စနစ်တကျ မျက်နှာသစ်နည်း



စနစ်တကျ မျက်နှာသစ်နည်းတစ်နေ့လျှင် နှစ်ကြိမ် မနက် တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။ မကြာခဏ ထပ်ကာ ထပ်ကာ မျက်နှာ သစ်ခြင်းဟာ အရေပြားရဲ့အပြင်ဘက် ဆုံးအလွှာ Startum Corneum ကို ပျက်စီးစေပါတယ်။ အဲဒီအလွှာဟာ တစ်ခါပျက်စီးသွားပြီးရင် ပြန်လည် ကောင်းမွန်ဖို့၁၄ နာရီကြာမြင့်ပါ တယ်။

- Acidic Formula (4.5 - 5 pH) သာ ပါဝင်တဲ့ အပျော့စား မျက်နှာသစ် ဆပ်ပြာကိုသာ အသုံးပြုပါ။ ဆပ်ပြာ ကြမ်းများကို အသုံးပြုကာ မျက်နှာသစ်ခြင်းက မျက်နှာအရေပြား ပေါ်မှာရှိတဲ့ အဆီတွေကို ဖယ်ရှားပေး သလို ဖြစ်သွားကာ ထိုအရေပြားဟာ ပျက်စီးသွားပါတယ်။

- ဆာလဖိတ် သို့မဟုတ် Petrochemical (ဥပမာ - Propylene glycol ) တို့ဖြင့် ဖော်စပ်ထားသော မျက်နှာ သစ်ဆပ်ပြာများကို ရှောင်ရှားပါ။ သင့်အတွက် အသင့်တော်ဆုံး ဖြစ်မယ့် မျက်နှာသစ် ဆပ်ပြာတစ်မျိုး တည်းကိုသာ ရွေးချယ်ပြီး စွဲမြဲအသုံး ပြုပါ။

Ref- HD
L.A. Colors Cosmetics in Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...