ဒဂုန်တာရာ နှင့် နိုင်ငံရေး



ဆရာ ဒဂုန်တာရာ၏ နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် နှစ်ပိုင်းတွေ့ရ၏။ တစ်ပိုင်းမှာ သူ၏ တော် လှန်ရေး အမြင်ဖြစ်သည်။ သူသည် တက္ကသိုလ် ကျောင်းသား ဘ ဝ ကတည်းက မာ့က်စ် လီနင်ဝါဒကို လက်ခံသူဖြစ်ကြောင်း သူ ၏စာများနှင့် သူ့အပေါင်းအသင်းများ ကိုလေ့လာဆန်းစစ်ကြည့်ရာတွင် တွေ့ ရလေသည်။သူသည် ဗ မာပြည်ကွန်မြူ နစ်ပါတီခေါင်းဆောင်များနှင့် ရင်းနှီးပြီး သူတို့နှင့် သဘောတရား အမြင်ချင်းတူ သော်လည်း ကွန်မြူနစ်ပါတီနှင့်ပတ်သက် ခြင်းမရှိပေ။ သူ့ကို ဖဆပလနှင့် အနောက် အုပ်စုက လက်ဝဲစာရေးဆရာအဖြစ် သတ် မှတ်ကြသည်။ ထိုသို့ဖြစ်အောင်လည်း သူက ဆိုရှယ်လစ်စနစ် တို့ကို ဦးတည် ရေးလေ့ ရှိပါသည်။

ဆရာတာရာသည် လွတ်လပ်မှုကိုမြတ်နိုးသူဖြစ်၏။ သူသည် ပါတီအဖွဲ့အစည်းများ၏ ချုပ်ကိုင်မှု အောက် တွင် မရှိလိုသူဖြစ်ပါသည်။ စစ် ပြီးခေတ်သူ၏ စာပေလှုပ် ရှားမှု များမှာ ဆိုရှယ်လစ်စနစ်ကို ဦးတည်လေ သည်။ တော်လှန်ရေးအသံများဖြင့် ထုံမွှန်းနေ သည်။ ဆရာတာရာ၏ နိုင်ငံရေးအမြင် မှာအမြဲလို လို ခေတ်မီတိုးတက်လျက်ရှိ ပါသည်။ ဥပမာ ၂ဝဝဝပြည့်နှစ်ဝန်းကျင် များက နိုင်ငံရေးနှင့် စီးပွားရေး ကမ္ဘာ့ အင်အားစုတွင် ဂလိုဘယ်လိုက်ဇေးရှင်း မှာရှေ့တန်းရောက်နေ၏။ ထိုအချိန်က ဆရာသည် ကျွန်တော့်အား ဂလိုဘယ် လိုက်ဇေးရှင်းအကြောင်းမေးလေသည်။ ထိုစဉ်က ဆရာသည် မျက်စိကောင်း ကောင်း မမြင် ရတော့။ ဘေးမှ သူ့တူမ ကလည်းကောင်း၊ သူ့မြေး ကသော်လည်း ကောင်း စာများဖတ်ပြရသည်။ သောတ အာရုံဖြင့် သူက ထိုဂလိုဘယ်လိုက်ဇေး ရှင်းကို ကျွန်တော့်ထံမှလည်း သိရှိလို သောကြောင့် မေး လိုက်ခြင်းဖြစ်၏။ ကျွန်တော်က ရှင်းပြပြီး သောအခါဆရာ က”ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ အရင်း ရှင်စနစ်ရဲ့ ဈေးကွက်ဖြန့်ကြက်မှုပါလား”ဟု ကောက်ချက်ချသွားသည်ကို ကျွန် တော် အမှတ်ရနေ မိပါသည်။ ထိုကောက် ချက်ကိုကြည့်၍ ဆရာသည် အလွန် ခေတ်မီကြောင်း ကျွန်တော် တွေးမိပါသည်။

