အော့တစ်ဇင်က ယောက်ျားလေးမှာ အဖြစ်များတာ ဘာကြောင့်လဲ


Health Updates Journal No. 111

ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက်စာရင် အော့တစ်ဇင်လို အာရုံကြော ဖွံ့ဖြိုးမှု အားနည်း တဲ့ရောဂါကို ပိုအဖြစ်များတယ်ဆိုတာ သိကြပါတယ်။ အကြောင်းရင်းခံကို သုတေသီတွေက ယခုလေ့လာမှုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ မိန်းကလေးတွေဟာ ပိုးပြီးပြင်းထန်တဲ့ မျိုးဗီဇပြောင်းလဲမှုကို ကြုံတွေ့မှသာ အာရုံကြောရောဂါတွေ ပိုဖြစ်နိုင်မယ်ဆိုတဲ့ အချက်ပေါ်မှာအခြေခံခဲ့ပါတယ်။

University Hospital of Lausanne မှ သုတေသီ Sebastien Jacquemont က “မိန်းကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ အာ ရုံကြောပြဿနာကို ကြံ့ကြံ့ခံနိုင်တဲ့ ပရိုတင်းတွေဟာ ယောက်ျားလေး ထက်ပိုများပါတယ်။ ဒါဟာ အားသာချက်ဖြစ်ပါတယ်”လို့ ပြောကြားထားပါတယ်။

ဒီလေ့လာမှုမှာ အာရုံကြောဖွံ့ ဖြိုးမှု ချို့ယွင်းနေသူ ၁၆၀၀၀ခန့်ဆီမှ DNA နမူနာများကို ရယူသုံးသပ်ခဲ့ ပါတယ်။ တွေ့ရှိလာရတာကတော့ အော့တစ်ဇင်ခံစားနေရတဲ့ မိန်းကလေးတွေမှာ ယောက်ျားလေးတွေ ထက် CNC copy number variant ဆိုတဲ့ မျိုးဗီဇများနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

““မိန်းကလေးတွေရဲ့ ဦးနှောက်ဟာယောက်ျားလေးတွေ ထက်ပြင်းထန်တဲ့ အခြေအနေကို ခံစားရမှသာ အာရုံကြောပျက်စီးနိုင်ချေရှိပါတယ်။ ပြင်းထန်တဲ့ အခြေအနေဟာ သာမန်အခြေအနေထက် နည်းပါး တာဖြစ်ပါတယ်။့  ခရိုမိုဇုန်း ကိုပိုင်ဆိုင်ခြင်းကလည်း ယောက်ျားလေးတွေ အော့တစ်ဇင်ဖြစ်ပွားမှု ပိုများဖို့ သက်ရောက်မှုရှိပါတယ်” လို့ Sebastien Jacquemont က ရှင်းပြထားပါတယ်။

ဒီလေ့လာမှုကို American Journal of Human Genetics မှာ ရှင်းပြထားပါတယ်။

သန့်စင်
ref: ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...