ချော့ကလက်စားခြင်းဖြင့် အဝလွန်ခြင်းနှင့် သွေးတိုးရောဂါတို့ ဖြစ်နိုင်ခြေ လျှော့ချနိုင်



အညိုရောင် ချော့ကလက်များတွင် Flavanol ဓာတ်ပေါင်းသည် ခန္ဓာကိုယ် အလေးချိန် တိုးလာခြင်းကို တားဆီးတိုက်ဖျက်ပေးသလို သွေးတိုးရောဂါ၏ ခြိမ်းခြောက်မှုကိုလည်း အဟန့်အတား ဖြစ်စေကြောင်း ပညာရှင်များက လက်ခံထားသည်

ချော့ကလက်သည် သွေးတိုးနှင့် အဝလွန်ခြင်းတို့ကို ကာကွယ်ပေးသည့် ဓာတ်စာကောင်း တစ်ခုဖြစ်ကြောင်း သိပ္ပံပညာရှင်များက ထောက်ခံခဲ့သည်။ ချော့ကလက်တွင် ပါဝင်သော ကိုကိုးမှ Antioxidant ဓာတ်ပေါင်း များသည် ကိုယ်အလေးချိန် တက်လာခြင်းကို တားဆီးပေးပြီး သွေးအတွင်းမှ သကြားဓာတ် ကို လျှော့ ချပေးနိုင်ကြောင်း သိရသည်။ အညိုရောင် ချော့ကလက်များကို သင့်တင့်မျှတသော ပမာဏမျိုး ပုံမှန် စားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော အလေ့အထ တစ်ခုဟု သုတေသီများက ဆိုသည်။

အညိုရောင် ချော့ကလက်များတွင် Flavanol ဓာတ်ပေါင်းသည် ခန္ဓာကိုယ် အလေးချိန် တိုးလာခြင်းကို တားဆီးတိုက်ဖျက်ပေးသလို သွေးတိုးရောဂါ၏ ခြိမ်းခြောက်မှုကိုလည်း အဟန့်အတား ဖြစ်စေကြောင်း ပညာရှင်များက လက်ခံထားသည်။ သာမန်အားဖြင့် ပုံမှန် ချော့ကလက် စားခြင်းသည် Type 2 ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျော့ကျသွားစေကြောင်း အသစ်တွေ့ရှိသည့် စမ်းသပ်ချက် ရလဒ်တစ်ခုက ညွှန်ပြလျှက် ရှိသည်။ Agricultural and Food Chemistry ဂျာနယ်က အမေရိကန် သုတေသီ ဒေါက်တာ အန်ဒရူးနယ်လ်ဆင်နှင့် လုပ်ဖော်ကိုင်ဖက်များ၏ ဓာတ်ခွဲခန်း တွေ့ရှိချက်များကို အခြေခံပြီး ယခုကောက်ချက်ကို ဖော်ထုတ် ရေးသားခဲ့သည်။

ချော့ကလက်ရှိ ကိုကိုးများတွင် ပါဝင်သော ဓာတ်ပေါင်းများသည် အဆီကြွယ်ဝသော အစားအသောက် များရော၊ အဆီပါဝင်မှု နည်းပါးသည့် အစားအသောက်များကိုပါ ချေဖျက်နိုင်စွမ်း မြင့်မားကြောင်း သိရသည်။ ထို့အပြင် ချော့ကလက်သည် သွေးကြောများအတွင်း ရောင်ရမ်းမှုများ ဖြစ်ပေါ်နိုင်ခြေကို ဟန့်တားပေး ပြီး သွေးစီးဆင်းမှု ကောင်းမွန်အောင် အားပေးဆောင်ရွက်သဖြင့် နှလုံးနှင့် သွေးကြောများ ထိခိုက်မှု ကို လျော့ပါးစေသလို သွေးတိုးရောဂါ ဖြစ်နိုင်ခြေလည်း ကျဆင်းသွားလေ့ရှိကြောင်း သုတေသီများ က ထောက်ခံပြောဆိုသွားသည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...