ဘီပိုး စီပိုး အသည်းသမားများအတွက် သခွတ်၏ အစွမ်း



သခွတ်ပင်ကို လူတော်များ သိကြမှာပါ အညာဘက်ဒေသမှာတော့  အပေါက်များပါတယ်။

သူ့ကအပင်ခတ်လတ်လတ် အကြီမျိုးပါ ရှေးလူကြီးတွေစာဆိုတောင် ရှိခဲ့ ဖူးပါတယ် (အသူရိန်မင်း နှင့်  သိကြားမင်းတို့ စစ်ခင်းသောကာလ)ပြာသို တစ်ပို့ တွဲလလောက် မှာပါ သခွတ်ပန်းတွေ ဝေဝေဆာပြီး
အောက်မှာ ကြွေကျနေတာပါ၊ ဒီအချိန်မှာ အရမ်းဆေးဖက်အာနိသင်ပိုထက်ပါတယ်။

ကျနော်ကိုဂေါ်လီ အတွေ့ ကြုံအရ ဒီပန်းတွေကို လိုက်ကောက်ပြီး၊ နှစ်သက်ယင် ကဇွန်းရွက် သို့ နှစ်သက် ရာ ဟင်းရွက်တစ်ခုခုနှင့်  ကျော်စားလို့ ရခြင်း ၊ရေနွေးဖျော၍၊အညာဓလေ့ ၊ငြုပ်သီးဆားထောင်း ၊အောက်ပြည်အောက်ရွာဘက်ကျပြန်တော့  ငပိရည်တို့ စရာလေးနဲ့ လိုက်ဖက်စား သုံးနိုင်ပြီး၊အရသာလေး မှာ ဆိမ့် ပြီး ခါးသက်သက်လေးနေပါတယ်၊ လဘ္ဖက်ကြိုက်သူများလည်း၊ သင်္ဘောရွက်နှင့်  တွဲဖက်ပြီး စားတာထက်စာ ယင် ၊ထိုသခွတ်ပွင့် လေးရေနွေးဖျောပြီး ရောယှက်စားတာ၊ ပိုအရသာရှိပါတယ်၊ နောက် ထပ်ဆေးဖက် ဝင်တာကတော့ ....

ဘီပိုး စီပိုး အသည်းသမားများအတွက် သခွတ်၏ အစွမ်း

ဆေးရည်ကျိုနည်း ….

ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ။ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက် သုံးနိုင်ပါသည်။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံး လည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြု လုပ်ပြီးတော့လည်း ဆေး အဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ် အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊သခွတ်ဆေး ရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ…
ကျန်းမာရေးသတင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...