အစားရှောင်စရာမလိုဘဲ အငန်ဓာတ်ကို လျော့ကျစေမယ့် ဆေးဝါးသစ်


Health Updates Journal No. 112

ဆေးဝါးအသစ်တစ်မျိုးဟာ သောက်သုံးသူရဲ့ နေ့စဉ်စားသုံးတဲ့ အစားအစာအပေါ် သက်ရောက်မှုမရှိဘဲ နေ့စဉ်စားသုံးတဲ့အငန်ဓာတ် ကို လျှော့ချပေးနိုင်ကြောင်း သိရှိရပါတယ်။ အဆိုပါဆေးဝါးဟာ သောက်သုံးသူရဲ့ အငန်ဓာတ်စုပ်ယူမှုကို ကျဆင်းစေပြီး ပိုလျှံနေတဲ့ ဆိုဒီယမ်ပမာဏကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

သုတေသနမှာတွေ့ရှိခဲ့တဲ့ ဆေးရဲ့အမည်ကတော့ tenapanor ပဲဖြစ်ပြီး Ardelyx သုတေသနအဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ ဆိုဒီယမ်ကို ပြန်လည်စုပ်ယူခြင်းမှာအရေးပါတဲ့ NH 3 ဆိုတဲ့ ပရိုတင်းကို ပိတ်ဆို့နိုင်တဲ့ အာနိသင်ရှိတာကြောင့် ပိုလျှံနေတဲ့ ဆိုဒီယမ်ကို သွေးစီးကြောင်းထဲကနေ ဆဲလ်တွင်းကို မ၀င်စေဘဲ အူကနေစွန့်ထုတ်နိုင်မှာဖြစ်ပါတယ်။

သုတေသနခေါင်းဆောင်ဖြစ်သူ Dominique Charmot က tenapanor ကို အူထဲမှာပဲ အာနိသင်ရှိနေစေဖို့ ဖန်တီးထားပါတယ်။ ဆိုဒီယမ်ကိုသွေးထဲကို မရောက်စေခြင်း၊ ဆဲလ်တွင်းကို မ၀င်စေခြင်း၊ မစင်မှ တစ်ဆင့် စွန့်ထုတ်ပစ်နိုင်ခြင်းစတဲ့ အာနိသင်တွေ ရှိပါတယ်။ ဒါ့အပြင် ဒီဆေးဝါးဟာ လက်ရှိအသုံးပြုနေတဲ့ ဆေးဝါးတွေလို ဆိုဒီယမ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်စရာ မလိုတဲ့ အားသာချက် ရှိနေပါတယ်” လို့ရှင်းပြထားပါတယ်။

ဒီသုတေသနကို The Journal Science မှာ ဖော်ပြထားပါတယ်။

သန့်စင်
ref: ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...