သင်္ကြန်ကို သူတို့တွေ ဘယ်လိုဖြတ်သန်းကြမလဲ



တစ်နှစ်တစ်ခါ မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသာမက နိုင်ငံခြားသားများ ကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါ တယ်။ မြန်မာ့ရိုးရာ သင်္ကြန် ဟာ ရိုးရာအစဉ်အလာ ဓလေ့တစ် ခုဖြစ်ပြီး သားစဉ်မြေးဆက်လက် ဆင့်ကမ်းထိန်းသိမ်းခဲ့တဲ့ ရိုးရာအမွေလည်း ဖြစ်ပါတယ်။ မြန်မာပြည် သူ၊ ပြည်သားများဟာ အတာ သင်္ကြန်မှာ နှစ်ဟောင်းက စိတ်အညစ်အကြေးများကို အတာရေနဲ့ ဆေးကြော သန့်စင် ပြီးနှစ်သစ်မှာ ကောင်းမှုကုသိုလ်များနဲ့ ဖြတ် သန်းကြပါတယ်။ အဲဒီလိုပဲ ပြည်သူချစ် အနုပညာရှင် များကလည်း မြန်မာရိုးရာ အတာသင်္ကြန်ပွဲမှာ ကောင်းမှုကုသိုလ်များနဲ့ ဖြတ်သန်းသူများရှိသလို ပရိသတ်များ ကို အနုပညာနဲ့ ဖျော်ဖြေပြီး ဖြတ်သန်းသူများလည်းရှိ ပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ အနုပညာရှင်တွေ ဟာ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ဘယ်လိုဖြတ်သန်းကြမယ်ဆိုတာကို စုစည်းဖော်ပြလိုက်ပါတယ်။

ဇော်ဝင်းထွဋ်

အစ်ကိုကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ အင်ပါယာအဖွဲ့သားတွေနဲ့ အတူ ရှစ်မိုင်၊ မြိုင်ဟေဝန်ပန်းခြံမှာရှိမယ်။ သီချင်းဆိုမယ်။ ရိုးရာသင်္ကြန် ပွဲလေးပေါ့။ ဒီလို လုပ်တာက ဣနြေ္ဒ ရရနဲ့ ဂီတကိုခံစားရအောင် ပုံစံအသစ် တစ်မျိုးနဲ့ စီစဉ်လိုက်တာ။ မဏ္ဍပ်တွေ၊ လမ်းဘေးတွေမှာ နှစ်တွေအများကြီး ဖြတ်သန်း သီဆိုခဲ့ဖူးတယ်။ ဒါက အပြောင်းအ လဲ တစ်ခုပေါ့။ Free တင်ဆက်မှာပါ။ ပန်းခြံဝင်ခွင့်ကိုတော့ သူတို့ဘယ်လိုစီစဉ် ကြမလဲတော့ မသိဘူး။ အားလုံးလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်

ပြောရရင် မနှစ်ကသင်္ကြန်မှာ တအားပျော်ခဲ့တယ်။ မဏ္ဍပ်ဆောက်တယ်။ သူငယ်ချင်းတွေနဲ့အတူ ရေကစား တယ်။ တချို့စီစဉ် နေတာတွေရှိတယ်။ ဒီနှစ်လည်း မဏ္ဍပ်ဆောက် ဖြစ်မှာပါ။

အိမ့်ချစ်

” ညီမက ဒီနှစ်သင်္ကြန်မှာ ရန်ကုန်မှာရော၊ မန္တလေးမှာပါ အသွားအပြန် သီချင်းဆိုဖြစ်မှာပါ။ ခွဲပြီးတော့ ဆိုဖြစ်မယ်။ ဟိုဘက်နှစ်ရက်၊ ဒီဘက်နှစ်ရက်ပေါ့။ တခြား အဆိုေ တ်ာတွေလည်း အများကြီးပါဦးမယ်။ သင်္ကြန်မှာအားလုံးပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်။ သင်္ကြန်မတိုင်ခင် လောလော ဆယ်တော့ နိုင်ငံခြား မှာ သီချင်းသွားဆိုဖို့ရှိတယ်။

