သင်္ကြန်မှာ ပြည်ပခရီးသွားကြမည့် အနုပညာရှင်များ



လာမည့်သင်္ကြန်မှာ မြန်မာနိုင်ငံမှာမရှိဘဲ ပြည်ပခရီးရောက်ရှိနေမယ့် အနုပညာရှင်များရဲ့စကားများကို စုစည်းဖော်ပြလိုက်ပါတယ်။

ခင်ဇာခြည်ကျော်

” သင်္ကြန်ရက် မှာ အစ်မလန်ဒန်ကိုသွားမှာပါ။ လန်ဒန်မှာရှိတဲ့ ဘုန်းကြီးကျောင်းကနေ မြန်မာ့သင်္ကြန်ပွဲလေး လုပ်မှာပါ။ အဲဒီပွဲ အတွက်သွားတာပါ။ အဲဒီမှာ သွားပြီး ဖျော်ဖြေ ရင်းနဲ့ လည်ပတ်ကြမှာပါ”

သင်ဇာဝင့်ကျော်

” သင်ဇာ ဂျပန်ကို ခရီးသွား ဖြစ်မယ်။ ၁၁ ရက်နေ့ကတည်းက သွားမှာပါ။ ခရီးသွားဖြစ်တာက ဒီနှစ်အဖေနဲ့ အမေက ဂျပန်ကိုလည်းသွားချင်တယ်ဆိုတော့ လိုက်ပို့တဲ့ အနေနဲ့လည်းသွားဖြစ်တာပါ။ ရန်ကုန်မှာရှိနေရင် ဒီသင်္ကြန်နှစ်တိုင်းဆင်နွှဲလို့ရတယ်။ အဲဒါ ကြောင့် သွားဖြစ်တာပါ။ နောက်ဒီနှစ်က ခရီး သွားမှာမို့လို့လား မသိဘူး။ သိပ်ဖီ လင်မရှိဘူး။ ရာသီဥတုကလည်း တအားပူတယ်။ အရင်နှစ်တွေထက် ပိုဆိုးတယ်လေ။ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့လည်း အဲဒီမှာပဲရှိနေမှာပါ။ သင်္ကြန်ကို ဒီနှစ် ရန် ကုန်မှာမရှိဘူးပေါ့ “

မိုးဟေကို

” သင်္ကြန်ဆို အပြင်မထွက်ဖြစ်ဘူး။ ဖျော်ဖြေရေးလည်း မလုပ်ဖြစ်ဘူး။ အိမ်မှာပဲ နားတာများတယ်။ မနှစ် ကတော့ ရိပ်သာဝင်တယ်။ ဒီနှစ်ကတော့ မိသားစုနဲ့ ခရီးသွားဖြစ်မယ်။ ရိပ်သာတော့ မဝင်တော့ဘူး။ မိသားစုနဲ့ အချိန်ပေးချင်တာကြောင့်လေ။ အေးအေးဆေးဆေးနဲ့ မိသားစုအကုန်သွားကြမယ်။ စင်ကာပူကို သွားဖို့တော့ စီစဉ် ထားပါတယ်”

သက်မွန်မြင့်

” ဒီနှစ်သင်္ကြန်တွင်းကိုတော့ သက်မွန်တို့ ခရီးထွက်ဖြစ်မလား မသိသေးဘူး။ ထွက်ဖြစ်ရင်တော့ ပြည်ပ ကိုပဲ ထွက်ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နိုင်ငံလုံး သင်္ကြန် ဆိုတော့လေ။ ပြည်ပကိုပဲ ထွက်ဖြစ်မှာပါ။ ဘယ်ကို လည်းဆိုတာတော့ မသေချာသေးဘူး။ ခရီးထွက်ဖြစ်ဖို့တော့ များပါတယ် “

ဖြိုးငွေစိုး

” သင်္ကြန်တွင်းကိုတော့ ဟန်းနီးမွန်းခရီးလည်းသွားရမှာဆိုတော့ ပြည်ပကိုထွက်ဖို့ စိတ်ကူးထားတယ်။ ဘာလီကျွန်းကိုသွားဖို့တော့ စဉ်းစားထားတယ်။ ကမ်းခြေတစ် ခုခု ကိုတော့ ထွက်ဖြစ်မှာပါ “

အောင်ရဲလင်း

” ဒီနှစ်သင်္ကြန်က မဏ္ဍပ်လည်းမဆောက်ဖြစ်ဘူးဆိုတော့ နိုင်ငံခြားသွားဖြစ်မယ်။ အလည်သဘော ပါ။ ပြည်ပတော့ ထွက်ဖြစ်ဖို့ ရှိတယ်။ ဘယ်နိုင်ငံကို ထွက်ဖြစ်မလဲတော့ မသိသေးဘူး “

ပေါ်ပြူလာအဖွဲ့
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...