ဟိုင်းဝေးလမ်းမှာ ခုန်ချပြီး သတ်သေဖို့ ကြိုးစားသူကို နောက်ခံထားပြီး ဓါတ်ပုံရိုက်ကြသူများ

လွန်ခဲ့တဲ့ ကြာသပတေးနေ့ ညနေခင်းမှာတော့ Paramount မှာရှိတဲ့ 105 Freeway ကိုပိတ်ခဲ့ရပါတယ်။ အကြောင်းကတော့ အမျိုးသားတစ်ဦးဟာ လမ်းကျော်တံတားပေါ်ကနေ ခုန်ချ သတ်သေဖို့ ကြိုးစားခဲ့ပြီး အဲဒီအဖြစ်အပျက်ကို ဓါတ်ပုံရိုက်ဖို့ အကောင်းဆုံး အချိန်လို့ ထင်ကြတဲ့ လူအချို့ကြောင့် ဖြစ်ပါတယ်။



L.A Times သတင်းစာအရ ညနေ ၅နာရီခွဲလောက်မှာ တာဝန်ရှိသူတွေထံ ကားမောင်းသူအချို့က အမျိုးသားတစ်ဦး လမ်းကျော်တံတားပေါ်ကနေ ခုန်ချသတ်သေဖို့ ကြိုးစားနေကြောင်း ဆက်သွယ် သတင်းပေးမှုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ညနေ ၆နာရီခွဲကနေ စပြီး 105 Freeway ကို အသွားအပြန် လမ်းနှစ်ဖက်စလုံး ပိတ်ပစ်ခဲ့ပြီး ည ၉နာရီခွဲမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ နောက်ပြီး သေကြောင်းကြံခဲ့သူ အမျိုးသားကိုလည်း ခုန်မချစေဖို့ တားဆီးနိုင်ခဲ့ပါတယ်။





အဆိုပါ အမျိုးသားကို နောက်ခံထားပြီး ဓါတ်ပုံရိုက်ယူသူများထဲမှ အထူးခြားဆုံးနဲ့ လူပြောအများဆုံး ဓါတ်ပုံကတော့ Samdawg1 ဆိုသူရဲ့ Instagram မှာ တင်ထားပြီး အောက်မှာ ဖော်ပြထားပါတယ်။ ပုံထဲမှာတော့ သေကြောင်းကြံသူ အမျိုးသားကိုတော့ လမ်းကျော်တံတားပေါင်ပေါ် တက်နေတာ တွေ့ရ မှာ ဖြစ်ပါတယ်။ ဓါတ်ပုံအရိုက်ခံသူ အဖွဲ့ကိုတော့ ပြုံးပျော်ရွင်မြူးစွာ နဲ့ တွေ့ရမှာ ဖြစ်ပါတယ်။



world-myanmar.com

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...