ဂျပန်နှင့်ကိုရီးယား၌ ပညာသင်ကြားနိုင်ရန် ကျပ်သိန်းနှစ်ရာအထက် ကုန်ကျမည်



မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသားများကို ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတက္ကသိုလ်များသို့ ပညာ သင်ကြားနိုင်ရန် GMI မှပညာရေးဝန်ဆောင်မှုများပေးနေပြီး ၎င်းတက္ကသိုလ်များတွင် သွားရောက်ပညာ သင်ကြားနေသူများ၏ အခက်အခဲများကိုလည်း တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း GMI ပညာရေး ဝန်ဆောင်မှုလုပ်ငန်းမှ သိရှိရသည်။

ဂျပန်နှင့်ကိုရီးယားနိုင်ငံများတွင် သွားရောက်ပညာသင်ကြားကြမည့် မြန်မာနိုင်ငံမှ ကျောင်းသားများ အနေဖြင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရသည့်အပေါ် ကြုံတွေ့လာမည့် အခက်အခဲများကိုလည်း သက်ဆိုင်ရာတက္ကသိုလ်များ တာဝန်ရှိသူများဖြင့် ဆွေးနွေးကာကူညီဆောင်ရွက်သွားမည့် အစီအစဉ် ဖြစ် သည်။

“ကျွန်တော်တို့ဒီဘက်က ဟိုမှာကျောင်းသွားတက်တဲ့ ကျောင်းသားတွေရဲ့ ဗီဇာကိစ္စတွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေနဲ့ ဝင်ခွင့်ဖြေတဲ့အခါ၊ စာစီစာကုံးရေးတဲ့အခါတွေမှာ GMI အနေနဲ့ လက်ရှိ မှာ လေ့ကျင့်ပေးနေသလို ဟိုမှာလိုအပ်တဲ့ဝန်ဆောင်မှုတွေကိုလဲ ဆောင်ရွက်ပေးနေပါတယ်” ဟု GMI မှ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းအုပ်ကြီး ဦးမင်းသုခကပြောသည်။

ဂျပန်နိုင်ငံရှိ OKAYAMA၊ KURASHIKT၊ နှင့် CHIBA တက္ကသိုလ်များသို့ သွားရောက်သင်ကြားလို သူများအနေဖြင့် JLPT ဂျပန်ဘာသာကျွမ်းကျင်တတ်မြောက်မှု N3 အဆင့်ရှိပြီး မြန်မာနိုင်ငံမှပညာ အရည်အချင်းအနေဖြင့် ဒုတိယနှစ်တက်ရောက်နေသူများမှာ တက်ရောက်မည့်သက်ဆိုင်ရာ တက္က သိုလ်များ၌ ပထမနှစ်စတင်တက်ရောက်ရမည်ဖြစ်သည်။

Japanese Iintensive Language Program အတွက်တက်ရောက်လိုသူများအနေဖြင့် ဂျပန်ဘာသာ တတ်မြောက်မှု အဆင့်အနေဖြင့် N2၊ N3 အဆင့်ရှိရန်လိုအပ်ကြောင်း ဦးမင်းသုခက ရှင်းပြသည်။

“ဟိုမှာသွားရောက်ပညာသင်မယ့်သူတွေတွေ့ကြုံရမယ့် ဘာသာရပ်ဆိုင်ရာပြဿနာတွေ၊ ဘာသာ စကားပြဿနာတွေနဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ဆရာတစ်ယောက်ကို သီးသန့်ထား ဆောင် ရွက်ပေးနေပါတယ်။ ဘွဲ့ရသူတွေကိုလဲ အဲဒီနိုင်ငံတွေမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးပြီး ဘာသာရပ်အလိုက် အလုပ်အကိုင်တွေရဖို့ စီစဉ်ဆောင်ရွက်ပေးနေပါတယ်” ဟုမြန်မာပြည်ရုံးခွဲ တာဝန်ခံဦးစိန်ဇော်သန်းက ပြောသည်။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်သုံးခုနှင့် ကိုရီးယားနိုင်ငံရှိ WOOSONG တက္ကသိုလ်များတွင် စီမံခန့်ခွဲမှု ဆေးဝါး ကျွမ်းကျင်၊ အနုပညာနှင့်အသုံးချအနုပညာ၊ Design ပညာဘာသာရပ်များ၊ သိပ္ပံနှင့်စိုက်ပျိုးရေး ဆိုင်ရာ ဘာသာရပ်များ သင်ကြားနိုင်ပြီး ကျောင်းပြီးပါကစီးပွားရေးကုမ္ပဏီ ၁၅၀ ကျော်ဖြင့် Job Fair ပွဲများ စီစဉ်ပေးခြင်းအပြင် ကျောင်းဗီဇာမှ အလုပ်ဗီဇာသို့ပြောင်းလဲပေးသည်အထိ ပြုလုပ်ပေးကြောင်း GMI ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ သိရှိရသည်။

ကျောင်းသွားတက်မည့်သူများအနေဖြင့် ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ် (မနက်စာ) များအားလုံး အတွက် တစ်နှစ်လျှင်ကျပ်သိန်း ၂၀၀ မှ ၂၅၀ အထိကုန်ကျမည်ဖြစ်ကြောင်းနှင့် လက်ရှိ GMI ပညာ ရေး ဝန်ဆောင်မှုနှင့် ချိတ်ဆက်ကာ ဂျပန်နိုင်ငံတွင်ကျောင်းတက်ရောက်နေသည့် ကျောင်းသားဦးရေ မှာ ခြောက်ဦးခန့်ရှိပြီ ဖြစ်သည်။

Democracy Today Daily
အတွဲ(၁)၊ အမှတ်(၃၅)၊ ဧပြီလ(၄)ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...