ရိုးရာသင်္ကြန်နှင့် စိုးရိမ်ရင်ပူအမှတ်



မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် ပျော်ရွှင်စွာ နှစ်ကူးကြမည့် လူငယ်လူရွယ်များ၊ သားသမီးများအတွက် မိဘများ၊ သက်ဆိုင်သူများ၏ ရင်ထဲက စိုးရိမ်ရင်ပူအမှတ် မည်မျှ အထိ ရောက်ရှိနေသည်ကို တိုင်းတာကြည့်မိပါသည်။ လူငယ်လူရွယ် များ မိဘများ၊ သက်ဆိုင်သူများ၏ ရင်ပူအမှတ်များ လျော့ကျစေ နိုင်ကြစေ ရန်နှင့် နှစ်ကူးမင်္ဂလာဂရုပြုစရာအဖြစ် စီစဉ်တင်ဆက် လိုက်ပါသည်။

စာရေးဆရာမင်းဒင်

လွှတ်စိုးရိမ်တာပေါ့ဗျာ။ ဒီခေတ် လူငယ်တွေဟာ သင်္ကြန်ဆိုတာ ရိုးရာ ယဉ်ကျေးမှုတစ်ခုဆိုတာ မေ့ကုန်ကြပြီ ထင်မိတယ်။ အပျော်ကျူးဖို့ လိုင်စင်ချ ပေးတဲ့ နေ့ရက်တွေ လို သဘောထားပြီး မီးကုန်ယမ်းကုန် သောက်ကြစားကြ ရန်ဖြစ်ကြ ရိုက်ကြနှက်ကြတဲ့သတင်း တွေသာ မြင်တွေ့နေရတယ်။ စပွန်ဆာ ပေးသူတွေကလည်း ယဉ်ကျေး မှုထိန်း သိမ်းဖို့ ဆိုတာထက် ကိုယ့်ပစ္စည်းလူသိ များအောင်သာ အာရုံစိုက်ကြတာက လား။ ဒီကြားထဲမှာ ဘာသာရေးအစွန်း ရောက်တွေရဲ့ မီးစကလည်း သင်္ကြန်မှာ အချိန် မရွေးနေရာမရွေး ထတောက်နိုင် တယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်း ချမ်းသောသင်္ကြန် ကြည်နူးပျော်ရွှင်ဖွယ် သင်္ကြန်ဖြစ်ပါစေလို့သာဆုတောင်းလိုက် ပါတယ်။

ကိုယ်တိုင်လည်း သင်္ကြန်အခါဆို ပျော်ခဲ့တာမို့ လူငယ်တွေပျော်ချင်ကြမှာ ကို နားလည်ပါတယ်။ ယဉ်ကျေးစွာဆင် နွှဲရမယ့် သင်္ကြန်ဆိုတာ မမေ့စေချင်ဘူး။ သည်းခံ စိတ်မွေးကြပါ။ သတိနဲ့ပျော်ကြ ပါ။ အပျော်ရဲ့နောက်မှာ အန္တရာယ်အ ကြီးစားရှိတာ သတိချပ်စေချင်ပါတယ်။ လူငယ်တွေ ဘေးကင်းစွာ ပျော်ရွှင်ကြ တာကို မြင်ချင်ပါတယ်။

ကိုသိန်းဇော် (အရောင်းအဝယ်)

