ပထမဆုံးအကြိမ် ဖုန်းပြောဆိုခ အပို ထပ်ပေးမည်

လာမယ့် ဧပြီ ၁၂ ရက်နေ့ကနေ ၂၁ ရက် သင်္ကြန်ကာလ အတွင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်တဲ့ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ကျပ် ၁ သောင်းတန် ၀ယ်ယူသူတွေဟာ အပိုအဖြစ် နောက်ထပ် ငွေကျပ် ၂၀၀၀ ဖိုး ပြောဆိုနိုင်မယ်လို့ ဆက်သွယ်ရေးမိုဘိုင်းဌာန အင်ဂျင်နီယာ တ ယောက်က ပြောပါတယ်။



မြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်း ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ရောင်းချခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင် အတွင်း ခုလို အပိုဆောင် ၀န်ဆောင်မှုပေးတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း သတ်မှတ်ကာလကျော်လွန်သည်အထိ ထပ်ဆောင်ငွေကို ကုန်အောင် မသုံးနိုင်ရင် အဲဒီငွေ အလိုအလျောက် ကုန်ဆုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အသေးစိတ် အစီအစဉ်တွေကိုတော့ ဧပြီ ၄ ရက်နေ့ နောက်ပိုင်းမှ တရားဝင် ထုတ်ပြန်ကြေညာ မယ်လို့ သူက ပြောပြပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...