ဆရာက တော်လှန်ရေးအမြင်များ၊ မာ့က်စ်ဝါဒ အတွေးအမြင်များရှိသည် ဆိုသော်လည်း သူသည် စစ်ဆန့် ကျင် ရေးသမားဖြစ်သည်။ ၁၉၅၆ ခုနှစ် ဟန် ဂေရီကို ဆိုဗီ ယက် တပ်နီတော်က ဝင် သိမ်းသည်ကို သူက ဆန့်ကျင်၏။ အင်အားနည်းသောနိုင်ငံကို အင်အားကြီး နိုင်ငံတစ်ခုက မည်သည့် ရည်ရွယ်ချက် ဖြင့်ပင် တိုက်တိုက် ကျူးကျော် မှုဖြစ် သည်။ နယ်ချဲ့မှုဖြစ်သည်ဟု သူကျင်လည်ရာ စာပေအသိုင်းအဝိုင်းတွင် ဟန်ဂေရီကိစ္စ ကို ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့သည်။ ဆရာတာ ရာက ကျူးကျော်မှုတစ်ခုအဖြစ် ဆန့် ကျင်ခဲ့ ပါသည်။ ထို့အပြင် တိန့်ရှောင်ပင် အာဏာရသော တရုတ်အစိုးရက ဗီယက်နမ်သို့ ဝင်တိုက်ခဲ့သည်အား သူ ဆန့်ကျင်ခဲ့သည်။ ထိုစဉ်က သူရေး လိုက် သော အသုံး အနှုန်းတစ်ခုမှာ ”ယနေ့ ခေတ်၌စစ်ပွဲမျိုးစုံပေါ်နေ၏။ နယ်ချဲ့ စစ်၊ ကျူးကျော်စစ်၊ တော်လှန်စစ်၊ နောက်ဒဏ်ပေးစစ်” ဟူ၍ ဖြစ်သည်။ ဒဏ်ပေးစစ် ဆို သည် မှာ ဗီယက် နမ်ကို တရုတ်တပ်များ ဝင်ရောက်တိုက်ခိုက်စဉ် တိန့်ရှောင်ပင်က ဗီယက်နမ်ကို ဒဏ်ခတ်ရမည်ဟု သုံးနှုန်းလိုက်သော စကားကို အနောက် မီဒီယာများက Punishing War ဟုသုံးနှုန်းလိုက်ခြင်းအပေါ် ဆရာကလည်း ဒဏ်ပေးစစ်ဟု သုံးနှုန်းလိုက်လေသည်။ ထိုဒဏ်ပေးစစ်ကိုလည်း ဆရာက လက်မခံပေ။ သူရေးသော စာပေသဘော တရား များ၌ သူ၏ နိုင်ငံရေးမှာ အမြဲထင်ဟပ်နေ၏။ သူက ဆိုရှယ်လစ် သရုပ်ဖော်စာပေကို လေးလေး နက်နက်သုံးစွဲတတ်ပါသည်။

မကြာသေးခင်တစ်ရက်က စာရေး ဆရာတစ်ဦးနှင့် စာပေဆွေးနွေးပွဲကို ရုပ်မြင်သံကြားတွင် ကြည့်ရပါ သည်။ ထို စာရေးဆရာကို ပရိသတ်ထဲမှ လူငယ် စာရေးဆရာ တစ်ယောက်က ထမေး၏။ ထိုသူငယ်က Realism (သရုပ်မှန် စာပေ)ကို ဘယ်လိုမြင်ပါသလဲ။ သရုပ်မှန် လို့ခေါ်မလား။ သရုပ်ဖော်ဟုခေါ် မလား ဟု မေးသည်။ အမေးခံ ရသော စာရေးဆရာက Realism ကို အကျယ်ချဲ့ပြီး ရှင်းပြမနေဘဲ” သရုပ်ဖော် စာပေလို့ ကျွန်တော်တို့ လက်ခံထားတဲ့ Realism ကို တချို့ကတော့ ဆင်းရဲသားတွေ အကြောင်းရေးမှ သရုပ်ဖော်စာပေဖြစ်တယ်လို့ ပြောနေကြတာကို ကျွန်တော် လက်မခံဘူး။ ကျွန်တော်ကတော့ ချမ်းသာတဲ့ သူတွေ အကြောင်းရေးတာလည်း သရုပ်ဖော် စာပေလို့ လက်ခံတယ်”ဟု ဖြေကြားသွားပါသည်။

