လေဖြတ်သူများအတွက် ကုသနည်း ဒွိဟနှစ်ရပ် ရလဒ်ကွဲပြားစွာ ထွက်ပေါ်



Health Updates Journal No. 112

ဦးနှောက်နှင့် အာရုံကြောပညာရှင်များက လေတစ်ခါ ဖြတ်ဖူးသည့်သူများတွင် ဒုတိယ အကြိမ်လေဖြတ်ခြင်းမှ ကာကွယ်နိုင်ရန် မည်သည့်ကုသမှုများအား သုံးသင့်သည် နှင့်ပတ်သက်၍ ဆွေးနွေး၊ စကားရည်လုပွဲများဖြစ်ခဲ့ကြသည်။ ယခင်က ဦးနှောက်နှင့် အာရုံကြောပညာရှင် အများစုက ဦးနှောက်၌ သွေးကြော ပိတ်၍ ဖြစ်ရသော လေဖြတ်သည့် ဝေဒနာရှင်များတွင် ယင်းဦးနှောက် ပတ်ဝန်းကျင်တစ်ဝိုက်၌ သွေးကြောသစ်များဖြစ်ပေါ်လာခြင်းဖြင့် ယင်း ဦးနှောက်အား လိုအပ်သည့်သွေး လှည့်ပတ်မှုအားပေးနိုင်ပြီး ဒုတိယ အကြိမ် လေဖြတ်ခြင်းမှ ကာကွယ် ပေးနိုင်လိမ့်မည်။

ယင်းကဲ့သို့ သွေး ကြောသစ်များ ဖြစ်ပေါ်မှုကို အထောက်အကူပြုရန် သွေးပေါင်ချိန်အား ပုံမှန်ပမာဏအထိ မလျော့သင့်ဟု လက်ခံခဲ့ပြီး အချို့က ယင်းကဲ့သို့ မဟုတ်ဘဲ လေဖြတ်ပြီးသူများတွင် ထပ်မံ လေဖြတ်ခြင်းမှ ကာကွယ်နိုင်ရန် သွေးပေါင်ချိန်အား ပုံမှန်ပမာဏအထိ လျော့ချသင့်သည်ဟု ယူဆခဲ့သည်။ ယင်းအယူ အဆနှစ်ရပ်နှင့် ပတ်သက်၍ စမ်းသပ်မှုကို လေဖြတ်ဖူးသူ ၄၀ ဦးအား ပုံမှန် သွေးပေါင်ချိန် 130/85 mmHg အောက်ထားပြီး ကျန် ၅၁ ဦးအား သွေးကြောသစ်များ ဖြစ်ပေါ် စေရန် သွေးပေါင်ချိန်အား ပုံမှန် အထက်တွင် ထားခဲ့သည်။ ရလဒ်များအရ ပထမအဖွဲ့တွင် ဒုတိယအကြိမ် လေဖြတ်သူ ၃ ဦး သာရှိပြီး သွေးပေါင်ချိန်များနေသော ဒုတိယအဖွဲ့တွင် ၁၀ဦး အထိရှိကြောင်း တွေ့ခဲ့ရ သည်။ လေဖြတ်ပြီးနောက် သွေးပေါင်ချိန်အား ပုံမှန်ဖြစ်စေရန် ထိမ်းခြင်းအား ဖြင့် လေထပ်မံဖြတ်ရန် ၂၂% ပိုမို လျော့နည်းကြောင်း အကြံပြုခဲ့သည်။

ဖိုးသောကြာ
ref:Medindia

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...