သင်္ကြန်မှာတော့ စိုးရိမ်မှုတွေ ရှိတယ်။ အခုကလည်း ဆန္ဒပြတာတွေ ရှိနေတယ်။ လူမျိုးရေးပြဿနာတွေ လည်း ရှိနေတော့ အိမ်က ညီမတွေကို မဏ္ဍပ်တွေ လည်းမ သွားခိုင်းဘူး။လျှောက် လည်း မလည်ခိုင်းဘူး။ ဒါတွေက ၂ဝ၁ဝ သင်္ကြန်မှာ ဗုံးပေါက်မှုဖြစ်ကတည်းက အပြင်မှာ လျှောက်မလည်ခိုင်းတော့ တာ။လူ ငယ်တွေ ဆိုေ တာ့ လျှောက်လည်ချင် ကြတာပေါ့။ သင်္ကြန်မှာ မဏ္ဍပ်တွေ လျှောက်မလည်ရတော့ ဒီနှစ်ကို တရား စခန်းပဲ ဝင်ကြမယ်လို့ပြောတယ်။ ဒီမှာ က နိုင်ငံရေး၊ လူမျိုးရေြး ပဿနာတွေ ဖြစ် ပျက်နေတဲ့ အခြေအနေဆိုတော့ စိုးရိမ် မှုနဲ့ပဲ နေနေရတယ်။ သင်္ကြန်လျှောက် လည်ကြမယ့် လူငယ်တွေအနေနဲ့ သတိ ဝီရိယနဲ့ သွားလာကြပါ။ ဒီနှစ် လည်း ကိုယ့် အိမ်ရှေ့နားမှာပဲ ပတ်ဝန်းကျင်က လူတွေနဲ့ မဏ္ဍပ်ထိုးပြီး ရေပက်မယ်။အဲဒါက စိတ်ချရတယ်။

ဦးရွှေစော တောင်ဒဂုံမြို့နယ်

သင်္ကြန်မှာ လျှောက်မလည်ခိုင်း ဘူး။ အိမ်မှာပဲနေခိုင်းတယ်။၂ဝ၁ဝ ဗုံး ပေါက်မှုဖြစ်ကတည်းက မလည်ခိုင်း တော့တာပါ။ အဲဒီလို မလည်ခိုင်းတော့ ကလေးတွေက ဘာ မှတုံ့ပြန် တာ မျိုး မရှိဘူး။ သူတို့ကိုယ်တိုင်ကလည်း လျှောက် မလည်ချင်ကြဘူး။ အိမ်ရှေ့နားပဲ ရေ ပက်တာလောက်ပဲရှိတော့တယ်။ သင်္ကြန် မှာ လုံခြုံရေးတွေ အပြည့် ချ ထားတယ် လို့တော့ ပြောတယ်။ သင်္ကြန် မဟုတ် တောင် ဟိုနေရာဒီနေရာ ဗုံးပေါက်တော့ ပိုပြီးစိုးရိမ်ရတယ်။ ကလေးတွေ အပြင် သွားရင်လည်း စိတ်မချရဘူး။သင်္ကြန် မှာ က မူးယစ်သောက်စားပြီး ရန်ဖြစ်ကြ ရိုက်ကြတာကများတယ်။ ဒါကြောင့် လည်း တစ်နှစ်မှ မလည်ခိုင်းတော့တာ။အိမ်ရှေ့မှာပဲ မဏ္ဍပ်လုပ်ပေးထားတော့ ကိုယ့်မျက် စိရှေ့ မှာမို့ စိတ်ချရတယ်။ တခြားလူငယ်တွေလည်း ထိန်းထိန်း သိမ်းသိမ်း လျှောက်လည်သင့်တယ်။