သရုပ်ဖော်စာပေ ခေါ်ခေါ်၊ သရုပ်မှန်စာပေ ပြောပြော၊ မြန်မာလိုပြန်လိုက်သည့် ထိုစာပေ၏ အင်္ဂလိပ်ဝေါ ဟာရမှာ Realism သာဖြစ်ပါသည်။ ဘဝ၏ လက်တွေ့ဖြစ် ရပ်မှန် ကို ဖော်ပြသောစာပေဖြစ်၏။ ထိုစာပေတွင် သရုပ်ခွဲထားကြသည်။ ဆင်းရဲသား သရုပ်ဖော်စာပေ၊ ဓနရှင်သရုပ်ဖော်စာပေ သို့မဟုတ် သရုပ်မှန်စာပေ၊ ဆိုရှယ်လစ် သရုပ် မှန်စာပေ တော်လှန်ရေးသရုပ်မှန် စာပေ၊ ဝေဖန်မှုသရုပ်မှန် စာပေစသဖြင့် Realismနှင့်ပတ်သက်ပြီး သရုပ်ခွဲထားကြသည်။ ထိုအပေါ်တွင် ဆရာဒဂုန်တာရာ၏ သဘော ထားမှာ ”ဆိုရှယ်လစ်သရုပ်ဖော်စာပေ (Socialist Realism) ဟူသော စာပေဝေါဟာရ စာလုံး တစ်လုံးကို ၁၉၄၇ ခုနှစ်အကုန် ၁၉၄၈ နှစ်ဦးပိုင်းက တာရာ မဂ္ဂဇင်း တွင် တွေ့လိုက်ရသည်။ လွန်ခဲ့သော ၂၈ နှစ် လွတ်လပ်ရေးရပြီးခါစက အမျိုးသား လွတ်မြောက်ရေး လှိုင်းတံပိုးမှာ လှုပ်ရှားပြင်းထန်လာ၏။ လူထုလှုပ်ရှားမှု တက်ကြွလာ သည့်အလျှောက် ယင်းနိုင်ငံရေးသဘောတရားအလိုက် နိုင်ငံရေးလှုပ် ရှားမှုသည်လည်း နိုးကြားလာခဲ့ပေသည်။ ထိုအခါ နိုင်ငံရေး ဝေါ ဟာရအ သစ်များပေါ်လာရသည်။

စာပေအဘိဓမ္မာလေ့လာရေးသည်လည်း လေးနက်ထက်သန်၍ လာခဲ့ရာ စာပေဝေါဟာရများသည်လည်း တိုးပွား၍ လာရလေသည်။ လူထု၊ ပြည်သူ၊ တော်လှန်ရေး စ သည့် စကားလုံးများသည် သာမန်အရပ် သုံးဖြစ်သော်လည်း နိုင်ငံရေး ဝေါဟာရဖြစ်သွားသည်။ လူထုဆိုသည် ညီညွှတ်စည်းလုံး၍ ထုနှင့်ထည်နှင့် ရှိသော လူထု၊ ပြည်သူ ဆို သည်မှာ အဖိနှိပ်ခံ၊ အအုပ်စိုးခံ ပြည်သူ၊ အဟောင်းတစ်ရပ် ပျက်ယွင်း၍ အသစ်တစ်ရပ် ဖြစ်ထွန်းလာသော အဖြစ်သနစ်ကို တော်လှန်ရေး။ ယင်းသို့ သူ့အဓိပ္ပာယ်နှင့်သူ တိကျ ခိုင်မာသော ဝေါဟာရများအဖြစ် နားလည်သိရှိလာပေမည်။ ဆိုရှယ်လစ်သရုပ်ဖော်စာပေဆိုသည်မှာလည်း စာ ပေဝေါဟာရဖြင့် သိရှိလာသည်။

တစ်နည်းပြောရလျှင်အတွေး အခေါ်စာပေသည် စာပေဝေဖန်ရေး အနုပညာနယ်ပယ်၌ ရောက်ရှိခဲ့ပေသည်။ ဤနေရာ၌ စကားလုံးအသုံးအနှုန်းပြဿနာရှိ၏။ Realism ဟူေ သာ အနောက်နိုင်ငံမှ ရရှိသောအတွေး အခေါ်ကို မြန်မာ ဝေါဟာရအဖြစ် သုံးနှုန်းရာ၌ တချို့ကသရုပ်မှန်စာပေဟု ရေးသားဖော်ပြလာသည်လည်း ရှိခဲ့ဖူးသည်။ ၁၉၅ဝ ပတ် ဝန်းကျင်လောက်က ဖြစ်သည်။ သို့သော် သူ၏ အဓိပ္ပာယ်ကတော့မကွဲပြားပေ” ဟု ရေးသားထားပါသည်။ ဆရာဒဂုန်တာရာ၏ နိုင်ငံရေး အမြင်တွင် စစ်အာ ဏာ ရှင်စနစ်ကို ဆန့်ကျင် ထားပါသည်။

