လက်ဝါးမှ ပြောတဲ့ သင်၏ ကိုယ်ရေကိုယ်သွေး



နီတီတီဖြစ်နေရင်

သတ္တိကောင်းမယ် ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင် နိုင်နဲ့ လုပ်ကိုင်တတ်မယ်။ ဦးစီးခေါင်းဆောင်ကောင်း ဖြစ်မယ်။ မိသားစုထဲမှာ တစ်မိပေါက်တစ်ယောက် ထွန်းဆိုသလို အောင်မြင်ကျော်ကြားမယ်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်တတ်မယ်။ စိတ်ခပ်တိုတို၊ ဒေါသ ခပ်ကြီးကြီးထဲကဖြစ်လို့ တချို့အခွင့်အရေးတွေတော့ လက်လွတ် သွားရတတ်ပါတယ်။

ပန်းရောင်ဖြစ်နေရင်

ယဉ်ကျေးသိမ့်မွေ့ပြီး လူအများကို ဆွဲဆောင် ညှို့ငင်နိုင်မယ်။ သနားကရုဏာစိတ်ကြီးမားပြီး ကူညီ ချင်စိတ် ပြင်းပျသူဖြစ်မယ်။ မိသားစုကို စောင့်ရှောက် နိုင်လိမ့်မယ်။

ဝါတာတာဖြစ်နေရင်

ကျန်းမာရေး ချူချာတတ်တယ်။ စိတ်အား ငယ်တတ်တယ်။ သူတစ်ပါးကို အားကိုးချင်စိတ်များ နေတတ် တယ်။ သွေး၊ ဆီး၊ အစာအိမ်၊ ကျောက်ကပ် ကျန်းမာရေး သတိထားပါ။

ဖြူတူတူဖြစ်နေရင်

ပြန်မပြော နားမထောင်၊ ဂျစ်ကန်ကန် လူ စားမျိုး ကြိတ်ပြီးကြံတတ်တယ်။ တစ်ယောက်တည်း ခွဲနေတတ် တယ်။ စိတ်ကောက်တတ်တယ်။ လက်စား ချေချင်စိတ်၊ မကောင်းမြင်စိတ် ကြီးမားတတ်တယ်။ သွေးနဲ့ နှလုံးပိုင်းမှာ အားနည်းတတ်ပါတယ်။

ညိုတိုတိုမည်းတဲတဲ ဖြစ်နေရင်

စိတ်ဓာတ် ခက်ထန်မာကျောလွန်းမယ်။ မည် သူ့မျက်နှာကိုမှမထောက်ဘဲ လုပ်ချင်တာကို ဇွတ်အ တင်းဖြစ်အောင်လုပ်တတ်တယ်။ အခွင့်အရေးနဲ့သြ ဇာအာဏာပိုင်းတွေကို အရအမိ ယူတတ်တယ်။ အချစ်ကြီးသလို အမျက်ကြီးတတ်တယ်။

ပြာတာတာဖြစ်နေရင်

စိတ်နှလုံး နူးညံ့တယ်ဆိုတာထက် ပျော့ညံ့ လွန်းသူလို့ ပြောရလိမ့်မယ်။ ဘယ်တော့မဆို နား အေးပြီးရော ဆိုပြီး အရှုံးသမားအဖြစ်ပဲ ရပ်တည်ရတတ်တယ်။ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်လွဲမှု၊ မလို လားမှုတွေ ကိုပဲ ကြုံရတတ်တယ်။ အားငယ်တတ်ပြီး ကြိတ်ပြီးခံစားတတ်တယ်။ မူးယစ်ဆေး၊ ကျန်းမာ ရေးဆေး တစ်ခုခု စွဲလမ်းတတ်တာကို သတိထားပါ။ အစားမှား ဆေးမှား သွေးအဆိပ် ဖြစ်တတ်တာတွေကို သတိထားပါ။

မနောမယ ဂျာနယ်မှ ကောက်နုတ်တင်ပြပါသည်။
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...