စင်ကာပူသင်္ကြန် ဖျော်ဖြေပွဲကို သွားရောက် ဖျော်ဖြေကြမယ့် အနုပညာရှင်များ


photo:google

ဧပြီလ ၅ ရက်နေ့တွင် ဇော်ဝင်းထွဋ်၊ ချစ်ကောင်း၊ လင်းလင်း၊ Big Bag၊ Idiot ၊ Reason၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်တို့က စင်ကာပူ သင်္ကြန်ဖျော်ဖြေပွဲ အတွက် စင်ကာပူနိုင်ငံ သို့ ထွက်ခွာမည် ဖြစ်ပြီး ဧပြီလ ၆ရက်နေ့တွင် စင်ကာပူနိုင်ငံ ၌ ဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲနှင့် ပတ်သက် ပြီး အဆိုတော် စန္ဒီမြင့်လွင်က “စင်ကာပူကို ၅ ရက်နေ့ သွားမှာပါ။ သင်္ကြန် ဖျော်ဖြေပွဲပေါ့။ ဒီးဒီကတော့ သင်္ကြန် သီချင်းနဲ့ ပတ်သက်ပြီး မဆို ဖြစ်ဘူး။ ကိုယ့်သီချင်းတွေပဲ ဆိုဖြစ်ဖို့ များပါတယ်” ဟု ပြောသည်။

“Emperor Band ရယ်၊ ဦးညီထွဋ်၊ ဦးချစ်ကောင်း၊ S.I.R ၊စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ ချစ်သုဝေ ပါမယ်။ ၆ရက်နေ့ပေါ့။ ဖျော်ဖြေပွဲ က။ အိမ့်ချစ် သင်္ကြန်သီချင်းတွေ ချည်းပဲ ထည့် ဆိုဖို့ များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စင်ကာပူ သင်္ကြန် ဆိုတော့ သင်္ကြန်ပွဲဖြစ်နေတယ်။ အိမ့်ချစ်တို့ ၆ ရက်နေ့ ဖျော်ဖြေပြီး ၇ရက်နေ့ ပြန်လာမယ်။ စင်ကာပူ မှာက သင်္ကြန်နား နီးရင် အလုပ်ပိတ်ရက် လည်းဖြစ်တယ်။ သင်္ကြန်နား လည်း နီးရမယ် ဆိုပြီး ရက် သတ်မှတ်လိုက်တဲ့ အခါ အဲဒီရက် က ၆ ရက်နေ့ဖြစ် သွားတယ်။ ဒီလိုမျိုး သီးသီးသန့်သန့်လေး မြန်မာ သင်္ကြန်ကို ကျင်းပတဲ့ပွဲမှာ အိမ့်ချစ် တို့က ပါဝင်ဖျော်ဖြေခွင့် ရတာ အများကြီး ပျော်ပါတယ်” ဟု တေးသံရှင် အိမ့်ချစ်က စင်ကာ ပူ မြန်မာ သင်္ကြန် ဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး ရှင်းလင်းပြောပြသည်။

ခိုင်ဝေလွင်၊ မျိုးမောင်
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...