ဗြိတိန်နိုင်ငံမှာ ဘာလို့ လေဖြတ်ရောဂါ ဖြစ်တဲ့နှုန်းတွေ တဟုန်ထိုး ကျသွားတာလည်း


Source of the picture: antsonafarm

၁)Statins အဆီကျဆေးတွေရဲ့  ကျေးဇူးကြောင့် လေဖြတ်တဲ့သူတွေ ၄၀%လောက် နည်းသွားတယ်။
၂)ဒီဆေးတွေကြောင့် သက်ကြီးရွယ်အိုတွေပါ လေဖြတ်နှုန်းနည်းသွားတယ်။
၃)ဗြိတိန်နိုင်ငံမှာ အဆီကျဆေးတွေ သောက်နေသူပေါင်း ၈ သန်းလောက်ရှိပါတယ်။

ယူကေရဲ့ လူဦးရေ ၆ သန်းလောက် သွေးတိုးကျဆေးတွေ သောက်နေကြတယ်။
အသက်ကြီးတဲ့သူတွေကို ဆေးစစ်မှုတွေပုံမှန်လုပ်ဖို့နဲ့ ဆားလျှော့စားတာမျိုး ကျန်းမာရေးနဲ့ပါတ်သက်တဲ့ လှုံ့ဆော်မှုတွေကလည်း အရေးကြီးပါတယ်။ အခုလို ဆေးဝါးတွေသောက်တဲ့အတွက် ၁၉၉၅ ခုနှစ်ကတေ ၂၀၁၀ ခုနှစ်အတွင်းမှာ လေဖြတ်သူနှုန်းဟာ လူဦးရေ တစ်သိန်းကို ၂၄၇ ဦးကနေ ၁၄၉ .၅ အထိ ကျဆင်းသွားပါတယ်လို့ King’s College London ရဲ့  သုသေသနပြုသူများက ဆိုပါတယ်။

Charity Blood Pressure UK ဥက္ကဌ Professor Graham MacGregor ကပြောတာကတော့ ဆေး ကုသမှုတွေ ကောင်းလာလို့ လေဖြတ်တဲ့ နှုန်း အရမ်းကျသွားကြောင်း ပြောပါတယ်။

“အခုဆိုရင် ပိုကောင်းတဲ့ သွေးတိုးကျဆေးတွေ ပေါ်လာပြီး ထိရောက်အောင် သုံးနိုင်တာလည်း ပါပါတယ်၊ အရင်ကဆိုရင် GP တွေက ဆေးတစ်မျိုးလောက်ပဲ သုံးလေ့ရှိပါတယ်” လို့ သူက ဆိုပါတယ်။

“အခုတော့ ဆေးတွေကို ပူးတွဲကာ ပိုပြီးအာနိသင်ရှိအောင် သုံးနိုင်ပါပြီ်၊ ပြီးတော့ ဆေးအသစ်တွေ က ဘေးထွက်ဆိုးကျိုးတွေလည်း နည်းပါးတဲ့အတွက် လူနာတွေကလည်း ဆေးတွေကို မှန်မှန်သောက် လာကြတယ်”‘ လို့လည်း သူက ထပ်ပြောပါတယ်။

“Statins လို့ခေါ်တဲ့ အဆီကျဆေးတွေကြောင့် လေဖြတ်တဲ့နှုန်း ၃၀ ကနေ ၄၀% လောက်ကျသွားပါတယ်၊ ဒါပေမယ့် ပိုပြီး ကြိုးစားရပါဦးမယ်၊ လေဖြတ်တဲ့လူနာအများစုက ရေဂါကို ကာကွယ်နိုင်ပါတယ်” လို့ လည်း ပြောပါတယ်။ လူတစ်ဦး လေဖြတ်တိုင်းဟာ ကျနော်တို့ ဆရာဝန်တွေရဲ့ ရောဂါကာကွယ်တဲ့နေရာမှာ အားနည်းလို့ ဖြစ်တဲ့ ချွတ်ယွင်းချက်တစ်ခုသာဖြစ်လို့ ၀မ်းနည်းစရာကောင်းပါတယ်လို့ သူကပြောပါသေး တယ်။

