မတ်လတစ်လထဲမှာတင် သန်းထီကံစမ်းမဲသုံးကြိမ်ပေါက်ခဲ့တဲ့ ကံအကောင်းဆုံးစုံတွဲ

Angel on 2014-04-02 15:56

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်က စုံတွဲတစ်တွဲဟာ လွန်ခဲ့တဲ့ မတ်လ တစ်လအတွင်းမှာတင် သန်းထီဆု သုံးကြိမ် ဆက်တိုက်ပေါက်ခဲ့ပြီး သန်းကြွယ်သူဌေးချက်ချင်းဖြစ်လာခဲ့ပါတယ်။
ကယ်လ်ဗင်နဲ့ ဇာတီယာစပင်ဆာ တို့ မောင်နှံဟာ အမြင့်ဆုံးဆုကြေးဖြစ်တဲ့ ဒေါ်လာ တစ်သန်းကို Powerball ထီလက်မှတ်ကနေ မတ်လအစောပိုင်းမှာ ပထမတစ်ခါ ဆွတ်ခူးခဲ့ပါတယ်။ နှစ် ပတ်ကြာပြီးနောက် မတ်လ ၂၆ ရက်နေ့ မှာ ဂဏန်းလေးလုံးတိုက်ကစားနည်းကနေ အမြင့်ဆုံး ဆုကြေး ဒေါ်လာ ၅ သိန်းကို ထပ်မံဆွတ်ခူးခဲ့ပြီး နောက်နေ့ မတ်လ ၂၇ ရက်နေ့ မှာပဲ ၂၄ နာရီရောင်းချတဲ့ စတိုးဆိုင်ကနေ ၀ယ်ယူလာတဲ့ ခဲခြစ်ကံစမ်းမဲ ကတ်က ဒေါ်လာ ၁ သန်း ထပ်ပေါက်ပြန်ပါတယ်။

ပို့ စ်မောက်မှာ နေထိုင်တဲ့ မယုံနိုင်လောက်စရာ ကံကောင်းတဲ့ ဒီစုံတွဲဟာ မတ်လ ၁၂ ရက်နေ့ မှာ ပထမဆုံး ဒေါ်လာ တစ်သန်း ဆုကြေးကို ဆွတ်ခူးခဲ့ပြီး နှစ်ပတ်အကြာ မတ်လ ၂၆ ရက်နေ့ မှာ ဒေါ်လာ ငါးသိန်းနဲ့  နောက်နေ့ မတ်လ ၂၇ ရက်နေ့ မှာ ဒေါ်လာတစ်သန်း ဆွတ်ခူးခဲ့လို့ တစ်လအတွင်း ကံစမ်းမဲ သုံးခါပေါက်ကာ ဒေါ်လာ ၂သန်းခွဲ ပိုင်ဆိုင်သွားခဲ့ပါတယ်။

နောက်ဆုံး ခဲခြစ်ကတ်ကနေ ဒေါ်လာ တစ်သန်း ပေါက်တဲ့အချိန်မှာ ကယ်လ်ဗင်က “ အချစ်ရေ -ကိုယ်တို့ တော့ ပေါက်ပြန်ပဟ” လို့ ဝမ်းသာအားရရေရွတ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

အခုလို တစ်လအတွင်း ကံစမ်းမဲဆုကြီး သုံးကြိမ်တိုင်တိုင်ပေါက်ခဲ့ပေမယ့် ကယ်လ်ဗင်ကတော့ ထီကံစမ်းမဲ ကစားနည်းတွေကို ဆက်ကစားသွားအုန်းမှာပဲလို့ ဆိုခဲ့ပါတယ်။

Ref: Dailymail.co.uk
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...