ဖြူဖြူကျော်သိန်း

ဖြူဖြူ ဒီနှစ်ရန်ကုန်မှာလုပ်မယ့် ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ရှိမယ်။ သီချင်း တွေဆိုမယ်။ ခါတိုင်းနှစ်တွေတော့ မန္တလေးမှာ ရှိတာပေါ့ နော်။ ဒီနှစ်က ထူးခြား တယ်လို့ပြောလို့ရတယ်။ သင်္ကြန်မှာ ရန်ကုန်ပရိသတ်တွေနဲ့ ထိတွေ့ခွင့်၊ ဖျော်ဖြေခွင့် ရမှာဆိုတော့လေ။ သင်္ကြန်ရောက်တိုင်း ပျော်ရွှင်ရသလို အသက် တစ်နှ စ်ကြီးသွားတာပေါ့။

ခင်ဝင့်ဝါ

” အစောပိုင်းကတော့ စိတ်ကဒွိဟပဲ။ တရားစခန်းမဝင်ဖြစ်ရင်အိမ်မှာအေးအေးဆေး ဆေးနားမယ်ပေါ့။ အခုတော့ တရားစခန်းဝင်ဖြစ်ဖို့ သေချာသွားပါပြီ။ ကုသိုလ်ကောင်း မှုတွေကို အေးအေးဆေးဆေးပြုလုပ် ရင်းနဲ့ သင်္ကြန်ကို ဖြတ်သန်းမှာပါ။ သင်္ကြန်မှာ အားလုံးဘေးရန်ကင်းကွာပြီး စိတ်ရော၊ လူရောချမ်းသာ ကြပါစေလို့ ဆုတောင်းပါတယ်။

စံရတီမိုးမြင့်

သင်္ကြန်ရောက်တိုင်းပျော်ပါတယ်။ ခါတိုင်းနှစ်တွေက မဏ္ဍပ်ဝင်ဖြစ်၊ ထိုင်ဖြစ်ပေမယ့် ဒီနှစ်တော့ သိပ်မသေ ချာပါဘူး။ အိမ်မှာပဲ အေး အေးဆေးဆေးနေဖြစ်ဖို့များပါတယ်။ အပူချိန်ကလည်းတအားများတယ်လေ။

အောင်လ

မန္တလေးမှာ SIR အဖွဲ့နဲ့ရှိ မယ်။ ပျော်ပျော်ပါးပါးလေးဖြစ် အောင် စီစဉ်ထားတယ်။ နှစ်တိုင်းပါပဲ။ သင်္ကြန်ကို ပရိသတ်တွေနဲ့ ဖြတ်သန်းမယ်။ သီချင်းဆိုရင်းပေါ့ ။

ကျော်ထွဋ်ဆွေ

သေချာမသိသေးဘူးဗျ။ ကမ်းလှမ်း ထားတာတွေတော့ရှိတယ်။ အရင်နှစ်တွေက တော့ ကိုယ့်အဖွဲ့သားတွေ နဲ့ မဏ္ဍပ်တွေဆောက် ဖြစ်တယ်။ ဒီနှစ်တော့ မဆောက်ဖြစ်ဘူး။ ကမ်းလှမ်းထားတဲ့သူတွေနဲ့ ညှိလို့ရရင် ဆိုဖြစ်မယ်။

ဘန်နီဖြိုး

သင်္ကြန်ကို ကျွန်တော်တအား နှစ်သက်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ဘာလုပ်ရမယ်၊ ဘယ်မှာရှိမယ်ဆို တာ ပြောလို့မရသေးဘူး။ ကျွန်တော်က မဏ္ဍပ်ထိုင်ရတာကို ခရေဇီပဲ။ အားလုံးပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပါတယ်။

