သင့်ဘ၀အတွက် ပျော်ရွှင်မှု ရရှိစေမယ့် သိမှတ်ဖွယ်ရာများ



ကိုယ့်နေထိုင်မှုပုံစံ မမှန်လို့၊ ဒါမှမဟုတ် အကျင့်စရိုက်တစ်ချို့ ပြောင်းလဲပစ်ဖို့ လိုနေလို့ ကိုယ့်ရဲ့နေ့စဉ် ဘ၀တွေဟာ လိုအပ်ချက်တွေ ရှိနေတတ်တယ်ဆိုတာမျိုး ဘယ်သူတွေးမိမှာလဲ။ ဘာမှမဟုတ်ဘူးလို့ ထင်တဲ့အရာ တစ်ချို့ကြောင့် သင့်ဘ၀ ပိုမိုပျော်ရွှင်ဖွယ် ကောင်းလာတယ်ဆိုရင်တော့ မဖြစ်မနေ ကို ပြောင်းလဲပစ်ရမှာပဲနော်။

၁။ အိပ်ချိန်တွေကို မလျှော့ပစ်ပါနဲ့။ ဒါဟာ လူတစ်ယောက်အတွက် သိပ်အရေးကြီးတဲ့အရာပါ။ အိပ်ချိန် အပြည့်အ၀ ရှိပါစေ။



၂။ ပွေ့ဖက်ခြင်းဟာလည်း သင်ခံစားနေရတဲ့ ဖိအားတစ်ချို့ကို လျှော့ချပေးနိုင်ပါတယ်။ ရယ်မောခြင်းနဲ့ ပွေ့ ဖက်ခြင်းအတွက် မတွန့်ဆုတ်ပါနဲ့။



၃။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ကျေးဇူးတင်စကားပြောပါ။ ဖြစ်နိုင်ရင် note လေးရေးပြီး ကျေးဇူး တင်တဲ့အကြောင်း သူတို့သိအောင် ပို့ပေးပါ။



၎။ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတတ်ပါစေ။ အခက်အခဲတစ်ခုအတွက် ကိုယ်ရုန်းကန်ကြိုးစားခဲ့ရတဲ့အချိန်တွေ၊ ကိုယ်ကျော်လွှားနိုင်ခဲ့တဲ့ အခြေအနေတွေကို ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးမြှင့်လိုက်ပါ။



၅။ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ အကသင်တန်းတက်တာပဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်လက်လှုပ်ရှား မှု တစ်ခုခု လုပ်တာကလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။



၆။ ကိုယ့်စိတ်ကြိုက် သီချင်းတွေချည်း ရွေးပြီး နားထောင်ဖြစ်အောင် နားထောင်ပါ။



၇။ ရေများများသောက်ပါ။ ဒါကလည်း နေ့စဉ်ဘ၀မှာ ကိုယ့်ကိုကျန်းမာအောင်၊ ပျော်ရွှင်အောင် ပံပိုးပေးနိုင် တယ်ဆိုတာ မမေ့ပါနဲ့။



၈။ သူငယ်ချင်းတွေနဲ့ တစ်ပတ်ကို တစ်ခါ အနည်းဆုံး တွေ့ပေးပါ။ ရယ်စရာမောစရာတွေကြောင့် သင့်စိတ်တွေ ပြန်လည် လန်းဆန်းလာမှာပါ။

Ref:womenshealthmag.com

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...