အလှအပရဲ့  လျှို့ ဝှက်ချက် – ၁



သက်ရှိပဲ ဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် လောကမှာ အရာအားလုံးဟာ အလှကိုယ်စီ ပိုင်ဆိုင်ထားတယ်လေ။ ဒီထဲမှာ အလှအပကို အခုံမင်တတ်ဆုံး ကတော့ လူသားတွေပဲပေါ့။ ဒါဟာလည်း အပြစ်မဟုတ်ဘူးလေ။ ရုပ်ပန်း သဏ္ဍာန် လဏ္ခာ လှပခြင်းဟာလည်း အားသာချက် တစ်ခု ဖြစ်ပါတယ်။

လှနေရင် လူက ဘယ်ကိုသွားသွားလာလာ၊ ဘာလုပ်လုပ် အောင်မြင်မှုတွေ၊ ကံကောင်းမှုတွေ ရရှိတတ်ပါတယ်။ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်ပါနော်။ ရုပ်ရည်ချောမောတဲ့သူတွေကိုပဲ လောကမှာ အများအားဖြင့် ဦးစားပေးနေ တာ မလား။ ဒီတော့ တို့က ရုပ်မချောဘူး။ ကျမနဲ့ မဆိုင်ဘူးဆိုပြီး မေ့မထား လိုက်ပါနဲ့။ လောက အမှန်တရား နောက်တစ်ခုက -

” လူသားတိုင်းမှာ အလှကိုယ်စီရှိတယ်”

ယင်း အလှအပရဲ့ လျှို့ ဝှက်ချက်များထဲက တစ်ခုကတော့ -

“ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြည့်ဝခြင်း” ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကိုယ်ကိုယ်ကို အမြဲ ယုံကြည်ချက် ရှိနေသူက အပြင် ရုပ်ပိုင်း ဆိုင်ရာ အလှအပကို တိုက်ရိုက် အချိုးကျစေပါတယ်။ ဘယ်လောက်လှတယ် ပြောပြော ငါက လှမှမလှပဲလေလို့ တွေးပြီး စိတ်ညစ်နေသူဟာ သူ့ရဲ့  အလှတွေ တကယ်ပျောက်ဆုံးနေတတ်တယ်။ ကိုယ့်ကိုယ်ကို ဘာလုပ်လုပ် ယုံကြည်ချက် ပြည့်ဝနေသူ ကတော့ လောကမှ အလှဆုံးပါပဲ။ ကြည့်လိုက်တာနဲ့ သူဟာ စမတ်ကျနေတတ်တယ်။

ကြောက်တယ်၊ ရှက်တယ်ဆိုတာ မကောင်းမှု အကုသိုလ်လုပ်တဲ့ အခါမှပဲလေ။ အလုပ်ကိစ္စ၊ ကျောင်းကိစ္စ အပြင်အသွားအလာတွေမှာ ငါက မပြည့်စုံပါလား၊ ရုပ်ဆိုးနေပါလား။ အစရှိသဖြင့် ကိုယ့်ကိုယ်ကို မေးခွန်းတွေ ပြန်မေးနေရင် မကောင်းတော့ဘူး။

ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် တည်ဆောက်ခြင်းဖြင့် မိမိရဲ့  အလှအပကို ကြိမ်းသေ ပေါ်လွင်စေမှာ ဖြစ်ပါတယ်။

အောင်ခမ်း ( www.mmsocialsky.com )

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...