ဖောက်ပြန်တဲ့ မိန်းမကို လည်ပင်းညှစ်လို့ တစ်ကျွန်းကျခဲ့တဲ့ ခင်ပွန်း


တရားခံ Iqbal

ငါတို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်းက ပြီးပြီလို့ ပြောခဲ့တဲ့ ဇနီးကို ခေါင်းစည်းပ၀ါနဲ့ လည်ပင်းညှစ်သတ်ခဲ့တဲ့ ခင်ပွန်းကို တစ်သက်တစ်ကျွန်း ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အသက် ၂၉နှစ်ရှိ Muhammed Hussian Iqbal ဆိုတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီး Salma Parveen အသက် ၂၂ ကို သူတို့ရဲ့ အိပ်ခန်းထဲမှာ လည်ပင်းညှစ်သတ်ခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ သူ့ကို ထားသွားတော့မယ်လို့ ပြောခဲ့ ကြေငြာခဲ့တဲ့အတွက် ဖြစ်ပါတယ်။

Iqbal တစ်ယောက် အံ့သြသင့်ခဲ့ပြီး ဘဏ်ဝန်ထမ်းဖြစ်သူ Salma အလုပ်သွားဖို့ အဆင်သင့် ဖြစ်နေတဲ့ အချိန်လို့ သိရပါတယ်။ ဒါကြောင့် သူမချည်ထားတဲ့ ခေါင်းစည်းပ၀ါနဲ့ သူမကို လည်ပင်းညှစ်ပြီး သတ်ခဲ့ပါတယ်။ သူမသေဆုံးသွားတဲ့ အခါမှာတော့ နောက်ထပ် ပ၀ါတွေ ခေါင်းစည်းတွေနဲ့ သူမရဲ့ ခြေနဲ့ လက်တွေကို ထုပ်ပိုးပြီး သူတို့နေထိုင်ရာ Coventry နေအိမ်မှာ ဖွက်ထားခဲ့ပါတယ်။ အဲဒီနောက် လန်ဒန်ကို ကြောက်ကြောက်နဲ့ ရထားစီးပြီး ထွက်ပြေးခဲ့ပါတယ်။

သို့သော်လည်း ရက်ပေါင်းအနည်းငယ် ကြာပြီးနောက်မှာတော့ လန်ဒန်က ရဲစခန်းတစ်ခုမှာ သူသွားရောက်ပြီး အဖမ်းခံခဲ့ပါတယ်။

သူ့မှာ အပြစ်ရှိကြောင်း ခိုင်လုံတဲ့အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမှာ ဖြစ်ပြီး ၁၅နှစ် အကျဉ်းချခံရမှာ ဖြစ်ကြောင်း တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

သူ့ရဲ့ ရှေ့နေကတော့ Iqbal ဟာ သူ့ဇနီးကို သေစေလိုတဲ့ ဆန္ဒမရှိခဲ့ပေမယ့် သူမကို ဆုံးရှုံးရမယ်ဆိုတဲ့ စိတ်ခံစားချက်ကြောင့် စိတ်မထိန်းနိုင်ဘဲ ယခုလို ဖြစ်ပျက်ခဲ့တာလို့ ပြောပါတယ်။ ဒါ့အပြင် သူ့ကို သူ့ဇနီးက ဓါးနဲ့ထိုးဖို့ ရည်ရွယ်ခဲ့တာကြောင့် ပြန်လည်ခုခံခဲ့ရပါတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အဆိုပါလျှောက်လဲချက်တွေဟာ အလိမ်အညာတွေ ဖြစ်ကြောင်း ရုံးတော်ကဖော်ပြခဲ့ပါတယ်။
Salmaနဲ့ သူ့ရဲ့ ဆက်ဆံရေးဟာ ပျက်ဆီးခဲ့ပြီး သူမဟာ သူ့ကိုထားခဲ့ခြင်းကြောင်း သိရပါတယ်။ ဒါကြောင့် Iqbal ဟာ သူမကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး သူမကတော့ ဘယ်လိုမှ တန်ပြန် ကာကွယ်နိုင်ခြင်း မရှိခဲ့ကြောင်း တွေ့ရပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၂ ခုနှစ်မှာ အစ္စလာမ်ထုံးစံအတိုင်း မင်္ဂလာဆောင်ခဲ့ကြပြီး Salma နဲ့ နောက်အမျိုးသားတစ်ဦး နမ်းနေကြတာကို Iqbal မြင်ပြီး နာရီပိုင်းအတွင်းမှာ ယခုလို လူသတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Salma ဟာ Kamran Caan ဆိုသူ အမျိုးသားနဲ့ ၂၀၀၉/၁၀ ကနေစပြီး အဆက်အသွယ်ရှိခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့တယ်လို့ Kamran ကထွက်ဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အပြန်အလှန်ပေးပို့ကြတဲ့ ဖုန်းမက်ဆေ့ခ်ျများအရ Kamran ဟာ Salma ကို Cinderellaလို့ ခေါ်ဆိုပြီး သူဟာလည်း အခြားတစ်ဦးနဲ့ လက်ထပ်ဖို့ အစီအစဉ်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် Kamran ကတော့ Salma ကိုပြောကြာခဲ့တဲ့ စကားတစ်ခွန်းကတော့ သူဟာ သူမအတွက်နဲ့ သူ့ဇနီးကို ထားခဲ့ဖို့ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။ သို့သော်လည်း Salma သေဆုံးပြီး သုံးပတ်အကြာမှာတော့ သူတို့ရဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
Kamran နဲ့ Salma တို့ရဲ့ များပြားလွန်းတဲ့ ဖုန်းမက်ဆေ့ခ်ျတွေအပြင် သူတို့နှစ်ဦး အပြင်မှာ တွေ့ဖို့ ချိန်းထားကြတဲ့ စာတွေကိုလည်း တွေ့ရပါတယ်။

Salma ရဲ့မိဘများကတော့ သူတို့ရဲ့ သမီးချောအတွက် ယူကြုံးမရ ဖြစ်ခဲ့ကြပါတယ်။ သူမဟာ သူတို့မိသားစုရဲ့ အနာဂတ် ၊ မျှော်လင့်ချက်ဖြစ်ပြီး သူမတို့ရဲ့ အိပ်မက်ကို ဖော်ဆောင်ပေးမယ့် သမီးလို့ သူတို့ ယုံကြည်ခဲ့ကြောင်း၊ သူမဘာလုပ်လုပ် သူတို့အနေနဲ့ မျက်စိမှိတ် ယုံခဲ့ကြကြောင်း၊ သူမဟာ အလွန်လှသလို စိတ်ထားလည်း အလွန်ကောင်းမွန်ကြောင်း၊ ခွန်အားပြည့်ဝပြီး ဘယ်လို အခက်အခဲမျိုးကိုမဆို ရင်ဆိုင်နိုင်တဲ့ မိန်းမတစ်ဦး ဖြစ်ကြောင်း ပြောခဲ့ပါတယ်။


သေဆုံးသူ Salma

ယခုလို သူမသေဆုံးရခြင်းဟာ သူမရဲ့ ခန္ဒာကိုယ်တစ်ခုတည်း ဆုံးရှုံးရခြင်း မဟုတ်ဘဲ သူတို့အတွက်တော့ သူမနဲ့ပတ်သတ်တဲ့ သူတို့ရဲ့ လူနေမှုဘ၀ အစစ အရာရာ အားလုံးဆုံးရှုံးရခြင်း ဖြစ်တယ်လို့ မိဘများ က ပြောဆိုပါတယ်။

ref: dailymail
World Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...