောဂါ အခြေအနေက အရှင်း မပျောက်သေးပါဘူး။ သို့သော်လည်း မိုင်လီကတော့ သူမရဲ့ ပရိသတ်တွေကို ဆေးရုံပေါ်ကနေပြီး တွစ်တာမှာ နှုတ်ဆက် အကြောင်းကြားပါတယ်။

သူမက ဖျော်ဖြေပွဲ ကျင်းပမယ့် မစ်ဇူရီ၊ ကန်ဆက်စ်က ကို အလွန်လာချင်ကြောင်း ယခုလို ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောခဲ့ပါတယ်။

သူမလည်း မျှော်နေမယ့် ပရိသတ်တွေနည်းတူ စိတ်မကောင်း ဖြစ်ရ ပါကြောင်းနဲ့ ယနေ့ည ဖျော်ဖြေပွဲကို အလွန်လာချင်ပါတယ်။ အခုလို အကုန်လုံးနဲ့ မတွေ့ရ မဖျော်ဖြေရတာ သူမ အရင်ပြုမူခဲ့သမျှ အရာတွေ အားလုံးထက် ဆိုးဝါးကြောင်း သူမက တွစ်တာမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် သူမကိုယ် သူမ ဂရုစိုက်နေကြောင်းနဲ့ ဆရာဝန်တွေကလည်း သေချာ ဂရုစိုက်ကြောင်းကို သူမရဲ့ ဓါတ်ပုံနှင့်တကွ တွစ်တာပေါ် ဆေးရုံကနေပြီး တင်ခဲ့ပါသေးတယ်။

သူမဟာ တနင်္ဂနွေနဲ့ တနင်္လာ နေ့ကတည်းက တုပ်ကွေး ဖျားချင်နေတဲ့ လက္ခဏာရှိကြောင်း သူမရဲ့ တွစ်တာ တွိများတဆင့် သိရပါတယ်။

သူမရဲ့ ဖျော်ဖြေပွဲကို မစ်ဇူရီ စပရင့် စင်တာမှာ အင်္ဂါနေ့ ညမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့ အတွက် ဖျက်ခဲ့ရပါတယ်။ လက်မှတ်တန်ဖိုး လျော်ကြေးငွေများကို ပြန်လည် ထုတ်ပေးနေပြီ ဖြစ်ကြောင်းသိရပါတယ်။

world-myanmar.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...