King’s College London က ကထိကတစ်ဦးလည်းဖြစ်၊ သုသေသနအဖွဲ့ ခေါင်ဆောင်တစ်ဦးလည်း ဖြစ်တဲ့ Dr Yanzhong Wang က တော့ ” ယူကေနိုင်ငံရဲ့  လေဖြတ်နှုန်းကတော့ တော်တော်လေး ရှင်းပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်းမှာ လေဖြတ်နှုန်းက ၄၀% တောင် လျော့ကျခဲ့ပါတယ်ဆိုတာ မင်္ဂလာသတင်းပဲ” လို့ဆိုပါတယ်။

ဗြိတိသျှလူမျိုးတွေက တစ်နှစ်မှာ လေဖြတ်သူပေါင်း ၁၅၂၀၀၀ ရှိပါတယ်။ အများစုကတော့ သွေးတိုးရောဂါ ဒါမှမဟုတ် သွေးအဆီတက်မှုတွေကြောင့် လေဖြတ်ကြတာပါ။ သွေးတိုးရှိတဲ့ လူနာတွေဟာ ကျန်းမာရေး ကို သေချာလိုက်စားသင့်ပြီး ဆားလျှော့စာခြင်း၊ ၀ိတ်ကျအောင်လုပ်ခြင်း၊ အရက်လျှော့သောက်ခြင်း၊ အသီးအနှံများများစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းတွေကို ဂရုတစိုက် လုပ်သင့်ပါတယ်။

The medical journal Stroke ထဲမှာ ရေးသားထားတဲ့ သုသေသနပြုစာတမ်းဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ်လေဖြတ်ခဲ့ဘူးတဲ့ လန်ဒန်တောင်ပိုင်းမှာနေတဲ့ လူ ၄၂၄၅ ယောက်ကို သုသေသနလုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်း အတူတူဖြစ်ဖို့ပဲ များပါတယ်လို့ ဆေးသုသေသန ပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

လေဖြတ်နှုန်းက အသက် ၄၅ နှစ်ကျော်တဲ့သူတွေမှာ များပြီး အသက် ၁၅နှစ်ကနေ ၄၄ နှစ်အုပ်စုနဲ့ လူမည်းတွေမှာတော့ လေဖြတ်နှုန်း ကျသွားတာ မတွေ့ရဘူးလို့လည်း ပြောပါတယ်။ ဖြစ်နိုင်တဲ့ အချက်တွေ ကတော့ အဲဒီအုပ်စုမှာ ဆီးချိုဖြစ်ပွားနှုန်းများလာခြင်းနဲ့ အ၀လွန်ရောဂါတွေ ပိုဖြစ်လာခြင်းတို့ကြောင့် ဖြစ် မယ်လို့ Dr Wang က ပြောပါတယ်။

ဆေးသုသေသနပညာရှင်များကတော့ ဆီးချိုဖြစ်တဲ့ လူငယ်အုပ်စုကို ပိုပြီးအားထုတ်ကာ ရောဂါတား ဆီးကြဖို့ ပြောပါတယ်။ တွဲဖက်စာတမ်းရေးသူ Professor Tony Rudd က “ဒီလိုရောဂါဖြစ်နှုန်းတွေ ကွဲပြားနေတာ ဘာကြောင့်လည်းဆိုတာ သိရဖို့ မဖြစ်မနေကို လိုအပ်နေပါပြီ၊ အကြောင်းရင်းကို မသိရင်တော့ ယူကေနိုင်ငံသားတွေရဲ့ ကျန်းမာရေး တစ်ဘက်စောင်းနင်း ဖြစ်မှု မညီမျှမှု အခြေအနေတွေက ပိုပြီး ဆိုးလာပါလိမ့်မယ်” လို့ ပြောပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...