ဂျပန်ကို ကျောင်းသွားတက်တဲ့ မြန်မာတွေ ပိုများလာနေ



ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံကိုဝင်လာစပြုတဲ့အချိန်၊ ဂျပန်တိုးဂိုက်တွေလက်မလည်တဲ့အချိန်မှာ ဂျပန်နိုင်ငံကပြုလုပ်ထားတဲ့ စာရင်းအရ ၂၀၁၂ ခုနှစ်မှာ မြန်မာကျောင်းသားပေါင်း ၁၆၀၀ ဝန်းကျင် ရှိ ကြောင်းသိရပါတယ်။

ဂျပန်နိုင်ငံကထုတ်ပြန်တဲ့ စာရင်းအရဂျပန်နိုင်ငံမှာ ကျောင်းသွားတက်တဲ့ မြန်မာကျောင်းသားစာရင်း ဟာ ၂၀၁၄ ခုနှစ်မှာ ၅၉၁ ယောက်၊ ၂၀၀၅ ခုနှစ်မှာ ၈၄၈ ယောက်၊ ၂၀၀၆ ခုနှစ်မှာ ၉၈၂ ယောက်၊ ၂၀၀၇ ခုနှစ်မှာ ၁၁၀၈ ယောက်၊ ၂၀၀၈ ခုနှစ်မှာ ၁၁၇၁ ယောက်၊ ၂၀၀၉ ခုနှစ်မှာ ၁၃၂၄ ယောက်၊ ၂၀၁၀ ခုနှစ်မှာ ၁၄၇၄ ယောက်၊ ၂၀၁၁ ခုနှစ်မှာ ၁၅၂၇ ယောက်၊ ၂၀၁၂ ခုနှစ်မှာတော့ ၁၅၉၅ ယောက် ဂျပန်မှာကျောင်း တက်နေတာရှိတယ်လို့ သိရတယ်။

၂၈ လမ်းအောက်ဘလောက်ရှိ JETC ဂျပန်စာသင်တန်းကျောင်းမှ ဆရာဦးသန့်စင်နိုင်က ‘တစ်နှစ် ထက်တစ်နှစ် ဂျပန်မှာ ကျောင်းသွားတက်တဲ့ ကျောင်းသားဦးရေက ပိုတိုးလာတယ်၊ ဒါပေမဲ့ တခြား နိုင်ငံတွေနဲ့ ယှဉ်ရင်တော့ နည်းသေးတယ်၊ တရုတ်က ဂျပန်မှာကျောင်းသွားတက်သူက ၂၀၁၂ ခုနှစ်မှာ အယောက် ၂၇,၀၀၀ ရှိတယ်၊ မလေးရှားက ၂၃၀၀ ယောက်၊ နီပေါက ၂၅၀၀ ယောက်၊ အင်ဒိုနီးရှားက ၂၂၀၀ ယောက်၊ ထိုင်းက ၂၁၆၀ ယောက်တက်နေကြတယ်။ အဲဒီတော့တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာနိုင်ငံကတော့ နည်းနေသေးတယ်’ လို့ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်က ဂျပန်ဘာသာစကားနဲ့ သင်တာများတဲ့အတွက် နိုင်ငံတကာက တက္ကသိုလ်တွေနဲ့ယှဉ်ရင် နှိုင်းယှဉ်ရ ခက်တယ်လို့ သိရတယ်။ ဒါပေမဲ့တိုကျိုယူနီဗာစတီလိုမျိုးကတော့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်မှာ အဆင့် ၁၀ လောက် အဆင့် ရှိတယ်လို့ သိရတယ်။

ဆရာဦးသန်းစင်နိုင်က ‘ဂျပန်နိုင်ငံက သီလဝါစက်မှုဇုန်တို့လဲလာမယ်၊ လက်ရှိလုပ်ငန်းကြီး တချို့ဆိုရင် လဲ ဂျပန်နဲ့ JV (အကျိုးတူပူးပေါင်းမှု) တွေရှိလာတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းက ကောင်းလာ တယ်။ ဂျပန်စာကိုကြိုပြင်လာကြတာလို့ ထင်တယ်၊ အခုဆို ဂျပန် တက္ကသိုလ်တွေမှာ မြန်မာကျောင်း သားတွေကို အလုပ်လုပ်ဖို့လာကမ်းလှမ်းတာတွေအထိ ရှိလာတယ်၊ ဒီမှာရင်းနှီးမြှုပ်နှံမယ့် ဂျပန်လုပ် ငန်းရှင်တွေက ဂျပန်မှာကျောင်းပြီးပြီးသား လူကိုဦးစားပေးပြီး အလုပ်ခန့်လေ့ရှိတယ်’ လို့ပြောပါတယ်။

လက်ရှိမှာ ဂျပန်သင်တန်းကျောင်းတွေမှာ ဂျပန်စာကိုသင်ကြားသူတွေကလည်း အခြေခံအဆင့်ဆို ရင် နှစ်ဆလောက်ပိုများလာတယ်လို့ သိရတယ်။ ဂျပန်ကျောင်းတွေက ဂျပန်လိုအများစုသင်တာဖြစ်သလို ဂျပန်ကုမ္ပဏီတွေကလည်း ဂျပန်စကားကျွမ်းကျင်သူတွေကို ဦးစားပေးအလုပ်ခေါ်လေ့ရှိတဲ့အတွက် အခုလိုဂျပန်စာကိုသင်တဲ့သူ ပိုများလာရတာဖြစ်တယ်လို့ သိရတယ်။ ဂျပန်မှာတခြားနိုင်ငံတွေက ကျောင်း တက်သူတွေကလည်း ဂျပန်ကုမ္ပဏီတွေမှာ အလုပ်လုပ်ချင်တဲ့အတွက် ကျောင်းတက်ကြ တာ ဖြစ်တယ်လို့ သိရတယ်။

ဂျပန်နိုင်ငံက နာမည်ကြီးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ‘ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ကုမ္ပဏီမှာဂျပန်မှာ ကိုယ်တက်တဲ့ ယူနီဗာစတီက ကျောင်းပြီးရင်တော့ နာမည်ကြီးကုမ္ပဏီတွေမှာ အလုပ်လျှောက်ရဖို့လွယ်တယ်’ လို့ပြောပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၃)၊ ဧပြီလ(၄) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...