သွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသော စားသောက်ဖွယ်ရာများ



မြန်မာပြည်တွင် နှလုံးသွေးကြော ပိတ်ဆို့ခြင်း ရောဂါ တဖြည်းဖြည်း အဖြစ်များ လာပါသည်။ ၄င်းရောဂါကြောင့် သေဆုံးသော လူနာများကို တွေ့ရှိလာပါသည်။
အောက်ပါ အစားအစာများသည် သွေးကြော ပိတ်ဆို့ခြင်းကို ကာကွယ်ပေးသော စားသောက် ဖွယ်ရာများ ဖြစ်ကြောင်း သိရှိရပါသည်။

(က) ငရုတ်သီးမှုန့်

သန့်ရှင်းသော၊ လတ်ဆတ်သော ငရုတ်သီး ခြောက်မှုန့်များသည် သွေးကြော ပိတ်ဆို့မှုကို တားဆီးပေးသဖြင့် အလွန် ထိရောက်သော အစားအစာ ဖြစ်သည်။

( ခ) လေးညှင်း

မွှန်စပ်သော လေးညှင်းသည် သွေးကြောအတွင်း ပျစ်ခဲ ပိတ်ဆို့မှုကို ကောင်းစွာ တားဆီး ပေးကြောင်း သိရသည်။ လေးညှင်းမှုန့်သည် အက်စပရင်ထက် ပိုမို ကောင်းမွန်သည်။

(ဂ) သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်

၎င်းတို့တွင် ဗီတာမင်စီ ဓာတ်နှင့် အမျှင်ဓာတ်တို့ ကြွယ်ဝသဖြင့် သွေးကြောပျစ်ခဲ ပိတ်ဆို့မှုကို ကာကွယ်ရာတွင် အထောက်အကူ ပြုသည်။ ထို့ကြောင့် သင့်တင့်မျှတစွာ စားသုံးပေးခြင်းဖြင့် ထိရောက်စွာ အကျိုးခံစားခွင့် ရရှိနိုင်သည်။

ဖိုက်ဘရီနိုဂျင် (ခေါ်) သွေးခဲမှုကို ကျဆင်းစေသဖြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များကို များများ စားသုံး ပေးရပါမည်။ အထူးသဖြင့် သက်သတ်လွတ် စားသုံးသူများတွင် အထိ ရောက်ဆုံးဖြစ်သည်။

(ဃ) ကြက်သွန်ဖြူ

သွေးခဲစေခြင်းကို တိုက်ဖျက်ရာတွင် အားကောင်းသော စားသောက်ဖွယ်ရာ ဖြစ်သည်။ သွေးကြောအတွင်း ပျစ်ခဲ ပိတ်ဆို့မှု အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင် သည်။ ကြက်သွန်ဖြူ အစားနည်းသူနှင့် လုံးဝ မစားသူများ နှိုင်းယှဉ်လျှင် ကြက်သွန်ဖြူ များများ စားသူတို့တွင် သွေးပျစ်ခဲ ပိတ်ဆို့မှု အန္တရာယ်နည်းပါးကြောင်း တွေ့ရသည်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဖြစ်စေ၊ ချက်ပြုတ်၍ ဖြစ်စေ စားသုံးခြင်း၌ အာနိသင် အလွန်ကွဲပြားခြင်းမျိုး မရှိသည်ကို တွေ့ရသည်။

(င ) ချင်း

မွှန်စပ်သော အနံ့၊ အရသာရှိသည့် အရာကို သင့်တင်မျှတစွာ စားသုံးခြင်းဖြင့် သွေးပျစ်ခဲခြင်း အန္တရာယ်မှ ကာကွယ် ပေးနိုင်သည်။ ချင်းတွင် ပါဝင်သော ဂျင်ဂျာရောလ်(ခေါ်) ဓာတ်သဘာဝ သည် အက်စပရင် ကဲ့သို့ ဓာတုတုံ့ပြန်မှု ရှိသည်ကို တွေ့ရှိရသည်။

(စ) စပျစ်သီး

စပျစ်သီးကို အစေ့၊ အခွံပါ မကျန် စားသုံးခြင်း၊ စပျစ်ရည်အဖြစ် ကြိတ်ညှစ်၍ သောက်သုံး ခြင်းသည် သွေးခဲမှုများကို တိုက်ဖျက် တားဆီးပေးနိုင်စွမ်း ရှိသည်။

(ဆ) မှိုနက်

မှိုနက် စားသုံးခြင်းဖြင့် သွေးကြောအတွင်း သွေးပျစ်ခဲမှုကို တားဆီးပေး နိုင်ကြောင်း သိရသည်။ မှိုနက်တွင် အမ်ဒီနိုဆင်း ကဲ့သို့ သွေးကျဲစေသော ဓာတ်ပေါင်းမျိုးကို တွေ့နိုင်သည်။

(ဇ) သံလွင်ဆီ

သံလွင်ဆီတွင် သွေးပျစ်ခဲမှုကို တိုက်ဖျက်ပေး နိုင်စွမ်းအား ကောင်းစွာပါရှိကြောင်း သိရသည်။ ပုံမှန် စားသောက်ပေးသူများ အတွက် သွေးပျစ်ခဲမှု လျော့ပါး သွားကြောင်း သိရသည်။

(စ် ) ၾကက္သြန္နီ

သွေးပျစ်ခဲမှုကို တားဆီးပေးသော အစားအစာ ဖြစ်ကြောင်း တွေ့ရပသည်။ နေ့စဉ်ကြက်သွန်နီ စားသုံးသော သူများတွင် သွေးပျစ်ခဲခြင်းကို လျော့ပါး စေရန်နှင့် သွေးခဲခြင်းကို ပျော်ကျစေ နိုင်သည်။ ကြက်သွန်နီ ၁ဝဝ ဂရမ်(၆ ကျပ်ခွဲသားခန့် ) သည် သွေးတွင်း အဆီဓာတ်ကို လုံးဝနီးပါး ချေဖျက်နိုင်ကြောင်း တွေ့ရသည်။ ။

ဆရာကြွယ် (ဦးပိုင်)
Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...