”တစ်နေ့က အမေရိကန်တိုင်းမ် မဂ္ဂဇင်းကိုဖတ်ရာ ‘အုပ်စိုးနေသော ဗိုလ် ချုပ်များ’ဟူ၍ မြေပုံနှင့်တကွ ကိုင်ရိုမှ ဘန်ကောက်အထိ ဖော်ပြထား သည်ကို တွေ့ရ သည်။ သည်တွင်မြန်မာပြည် မြေ ပုံ၌ ဗိုလ်ချုပ်နေဝင်း၏ ဓာတ်ပုံကို မြင် ရသည်။ စစ်အာဏာရှင်စနစ်သည် နောက် တစ်လှမ်းဆုတ်ခြင်း ပင်ဖြစ်သည်။ ထို့ နောက် ရှေ့ တစ်လှမ်း တက်ချင်တက် မည်။ မတက်ဘဲနေချင်လည်းနေမည်ဟု တိုင်းမ်က ဖော်ပြထားသည်။

နိုင်ငံတစ်နိုင်ငံတွင် စစ်အာဏာ ရှင်စနစ် ထူထောင်ကာ အစိုးရအပြောင်း အလဲဖြစ်သဖြင့် ယင်းနိုင်ငံအစိုးရ က အမေရိကန်နိုင်ငံခြားရေး ပေါ်လစီအား အကျိုးပြုသည်လည်း ရှိမည်။ မပြုသည် လည်းရှိမည်။ သို့သော် စစ်အာဏာရှင် စနစ် နောက်တစ်လှမ်းဆုတ်ခြင်းဟုသာ ဖော်ပြထားရှိလေသည်။ စစ်တပ်က အာဏာ သိမ်းခြင်း(ဝါ) စစ်အာဏာရှင် စနစ်သည် လက်နက်ဝါဒ ဖြစ်သဖြင့် မည်သည့် ဒီမိုကရေစီသမား များကမှ မနှစ်သက်ချေ။ လက်နက် ဝါဒ(ဝါ) သေနတ်ဖြင့်ခြိမ်းခြောက်သော နည်းသည် ဒီမိုကရေစီဝါဒ(ဝါ) လူထုထံမှ တရားသဖြင့် ဆန္ဒခံယူခြင်းနှင့် ဆန့် ကျင်လေသည်”ဟု ဆရာတာရာက သုံးသပ်ထားလေသည်။

သူက နိုင်ငံရေးသမားများနှင့် ပတ်သက်၍ နိုင်ငံရေးသမားများ၏ စွန့် လွှတ်အနစ်နာခံမှုကို လေးစားသည်။ သူနှင့် ရင်းနှီးခဲ့သူ၊ လက်တွဲခဲ့သူများ သည် သေ သူေ သ၊ တောထဲ ရောက်သူ ရောက်ဖြင့် တကွဲတပြား စီ ဖြစ်ကုန်ကြ ၏။ သူက ထိုသူများသည် ရိုးသားဖြောင့် မှန်သည်ဟု ယုံကြည်လေသည်။ အာဏာရ နိုင်ငံရေးသမား များ ထဲ မှ တချို့ ၏အပြုအမူ၊ လူမှုရေးကိစ္စများတွင် အတော်အောက်တန်း ကျသည်ကို သူက ဤကဲ့သို့ရေးထားလေသည်။

”တစ်ခါက နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့တွင် ပါသွားရာမြို့တော်ဝန်က တည်ခင်းသော နိုင်ငံရေးစားပွဲ တစ်ခု ၌ နိုင်ငံရေးသမားတစ်ဦးက သူ့အား ကြက်ဥနှင့် ငါးကြော်သီး သန့်လုပ်ပေးရန်မှာ ထားရာ မြန်မြန်ရောက် မလာကောင်းလားဟု အိမ်ရှင်အား ကြိမ်းမောင်းဆဲရေးသည်ကို ကြုံဖူးသည်။ နိုင်ငံရေးခေါင်းဆောင်တစ်ဦး က သူမလိုသော သူ တစ်ဦးကို ကော်မတီ ထဲမပါအောင် နယ်ချဲ့သူလျှိုဟု စွပ်စွဲ သည်ကိုလည်း ကြုံဖူးလေ သည်။