ဝိုင်းစုခိုင်သိန်း

ကန်တော်ကြီး မျှော်စင်ကျွန်းမှာရှိမှာပါ။ တစ်နေ့ကို နှစ်ပိုင်းခွဲပြီး သီဆိုဖျော်ဖြေသွားမယ်။ ဒီနှစ်သင်္ကြန် မှာ တော်တော်လေးကို စိတ်လှုပ်ရှားနေတယ်။ နှစ်တိုင်း ပရိသတ်ေ တွ နဲ့အတူ ဖြတ်သန်းပါတယ်။

အားတီ (AR.T)

ကျွန်တော်ကတော့ ဒီနှစ်သင်္ကြန် ရန်ကုန်မှာပဲရှိမယ်။ ၁၉ လမ်း၊ Sky Net မဏ္ဍပ်မှာ အထိုင်ပေါ့။ အပြီးထိ အဲဒီမှာထိုင်မယ်။ ပရိသတ်တွေနဲ့အတူတူ ပျော်ပျော် ပါးပါးဖြတ် သန်းမယ်။ ပြီးရင် သင်္ကြန်ပြီးရင်ပေါ့၊ ခရီးထွက်ဖို့ရှိတယ်။ အခုလည်း တောက်လျှောက်ပွဲတွေမှာသီချင်းတွေဆိုနေရပါတယ်။

မင်းသွေး

ကျွန်တော်နေပြည်တော် မဏ္ဍပ်မှာ ဖျော်ဖြေရေးရှိရင်တော့ သွားပါမယ်။ တကယ်လို့မရှိရင် တော့ ကျွန်တော့် သူငယ်ချင်းမဏ္ဍပ်တွေကို လျှောက်သွားဖြစ်ပါမယ်။ မိသားစု အနေနဲ့ကတော့ သင်္ကြန် ရောက်တိုင်း အလှူအ တန်းတွေကို အမြဲလုပ်ဖြစ်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ နှစ်စဉ်နှစ်တိုင်းလည်း အိမ်နားက ဘုန်းကြီးကျောင်း မှာ လှူဒါန်းကု သိုလ်ယူဖြစ်ပါတယ်။ ကျွန်တော့်အတွက် မနှစ်က ကုသိုလ်လေးကတော့ ထူးထူးခြားခြား ရှိခဲ့တယ်။ မနှစ်တုန်းကလုပ်တဲ့အလှူတုန်းက ကျွန် တော့် အနုပညာပိုက် ဆံေ လးတွေကိုစုပြီးတော့ ကမ္မထ လုပ်ပြီးတော့ အလှူလုပ်ဖြစ်ခဲ့တာ။ မနှစ်ကတော့ ကျွန်တော့်အတွက် ထူးခြားခဲ့တယ်။ ဒီနှစ်တော့ ဘာလုပ်ဖြစ်မယ် မသိသေးဘူး။

နန်းမြတ်ဖြိုးသင်း

နေပြည်တော် ရွှေသံလွှင်မဏ္ဍပ်မှာ နန်းက သီချင်းဆိုမယ်။ လေးရက်လုံး သီဆိုဖျော်ဖြေရင်းနဲ့ပဲ ဖြတ် သန်းဖြစ်မှာပါ။

ချစ်စနိုးဦး

ဒီနှစ်သင်္ကြန်ကို ရန်ကုန်က ဂါးဒီးယန်းမဏ္ဍပ်မှာ သီချင်းဖျော်ဖြေရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မယ်။

ဆုပန်ထွာ

မပန်က ဒီနှစ်သင်္ကြန်ကို ပဲခူးမှာ ပရိသတ်တွေကို တေးသီချင်းတွေ နဲ့ဖျော်ဖြေပေးမယ်။ တေးသီချင်းတွေ ကို ဖျော်ဖြေရင်းနဲ့ပဲ ကုန်ဆုံးဖြစ်မှာပါ။

ဟိန်းဝေယံ

သင်္ကြန်ကိုတော့ အိမ်မှာပဲ ကျွန်တော့်မိသားစုနဲ့ အတူတူအနားယူမယ်။ အပြင်တော့ မထွက်ဖြစ်ဘူး။

ဖွေးဖွေး

သင်္ကြန်တွင်းကိုတော့ ဖွေးဖွေးက အိမ်တွင်းပုန်းရင်ပုန်း မပုန်းဖြစ်ရင်တော့ တရားစခန်းဝင်ဖို့တော့ စိတ်ကူး ထားပါတယ်။

