မီးဖွားပြီးတဲ့အခါ ကလေးအမေတွေ ၀ိတ်ဆက်တက်ရင် နှလုံးရောဂါ ရနိုင်သလား


Photo;dailymail

“ယောက်ျား ဖောင်စီး၊ မိန်မ မီးနေ” ဆိုတဲ့စကားကို လူတိုင်း ကြာဘူးကြမှာပါ။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရင် အသက်နဲ့ရင်းရတာပါ။ ဒါကြောင့်လည်း အမေတွေရဲ့ ဂုဏ်ကျေးဇူးတွေ ကို ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံက ပုံဖော်ရေးသီကြပါတယ်။

ကလေးမွေးပြီးတစ်နှစ်လောက်ကြာရင် ကလေးအမေတွေရဲ့  အသက်အန္တရာယ်ကနေ ဝေးပြီလား ဆိုရင်တော့လည်း နည်းသွားတယ်လို့ ပြောရမှာပါပဲ။ ဒါပေမယ့် ကလေးမွေးပြီးတဲ့အခါမှာ တချို့ကလေး မိခင်တွေဟာ ကိုယ်အလေးချိန်တက်ပြီး ၀လာလေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် လိုသလောက်တက်ဖို့ အရေးကြီးပေမယ့် မီးဖွားပြီးရင်တော့ တက်ထားတဲ့ ကိုယ်အလေးချိန်တွေ ပြန်ပြီး ကျသင့်ပါတယ်။ အခုနောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ သုတေသနတစ်ခုအရ ကလေးမိခင်တွေဟာ ကလေးမီးဖွားအပြီး အ၀လွန်တဲ့အတွက် ကလေးမွေးပြီး တစ်နှစ်အတွင်း ၀ိတ်မချနိုင်ရင်တော့ ဆီးချိုသွေးချို နဲ့ နှလုံးရောဂါတွေရနိုင်တယ်လို့ ပြောပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မောင့်တ်ဆိုင်နိုင်း ဆေးရုံက ဆေးသုတေသနပညာရှင်တွေက ကလေးမွေးပြီး ကာစ တစ်နှစ်အတွင်း ကလေးအမေတွေကို လေ့လာထားပါတယ်။

အမျိုးသမီး အယောက် ၃၀၀ ကျော်ကို ကိုယ်ဝန်ရှိချိန်အတွင်းနဲ့ ကလေးမွေးပြီး တစ်နှစ်အတွင်း မှာ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ၄ ပုံ ၃ပုံ မှာ ကိုယ်ဝန်ရှိစဉ်ကတက်ခဲ့တဲ့ ကိုယ်အလေးချိန် ကို လျှော့ချနိုင်ပြီး ကိုလက်စ်ထရောနဲ့ သွေေးပေါင်ချိန်တွေဟာ တစ်နှစ်အတွင်းမှာ ပုံမှန် ပြန်ဖြစ်သွားပါ တယ်။ ဒါပေမယ့် ၄ ပုံ ၁ ပုံမှာတော့ ကိုယ်အလေးချိန်မကျတဲ့အတွက် ဆီးချို သွေးချိုနဲ့ နှလုံးရောဂါတွေ ရနိုင်တဲ့အန္တရာယ်တွေရှိတာ တွေ့ရပါတယ်။

တိုရွန်တိုတက္ကသိုလ်( Toronto University)က တွဲထက်ပါမောက္ခ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာ Ravi Retnakaran ပြောတာကတော့ ”ဒီတွေ့ရှိချက်ဟာ ကလေးမွေးပြီး တစ်နှစ်အတွင်းမှာ ကိုယ်အလေး ချိန် ချဖို့အတွက် ကလေးမိခင်တွေကို အကြံဥာဏ်ပေးဖို့ အတွက် အများကြီး အထောက်အကူပြုပါတယ်၊ ဒီတွေ့ရှိချက်တွေအရ ကလေးမွေးပြီး တစ်နှစ်အတွင်း ၀ိတ်မကျရင်တော့ သွေးပေါင်ချိန်၊ ကိုလက်စ်တီရောလ်(Cholesterol) နဲ့ အင်ဆူလင်ဓာတ်(Insulin) တွေကို ကျန်းမာရေးနဲ့ဆန့်ကျင်ဘက်ကို သီးတ်ာစေပါတယ်” တဲ့..။

ဒီစာတမ်းဟာ ကလေးမိခင်တွေ ကလေးမီးဖွားပြီး တစ်နှစ်အတွင်းမှာ ကိုယ်ခန္တာ အ၀လွန်မှုကြောင့် နှလုံးနဲ့ ကိုယ်တွင်းဇီဝကမ္မပြောင်းလဲမှုတွေကို လေ့လာတွေ့ရှိတဲ့ ပထမဆုံးသောဆေးသုတေသန ဖြစ်ပါတယ်။

ဒီတွေ့ရှိချက်နဲ့ပါတ်သက်ပြီး နောက်ထပ် ဆေးသုတေသနတွေ ထပ်ပြီးလုပ်ဖို့ လိုပေမယ့်လည်း မိခင်တွေရဲ့ အသက်နဲ့ရင်းပြီး ကလေးမွေးဖွားရတယ်ဆိုတဲ့အချက်ကတော့ ပိုပြီး ခိုင်မာပါတယ်။ မိမိရင်သွေးတွေ ကို စောင့်ရှောက်ကြသလိုပဲ ကလေးမိခင်တွေ မိမိကိုယ်ကို ကျန်းမာရေးကောင်းအောင် ဂရုစိုက်နိုင်ကြ ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...