စာကျက်နေစဉ် မအိပ်ငိုက်ရန် နည်းလမ်းကောင်း



ကျောင်းသူများ အတွက် နည်းကောင်းကောင်း တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဖူကျင်းမှ အသက် ၂၁ အရွယ်ကျောင်းသူလေးဟာ စာကျက်နေစဉ် အိပ်မငိုက်စေရန် ဆံပင်များကို ကလစ်များဖြင့် ညှပ်ကာ ဆွဲထားကြောင်း သိရပါတယ်။ သူတစ်ယောက်တည်း ပဲ ၎င်းနည်းလမ်းကို အသုံးပြုခြင်း မဟုတ်ဘဲ သူမ၏ အခန်းပေါ်များပါ ၎င်းနည်းလမ်းများကို အသုံးပြုတယ်လို့ သိရပါတယ်။

၎င်းနည်းလမ်းနှင့် ပက်သက်ပြီး သူမက ခုလိုပြောပါတယ်။ " ကျွန်မဟာ အောင်မြင်တဲ့ သူတစ်ယောက် ဖြစ် ချင်ပါတယ်။ ဒါကြောင့် စာကျက်နေစဉ် အိပ်မငိုက်ရန် ဒီနည်းလမ်းကို သုံးလိုက်တာပါ " ဆိုပါတယ်။

ဒါကြောင့် အောင်မြင်ရန် အလိုရှိသော ကျောင်းသူလေးများ ၎င်းနည်းလမ်းကို အသုံးပြုပြီး စာကျက်ကြည့်ပါ။ ပုံမှာ ကြည့်ပြီး လုပ်ကြည့်နိုင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...