ယခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် မန္တလေး၌ နှစ်ရက်လျှင် တစ်ဦးနှုန်းသေ


မန္တလေးမြို့တစ်နေရာတွင်ဖြစ်ပွားသော ယာဉ်တိုက်မှုတစ်ခု (ဓာတ်ပုံ−ညီညီဇော်)

မန္တလေးမြို့တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ မတ်လအထိ သုံးလတာကာလအတွင်း ယာဉ်တိုက်မှု များကြောင့် နှစ်ရက်လျှင် တစ်ဦးနှုန်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ မတ်လအထိ သုံးလတာကာလအ တွင်း ယာဉ်တိုက်မှုပေါင်း ၁၀၂ မှု ဖြစ်ပွားကာ ၁၃၀ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး ၄၆ ဦး သေဆုံးခဲ့aကြာင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူး ရုံးမှ မန္တလေးတိုင်းဒေ သကြီးအစိုး ရအဖွဲ့ထံသို့ တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ပထမသုံးလတာကာလအတွင်း ယာဉ်တိုက်မှုaပါင်း ၁၁၀ မှု၊ ဒဏ်ရာရသူ ၁၉၃ ဦးနှင့် သေဆုံး သူ ၆၂ ဦးရှိခဲ့သည့် အတွက် ယမန်နှစ်ထက်စာလျှင် လျော့နည်းခဲ့သည်ဟု တင်ပြထားသည်။

မန္တလေးတိုင်းဒေသကြီး ၀န် ကြီးချုပ် ဦးရဲမြင့်ကလည်း မန္တ လေးမြို့တွင် ယာဉ်တိုက်မှုများ ဖြစ်ပွားနေသည့် အတွက် ယာဉ် တိုက်မှုဖြစ်ပါက ထိရောက်စွာ အရေးယူရန် တိုက်တွန်းထားသည်။

ယခင်က စည်းကမ်းမဲ့ မောင်းနှင်မှုများကို နေ့ခင်းပိုင်းတွင်သာ စစ်ဆေးအရေးယူရာမှ မန္တလေးတိုင်းဒေ သကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်အရ ၂၀၁၄ ခုနှစ် မတ်လ ၂၃ ရက်မှစတင်ကာ ညအချိန်များတွင်ပါ စစ်ဆေးအ ရေးယူလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

7 Day Daily

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...