ကျောင်းသားသမဂ္ဂနှင့် တို့ဗမာ အစည်းအရုံးမှမိတ်ဆွေများမှာ တောထဲ ရောက်သူရောက်နှင့် မိတ်ဆွေ သစ်များ ဖြစ်နေသည်ကို တွေ့ရသည်။ အချို့ သော နိုင်ငံရေး သမားများနှင့် ကော်မတီထဲတွင် အတူ လုပ်ဖူးလေရာ ”နိုင်ငံရေး ဆိုတာ ညစ်ပတ်တဲ့အလုပ်ပဲ” ဆိုသော စကားကို သက်သေပြကြတော့သည်။ မူမရှိဘဲ လူကိုပဲ အလေး ထားလုပ်နေရာ စိတ်ပျက်စရာ ကောင်းလှတော့သည်။ ဒါရိုက်တာ သုခက ”ဒါနဲ့မင်းက စာပေမှာ နိုင်ငံရေးပါရမယ်ဆိုကွ”ဟု ကျွန်တော့်အား ပြုံး၍ မေး၏။ကျွန်တော်က ”ကျွန်တော် စိတ်ပျက် နေတာက နိုင်ငံရေးသမားတွေပဲ” ဟု ညစ်ပတ်သော နိုင်ငံရေးသမားအ ကြောင်းပြု၍ လွှတ်ခနဲပြောလိုက်လေသည်။

၁၃ဝဝ ပြည့်အရေးတော်ပုံ ခေတ်ကကဲ့သို့ ကြည်နူးမှုမခံစားရသည်မှာ ကြာပေပြီ။ လွတ်လပ်ရေးတိုက်ပွဲ ဖဆပလ ခေတ်ဦးက ထိုခံစားမှုရှိခဲ့သေး သည်။ နောက်ပိုင်းတွင်ကား မရိုးသားသော နိုင်ငံရေး သမားများ ကို တွေ့ရ၍ ခေါင်း ဆောင်မှုကို မယုံကြည်လာတော့။ အ မှန်အားဖြင့် နိုင်ငံရေးမှာမြင့်မြတ်သည် အများအ ကျိုးဆောင်ခြင်း ဖြစ် သည်။ နိုင်ငံရေးသမားများမှာ ကိုယ်ကျိုးစွန့်သူ၊ အနစ်နာခံသူဖြစ်သည်။ ယင်းနိုင်ငံရေး၊ ယင်းနိုင်ငံရေးသမားများပြန်လည် ဆန်း သစ်လာအောင် ဝေဖန်ရေးသမားများ က ရေးသားသင့်သည်ဟု ထင်မိလေ သည်”ဟု ကိုယ်ကျိုးရှာနိုင်ငံရေးသမားများနှင့် ပတ်သက်ပြီး သူ့အမြင်ကို ခပ်ရဲရဲပင် ရေးသား ထားလေသည်။ ဆရာ က ရိုးသား၏။ သူ့ ဘဝ တစ်လျှောက်လုံး တွင် သူ့ကိုယ်ကျိုးအတွက် မည်သည့် အာဏာ၊ မည်သည့်ရာထူးမျှ မယူခဲ့သလို မည်သူ့ထံတွင်မှ လခစားဖြင့် သူများ သြဇာခံမနေခဲ့ပေ။ သူ့လို စာရေး ဆရာ ရှာမှရှားပါသည်။ ဆရာ၏ နိုင်ငံရေးအယူဝါဒမှာ ဖိနှိပ်ခံများဘက်မှ ရပ်တည် ရေးဖြစ်၏။ အလုပ်သမား၊ လယ်သမား နှင့် တော်လှန်သော ပြည်သူများဘက်မှ၊ ပညာတတ် ဓနရှင်ပေါက်စများ ဘက်မှ အမြဲရပ်တည်ခဲ့သလို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သူ့သမိုင်းက လက်ေ တွ့ ပြသသွားခဲ့ပါပြီ။

ထက်မြက်
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...