ကိုယ်ဝန်ဆောင်ချိန်လေပွခြင်း



ကိုယ်ဝန်နုနေချိန်မှာ ပရိုဂျက်စတုန်းဟော်မုန်းတွေမြင့်တက်လာခြင်းက အစာခြေခြင်းကိုနှေးကွေး လာစေပြိးတော့အူလမ်းကြောင်းထဲ မှာလေဖြစ်ပေးဖို့အချိန်ပိုရသွားစေပါတယ်။

ကလေးအသက်ကြီးလာတာနဲ့အမျှ ၀မ်းဗိုက်အတွင်းနေရာထဲမှာ ထိုကဲ့သို့ပိုမိုဖြစ်ပေါ်လာကာလေပွခြင်းကို ပိုမိုခံစားလာရပါတယ်။

ကိုယ်ဝန်ဆောင်များအနေ နဲ့လေပြသနာ ကိုဖြေရှင်းရန် နည်းလမ်းကတော့အမျိုးမျိုးရှိပါတယ်။ ဆရာဝန်များ ညွှန်ကြားပေးသော ကိုယ်လက်လေ့ကျင့်ခန်းများ ကိုပြုလုပ်ပေးခြင်း၊ အစားမှန်မှန်စားခြင်းရေ များများသောက်ခြင်း၊ အစာကိုဖြည်းဖြည်းခြင်းစားခြင်း၊ အစာခြေစနစ်အလုပ် အများကြီးပေးခြင်း မျိုးမဖြစ်စေရန် အစာကို တခါတည်းအများကြီးမစားဘဲ နည်းနည်းနှင့် ခဏခဏစားပေးခြင်း၊လေထစေသော အစားအစာများဖြစ်သည့်ဂေါ်ဖီ၊ ပဲနှင့်ဆီကြော်များကိုရှောင်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းတို ကိုပြု လုပ်ဆောင်ရွက်ပေးနိုင်ပါသည်။

ထိုနည်းလမ်းမသက်သာပါက ဆရာသန်ညွှန်ကြားပေးသောလေနိုင်ဆေး များကိုသောက်သုးံသင့်ပါသည်။ အထူးသဖြင့်ဆရာဝန်နှင့်မတိုင်ပင်ဘဲ ကိုယ်ဝန်ဆောင်သည်မည်သည်ဆေးဝါးကိုမှမသောက်သုးံသင့်ပါ။

Health Digest

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...