ဘ၀ဆိုတာ ကော်ဖီခွက်ပမာ



တစ်ခါတော့ ဆရာကြီးတစ်ယောက်ဟာ ကျောင်းသားတွေကို ကော်ဖီတစ်ခွက်စီဖျော်လာပြီးတော့ ချထားတဲ့ခွက်တွေနဲ့ သယ်လာဖို့ပြောလိုက်တယ်။ ဆရာကြီးဟာ မတူတဲ့ခွက်တွေကို ချထားတယ်။ ပလတ်စတစ်ခွက်တွေ၊ဖန်ခွက်တွေ ၊ကြွေခွက်တွေ၊တစ်ခါသုံးခွက်တွေကောပေါ့။ ကျောင်း သားတွေဟာ ကော်ဖီတွေကို ခွက်မျိုးစုံနဲ့ထည့်လာကြပြီး ဆရာကြိးကိုလာပေးတယ်။ ဆရာကြီးကတော့ အားလုံးကို ကော်ဖီသောက်စေတယ်။

" တကယ်တော့ ခွက်တွေ ပုံစံတွေသာမတူပေမယ့် အထဲကကော်ဖီကတော့ ခါးတာက ခါးတာပါပဲ။ ဘ၀ဆိုတာလဲ အဲလိုမျိုးပါပဲ။ ကော်ဖီဆိုတာ ဘ၀လို့သတ်မှတ်ပြီးတော့ ခွက်တွေကတော့ ငါတို့ရဲ့စည်းစိမ်တွေ ဥစ္စာပစစည်းတွေ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အပြင်ကမတူပါစေ။အားလုံးက အတွင်းမှာတော့ အတူတူပါပဲ"

မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...