ဟန်ထွန်း

ကျွန်တော် ဒီနှစ်သင်္ကြန် မန္တလေးက Alpine မဏ္ဍပ်မှာရှိမယ်။ အခုတော့ နားနားနေနေပါပဲ။ မန္တလေး ပရိသတ်တွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းသွားမှာပါ။

G Latt

ကျွန်တော် ရန်ကုန်က Grand Royal မဏ္ဍပ်မှာဆိုဖြစ်ဖို့များတယ်။ သေချာတာကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ ခါတိုင်းနှစ်တွေလည်း သီချင်းဆိုဖြစ်သလို ဒီနှစ်လည်း ဆိုဖြစ် မှာပါ။

ဂျေမောင်မောင်

အစ်ကိုက ဒီနှစ် မန္တလေးမှာ ရှိမယ်။ ၁၇ လမ်းဘက်မှာ။ သိပ်တပ်အပ်ပြောလို့မရပေမယ့် မန္တလေး မှာတော့သေချာတယ်။ အဲဒီကို အဖွဲ့သားစုံစုံညီညီနဲ့ သွားဖြစ်မယ်။ သီ ချင်းတွေဆိုမယ်။ အားလုံး ကိုယ်ရော စိတ်ပါ ပျော်ရွှင်စွာ သင်္ကြန်ကို ဖြတ်သန်းနိုင်ကြပါစေ။

ဂျက်ဆန်ထွန်း

ကိုကာကိုလာမဏ္ဍပ်မှာ သီချင်းဆိုမယ်။ မန္တလေးမှာပေါ့။ အခုတော့ သင်္ကြန်အတွက် ပြင်ဆင်နေတယ်။ ပွဲတွေလည်း တောက်လျှောက်ဆိုဖြစ်နေတယ်။ သင်္ကြန်ပြီး ရင်တော့ တောင်ကြီးကိုသွားဖို့ရှိပါတယ်။

ဗျူဟာ

သင်္ကြန်ကို ရန်ကုန်မှာပဲရှိမှာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်မှာပဲ။ ဒီနှစ်ဘယ်မှာရှိမလဲဆို တာတော့ ပြောလို့ မရသေးဘူး။ ပြောထားတာ တွေတော့ ရှိတာပေါ့နော်။ ဆိုဖို့ လည်း ရှိသလို မဆိုဖြစ်ဖို့လည်းဖြစ်သွားနိုင် တယ်။ သေချာတာကတော့ ရန်ကုန်မှာရှိမယ်။ သင်္ကြန်ပြီးရင်တော့ သမီးရှင်အခွေကို ဆက်လုပ်မယ်။ အခုလည်း လုပ်နေ တာ ပါပဲ။ အမ်တီဗီရိုက်မယ်။ အကောင်းဆုံးဖန်တီးမယ်။ ငါးလပိုင်းလောက်တော့ မှန်းထားတယ်။ သမီးရှင်ကတော့ ဘဝအတွက်အမှတ်တရဖြစ်ခဲ့ တာပေါ့။

Cobra-

အခုတော့ ကလေးထိန်းနေရတယ်ပေါ့။ သင်္ကြန်မှာဆိုဖြစ်မလား၊ မဆိုဖြစ်လားတော့ တပ်အပ်ပြောလို့ မရသေးဘူး။ အခုတော့ ကလေးထိန်းနေရတာနဲ့ အချိန်ကုန်နေတယ်။ ကမ်းလှမ်းတာတွေရှိလာရင်တော့ ဆိုဖြစ်မှာပါ။ သင်္ကြန်ပြီးရင်တော့ တစ်ကိုယ်တော်အခွေဆက်လုပ်မယ်။ ပရိသတ်ဆီ အကောင်းဆုံးချပြမှာပါ။ အားလုံးနှစ် သစ် မှာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပါတယ်ဗျာ။

ပေါ်ပြူလာအဖွဲ့
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...