နယူးဇီလန်ပညာသင်ဆု မြန်မာကျောင်းသား ၁၀ ဦးရွေးချယ်မည်



နယူးဇီလန်-အာဆီယံ (NZ-AS) ပညာသင်ဆုအစီအစဉ်ဖြင့် မြန်မာကျောင်းသား ၁၀ ဦးအား နယူးဇီ လန်နိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်ပညာသင်ယူရန် ရွေးချယ်သွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ သဘာဝဘေးစီမံခန့်ခွဲမှု၊ ပုဂ္ဂလိကကဏ္ဍတိုးတက်မှု၊ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲ မှုနှင့် အင်္ဂလိပ်ဘာသာ စကားသင်ကြားမှုဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူလိုသူများသည် ပညာသင်ဆုလျှောက်ထားနိုင်မည်ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားသူများအနေဖြင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု IELTS ၆ ဒသ ၅ ရရှိထားရန် လိုအပ်ပြီး အသက် (၄၀) နှစ်ထက်မကြီးရန်နှင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂ နှစ်အကြာ ကနေထိုင်သူဖြစ်ရမည်ဖြစ်သည်။

ပညာသင်ဆုအတွက် ကျောင်းလခ၊ ခရီးစရိတ်၊ နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေးနှင့် ခရီးသွား အာမခံ၊ ပညာရေးဆိုင်ရာ အထောက်အပံ့များ ရရှိမည်ဖြစ်ပြီး နယူးဇီလန်နိုင်ငံရှိ နာမည်ကြီးတက္ကသိုလ် တွင်ပညာသင်ယူခွင့်ရရှိမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်လွှာများကို www.nzembassy.com/thailand တွင် ဒေါင်းလုတ်ရယူနိုင်ပြီး လျှောက် လွှာများကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ် သည်။

7Day News Journal
Vol.13, No.5, April.2, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...