အိန္ဒိယက ခေါင်းနှစ်လုံးကလေးငယ် သေဆုံး



ရက်နှစ်ဆယ်ကြာအောင် အသက်ရှင်ဖို့ တိုက်ပွဲဝင်ခဲ့ပြီး နောက်မှာတော့ အိန္ဒိယက ခေါင်းနှစ်လုံးနဲ့ ကလေးဟာ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

ကလေးတွေကို တာဝန်ယူထားတဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာ Minu Bajpa က အဆုံးမှာ ကလေးတွေရဲ့နှလုံးဟာ တအားကိုအားနည်းလာခဲ့တယ် လို့ဆိုပါတယ်။

“ကျွန်တော့်တို့ဆီ ရောက်ကတည်းက အသက်ရှုပြဿ နာကို သူတို့က ခံစားနေရတာ။ အချိန်ကြာလာတာနဲ့ အမျှ ပိုပိုဆိုးလာတယ်။ အဆုံးမှာတော့ သူတို့ရဲ့ နှလုံးက လက်လျှော့သွားပါတယ်။ သူတို့က နှလုံးပြဿနာကြောင့် သေသွားခဲ့ရတာပါ” လို့ Bajpa ကပြောကြားခဲ့ပါတယ်။


အမေဖြစ်သူ ၂၈နှစ်အရွယ် Urmila Sharma က ကလေးတွေကို သူတို့အသက်ရှင်နေတုန်း တစ်ခါမှ မကြည့်ရဲခဲ့ဘူးလို့ဆိုပါတယ်။

အဖေဖြစ်သူ ၃၂ နှစ်အရွယ် Subhash က “ကျွန်တော် နယူးဒေလီကို ပြီးခဲ့တဲ့အပတ်က သွားခဲ့တယ်။ ကျွန်တော့် သမီးတွေရဲ့ခန္ဓာကိုယ်ကို ပြန်သယ်ခဲ့တယ်ဗျာ” လို့ ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...