ဒေါ်ဖြူဖြူ မြောက်ဥက္ကလာပမြို့နယ်

ဒီနှစ်သင်္ကြန်မှာ လူငယ်တွေပိုဆိုး မယ်လို့ ထင်တယ်။ နောက်ပြီး မဏ္ဍပ် တွေမှာ နားခိုဆောင်တွေ ထည့်ပေး တယ်ဆိုတော့ သားသမီးတွေအတွက် စိုးရိမ်စရာပဲလူငယ်တွေ သင်္ကြန်မှာ ပျက် စီးကြမှာမြင်ယောင်မိတယ်။ အိမ်က ကလေးတွေကိုတော့ မဏ္ဍပ်လုံးဝ မထိုင် ခိုင်းဘူး။ အခုတောင် မှာနေရတယ် သင်္ကြန်တွင်း လုံးဝမဏ္ဍပ်မထိုင်ရဘူး ဆိုပြီးတော့ မှာထားတယ်။ လူကြီးတွေ လည်း လိုက်ကြည့်နိုင်တာမဟုတ်ဘူး။မူးရူးကြမယ့်လူတွေချည်းပဲ။ မတော် တဆ တစ်ခုခုဖြစ်သွားရင်လည်းဘာမှ မတတ်နိုင် ဘူး။ ဘာမှမဖြစ်အောင်တော့ တားရမယ်။ ယောက်ျားလေးတွေ အတွက် က အလွန်ဆုံး ခိုက်ရန်ဖြစ်လို့ စခန်း ရောက်တာအပြင် ပိုမရှိဘူး။ မိန်းကလေး တွေအတွက်က တစ်စုံတစ်ခုဖြစ်သွား ရင်မိဘတွေပဲရင်ကျိုးရမှာ။ ငယ်ငယ်က မိဘတွေနဲ့အတူတူ ကားလိုက်လည်ပို့ ပေးတယ်။ အခုနောက်ပိုင်း ရာသီဥတု ပူတာနဲ့ သင်္ကြန်တွင်းကို ကားတွေလည်းလည်တာများလာတယ်။ တစ်နေကုန် လည်ရင်တောင် နေရာစုံချင်မှစုံတယ် အဓိက,ကတော့ သောက်စားတာ တွေပိုများလာတာကြောင့် စိတ်မချ ဖြစ် ရ တာပါ။ လူတိုင်းမူးနေကြတော့ရန်ဖြစ် တာလည်း နေရာတိုင်းလိုလိုနဲ့ ကလေး တွေကိုတော့ အတတ်နိုင်ဆုံးလည်မယ် ဆိုရင်တောင် ကိုယ်တိုင်လိုက်ပို့ပေး မယ်။ ဒီနှစ် အတွက်တော့ အပြင်ကို မထွက်စေချင်တာပါပဲ။အိမ်မှာနေရင် နေမနေရင်ခရီးထွက်ဖို့ စီစဉ်ထားတယ်။

ဒေါ်နွဲ့နွဲ့ဦး (မြောက်ဒဂုံ)

လူငယ်များတွေကလည်းသင်္ကြန်ကာလအတွင်း ကျန်းမာရေးအတွက် ဂရုစိုက်သည့်အနေဖြင့် နေအပူရှိန်ပြင်း တဲ့ နေ့လယ်နေ့ခင်းတွေမှာ ခေတ္တခဏ အနားယူသင့်ပြီး မူး ယစ်သောက်စားရမ်း ကားခြင်းများ ၊ ချစ်စရာအတာသင်္ကြန်ကို အကြမ်းဖက်တဲ့သဏ္ဍာန် ပေါက်အောင် ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားခြင်း များကို ရှောင်ရှားသင့် ပါ တယ်။ ယခု လူ ငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းတတ်တဲ့စိတ်ဓာတ်မျိုး ခုက တည်းက လေ့ကျင့်ပျိုးထောင်သင့်ပါ တယ်။ သင်္ကြန်တွင်း ဆော့ကစားမယ့်သူ များဟာ လူငယ်အများစုဖြစ်တာကြောင့် CCTV တပ်ဆင်ခြင်း၊ လုံခြုံရေးများ စနစ်တကျထားရှိခြင်းကဲ့သို့သော စည်း ကမ်းထိန်း သိမ်းခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ သင်္ကြန်ကာလနဲ့ ကိုက်ညီတဲ့စည်းကမ်း များကို အပြောမဟုတ် အမှန်တကယ် တိကျစွာ အရေး ယူဆောင် ရွက်သင့်ပါ တယ်။ အရေးယူတယ်ဆိုတာ ဖမ်းဆီး ချုပ်နှောင်ခြင်းမဟုတ် အရေးတယူ ဂရု စိုက်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ဆိုလိုပါတယ်။

ထက်ထက်မိုးမြင့်၊ သုတလင်း
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...