ရန်သူကို လှည့်စားနိုင်သည့် ကိုယ်ပျောက်တင့်ကား တီထွင်ဖန်တီး

ရန်သူ့ ထောက်လှမ်းမှု စနစ်များကို လှည့်စားနိုင်မည် ဖြစ်သည်။ (၃၅)တန်မျှ အလေးချိန်ရှိသော အဆိုပါ တင့်ကားကို ပိုလန်ကုမ္ပဏီ Obrumနှင့် BAEတို့က ပူးပေါင်းတည်ဆောက်နေ...



ပိုလန်နိုင်ငံမှ စစ်လက်နက် ကုမ္ပဏီ တစ်ခုသည် ကိုယ်ပျောက်တင့်ကား တစ်မျိုးကို ဖန်တီးတီ ထွင်နေကြောင်း သိရှိရသည်။ အဆိုပါ တင့်ကားသည် ရေဒါထဲတွင် သာမန် မော်တော်ကား တစ်စင်းကဲ့သို့ အယောင်ဆောင် ပုံစံပြောင်းနိုင်သလို ခလုတ်တစ်ချက် နှိပ်လိုက်ရုံမျှဖြင့် အပူလှိုင်း တိုင်းတာသည့် ကိရိယာများဖြင့် မရှာဖွေနိုင်တော့သည်အထိ ထူးခြားစွာ ဖန်တီးထားကြောင်း သတင်းများက ဆိုသည်။ PL0-01ဟု အမည်ပေးထားသည့် စမ်းသပ်ဆဲအဆင့် တင့်ကားတွင် လူ(၃)ဦး လိုက်ပါ စီးနင်းနိုင် မည် ဖြစ်သည်။ ယင်းတင့်ကား၏ ကိုယ်ထည်ကို အထူးတီထွင် ဖန်တီးထားသည့် အပြားလေးများဖြင့် ဖုံးအုပ်ထားသည်။



ထိုအပြားလေးများ၏ အပူချိန်ကို ပြောင်းလဲပေးခြင်းဖြင့် ရန်သူ့ ထောက်လှမ်းမှု စနစ်များကို လှည့်စားနိုင် မည် ဖြစ်သည်။ (၃၅)တန်မျှ အလေးချိန်ရှိသော အဆိုပါ တင့်ကားကို ပိုလန်ကုမ္ပဏီ Obrumနှင့် BAEတို့က ပူးပေါင်းတည်ဆောက်နေသည်။ တင့်ကားကိုယ်ထည်တွင် ဆဋ္ဌဂံပုံ အပူပြောင်း ချပ်ပြားလေးများ ပါရှိနေပြီး ယင်းတို့ကို လိုသလို ထိန်းညှိ ပြောင်းလဲနိုင်သည်။ အပူချိန် ပြောင်းလဲမှုကြောင့် တင့်ကားသည် ရေဒါဖြင့် ဖမ်းယူချိန်၌ သာမန် မော်တော်ကားတစ်စင်း မောင်းနှင်နေသည့် အခြေအနေမျိုး ရှိနေမည် ဖြစ်သလို ညဘက်နှင့် မြင်ကွင်းမရှင်းသော အခြေအနေများ၌ အပူငွေ့ကို တိုင်းတာသည့် မှန်ပြောင်းများဖြင့် ကြည့် ရှုပါကလည်း လုံးဝ မမြင်နိုင်အောင် ကိုယ်ဖျောက်ထားနိုင်ကြောင်း သိရသည်။



အဆိုပါ တင့်ကားများကို စစ်မြေပြင်၌ (၂၀၁၈)ခုနှစ်တွင် စတင်၍ အသုံးပြုလာနိုင်ဖွယ် ရှိနေသည်။ အနီအောက်ရောင်ခြည်သုံး ထောက်လှမ်းမှုများအတွက် အဓိက ရည်ရွယ် ကိုယ်ဖျောက်နိုင်အောင် ဖန်တီးထားသော တင့်ကားသည် တောထဲတွင် သားကောင်လိုက်နေသည့် ကျားတစ်ကောင်သဖွယ်၊ မြို့ထဲတွင် သာမန် မော်တော်ကားငယ် တစ်စင်းသဖွယ် ရန်သူကို အာရုံလှည့်စားနိုင်မည် ဖြစ်သည်။ အဆိုပါ တင့်ကားတွင် အပူထုတ်လွှတ်မှုကို လျှော့ချထားသည့် မြင်းကောင်ရေ (၉၄၀)စွမ်းအားရှိ ဒီဂျယ်အင်ဂျင်ကို တပ်ဆင်ထားကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...