ချစ်သူနှစ်ဦး အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲကြရ ရင်တောင် ပိုချစ်မိတဲ့လူ သံယောဇဉ်မဖြတ်နိုင်တဲ့လူက



ချစ်သူနှစ်ဦး အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲကြရ ရင်တောင် ပိုချစ်မိတဲ့လူ သံယောဇဉ်မဖြတ်နိုင်တဲ့ လူက......

သူ့တင်တဲ့စာလေးတွေ ပုံလေးတွေကို like မလုပ် ကွန့်မန်မပေးပဲနဲ့ ဖတ်နေတတ်ပါတယ်...

သူနဲ့ချက်ခဲ့ဖူးတဲ့မေးလ်အဟောင်းလေးတွေ ကိုပြန်ဖတ်ပြီး ပြုံးနေမိတတ်ပါသေးတယ်...

ကိုယ့်အနားကိုပြန်မလာနိုင်ဘူး ဆိုတာသိပေမဲ့ ကိုယ့်ကိုကိုယ် နာကျင်ခံပြီး မျှော်လင့်နေမိပါသေးတယ်...

တစ်ခြားတစ်ယောက်နဲ့ပျော်နေတာမြင်တော့ အရမ်း ခံစားနေရတတ်ပြီး အဆင်မပြေတော့ရင်လဲ သနားနေ
တတ်ပါတယ်...

သူတင်တဲ့စာလေးတွေ ကိုယ့်အတွက်များဖြစ်နေမလား ဆိုတဲ့စိတ်လေးတွေနဲ့ ရူးမိုက်စွာ ဖတ်နေတတ်ကြ ပါသေးတယ်...

သူပြသနာတစ်ခုဖြစ်နေရင်တောင် ကိုယ်ကသူ့ဘက်က နေပြီး Hero လုပ်ချင်နေတတ်ပါသေးတယ်...

မဖျက်ပစ်သေးတဲ့ မေးလ်အဟောင်းလေးတွေ ရှိသေးတယ် ခေါ်မလို့စဉ်းစားပြီး မခေါ်ဖြစ်တော့ တဲ့ဖုန်းနံပတ်တွေရှိသေးတယ် သူ့အကြောင်းစဉ်းစားမိတိုင်း နာကျင်မှုလေး တွေရှိနေတတ်သေးပါတယ်...

ဒီလိုပါပဲလေ ဖန်ခွက်အထဲကို ရေကိုကုန်အောင်သောက် လိုက်တာတောင် ခွက်အထဲကရေစက်လေးတွေ က ကပ်ကျန်နေတတ်သေးတာပဲ ချစ်သူနှစ်ဦးအကြောင်း မတိုက်ဆိုင်လို့လမ်းခွဲကြရ ရင်တောင်ပိုချစ်မိတဲ့ လူက အဲဒီသံယောဇဉ်ကြိုးကို လွယ်လွယ်မဖြတ်နိုင်တာ မဆန်းပါဘူး...

Phoe Phyu
Credit to Poem
Myanmar Forward

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...