ဂူဂယ်လ်မျက်မှန်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအပေါ် စိုးရိမ်ရ

အမေရိကန်ပြည်ထောင်စုမှာ အရောင်းသွက်နေတဲ့ ဂူဂယ်လ်မျက်မှန်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအပေါ် စိုးရိမ်ရတယ်လို့ ကယ်လီဖိုးနီးယား အခြေစိုက် စားသုံးသူကာကွယ်ရေး အဖွဲ့က သတိပေးလိုက်ပါတယ်။

ဂူဂယ်လ်မျက်မှန်ကို သုံးပြီး ဘယ်သူ့ကိုမဆို ခွင့်ပြုချက်တောင်းစရာ မလိုဘဲ ဗီဒီယိုရိုက်ကူး မှတ်တမ်း တင်နိုင်ကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။



“ကိုယ့်ကို ဗီဒီယိုရိုက်နေတာကို သိမှာမဟုတ်ဘူး။ အလင်းရောင် ပျပျလေးနဲ့ အစိမ်းရောင် ခလုတ်ကလေး ကို မြင်နိုင်မှာ မဟုတ်ဘူး။ မျက်မှန်တပ်ထားရင်းနဲ့ ဘယ်သူ့ကိုမဆို၊ ဘယ်နေရာမှာ မဆို စောင့်ကြည့်တာမျိုး က ဖြစ်နိုင်ပါတယ်။” လို့ ဂျင်မီကော့က ပြောပါတယ်။

ဒီလိုပဲ ဂူဂယ်လ်မျက်မှန် တပ်ထားသူတွေရဲ့ အေတီအမ် လျှို့ဝှက်နံပါတ်တွေကလည်း မလုံခြုံနိုင်ဘူး လို့ ပြောပါတယ်၊

ဒီလိုပဲ ဂူဂယ်လ်မျက်မှန်ပိုင်ရှင်ရဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေရဲ့ ဘဏ်ကတ်နံပါတ်တွေလည်း အခိုးခံ ရနိုင်တယ်လို့ စားသုံးသူ ကာကွယ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂူဂယ်လ်မျက်မှန်ကို တပ်ထားတာနဲ့ ဂူဂယ်လ်ရဲ့ အစိတ်အပိုင်းဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ဂူဂယ်လ်ကုမ္မဏီ ၀င်ငွေအားလုံးရဲ့ ၉၈ ရာခိုင်နှုန်းဟာ ကြော်ငြာနဲ့ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းကနေ ၀င်နေတာပါ၊

ဒါကြောင့် ဂူဂယ်လ်က လူတွေရဲ့ အချက်အလက်တွေကို ရနိုင်သလောက် လိုချင်နေတယ်။ လို့ ပြောပါ တယ်။

ဂူဂယ်လ်မျက်မှန်ကို ဂူကယ်လ်(Google) ကုမ္မဏီက ၂၀၁၂ ခုနှစ် ဧပြီလမှာ တီထွင်ခဲ့ပြီး မျက်မှန်မှာပါတဲ့ functions တွေဟာ smart phones တွေနဲ့ တူပါတယ်။

ဂူဂယ်လ်မျက်မှန်တပ်ထားသူဟာ ဓာတ်ပုံရိုက်နိုင်၊ ဗီဒီယို call လည်း ခေါ်လို့ ရသလို အင်တာနက်သုံးနိုင်ပြီး လမ်းခရီး ဦးတည်ရာတွေကို ညွန်ပြတာအပါအ၀င် ဂူဂယ်လ်မျက်မှန်မှာ အသုံးပြုနိုင်တဲ့ functions တွေ တော်တော်များများ ပါဝင်နေပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...