လူတစ်ယောက်ကို နက်နက်ရိုင်းရိုင်းချစ်မိရင်တော့ နက်နက်ရိုင်းရိုင်းခံစားရမှာပါပဲ...



လူတစ်ယောက်ကို တစ်ဘ၀လုံးစာအတွက် ရည်ရွယ်ပြီး ချစ်ခဲ့မိပေမဲ့ ကိုယ့်ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးခံလိုက် ရတဲ့အခါ ဘ၀မှာဘာမှ အဓိပ္ပါယ်မဲ့သလို ခံစားမိမှာပါပဲ...

လူတစ်ယောက်ကို အရာအားလုံးထက် တန်ဖိုးထားပါလျှက်နဲ့ ကိုယ့်ရင်ကို စုံကန်ထွက်သွားတဲ့အခါ နာကျင်ရမှာကိုယ်ပါပဲ...

လူတွေက အရူံးပေးတတ်မှန်းသိရင် အနိုင်ယူချင်တတ်ကြတယ်...

မြတ်နိုးတန်ဖိုးထားမှန်းသိရင် လုပ်ချင်ရာလုပ်တတ်ကြတယ်...

သူ့ကိုအရမ်းချစ်မှန်းသိရင် တန်ဖိုးမထားပဲ စွန့်ပစ်ချင်တတ်ကြတယ်...

လူတစ်ယောက်ကို ဘ၀တစ်ခုလုံးနဲ့ ရင်းပြီးချစ်မိလို့ရတယ် ဘ၀တစ်ခုပုံအောပြီး မမျှော်လင့်မိပါစေနဲ့...

တစ်ချို့သောအရာတွေက ပေါ့ပေါ့တွေးတတ်တာကောင်းတယ် မပိုင်ဆိုင်နိုင်တော့လို့ လက်လွှတ်လိုက် ရပြီဆိုရင် ကိုယ့်အတွက် အရမ်းကြီးမခံစားရတော့ဘူးပေါ့...

Phoe Phyu
Poem
Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...