ဗီဒီယိုဂိမ်းကို အချိန်ကြာကြာဆော့တဲ့ ဆယ်ကျော်သက်ကောင်လေးတွေဟာ အရိုးအားနည်းပြီး နောင်မှာ အရိုးပွလာနိုင်

သီဟနိုင် on 2014-04-05 12:41

အပြင်လောကမှာ ဆော့ကစားပြီး အချိန်ဖြုန်းတဲ့ ဆယ်ကျော်သက်တွေရဲ့ အရိုးဟာ ပိုသန်မာပါတယ်။ အိမ်ထဲမှာထိုင်ပြီး ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်းတွေ ဆော့နေတဲ့ ဆယ်ကျော်သက်တွေကတော့ အရိုးတွေ အားနည်းပြီး နောက်ပိုင်း အသက်အရွယ်ရလာတဲ့အခါ အရိုးပွရောဂါ ဖြစ်လာနိုင်ပါတယ်။

မော်နီတာ နဲ့ တီဗွီ ဖန်သားပြင်ရှေ့မှာ အထိုင်များတဲ့ ဆယ်ကျော်သက် ကောင်လေးတွေရဲ့ BMI (Body Mass Index) ခန္ဓာကိုယ်သိပ်သည်းဆ ညွှန်းကိန်းဟာ တခြား ဆယ်ကျော်သက်တွေထက် ပိုမြင့်ပါတယ်။
ထူးခြားတဲ့အချက်ကတော့ မော်နီတာ နဲ့ တီဗွီ ဖန်သားပြင်ရှေ့မှာ အထိုင်များတဲ့ ဆယ်ကျော်သက် ကောင် မလေးတွေရဲ့ အရိုးက ဂိမ်းအဆော့နည်းတဲ့ ကောင်မလေးတွေရဲ့ အရိုးထက် ပိုပြီး သန်မာနေတာပါပဲ။

ဒီလေ့လာမှုကို နောဝေနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၁၅နှစ်မှ ၁၈နှစ်အတွင်း ကောင်လေး ၄၈၄ယောက် နဲ့ ကောင်မလေး ၄၆၃ယောက်တို့ ပါဝင်ကူညီခဲ့ကြပါတယ်။

Ref:dailymail.co.uk
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...