အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ ပါရဂူဘွဲ့ပညာသင်ဆုလျှောက်ထားနိုင်



အမေရိကန်အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်း ဖောင်ဒေးရှင်းက ပေးအပ်သောအရပ်ဘက် လူ့အဖွဲ့ အစည်းဆိုင်ရာ ပညာသင်ဆု (CSSA) ကိုဧပြီလ ၂၇ ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင် ကြောင်း သတင်းရရှိသည်။

သုတေသနမြှင့်တင်မှု၊ အတွေးအခေါ်ဖလှယ်မှုနှင့် နိုင်ငံတကာကွန်ရက် တည်ဆောက်မှုတို့အတွက် အထောက်အကူဖြစ်စေရန် ပညာသင်ဆုပေးအပ်ခြင်းဖြစ်ပြီး ပါရဂူဘွဲ့ကျောင်းသားများ လျှောက် ထား နိုင်မည်ဖြစ်သည်။

လူမှုရေးသိပ္ပံနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘာသာရပ်နယ်ပယ်ကို လေ့လာနိုင်မည်ဖြစ် ပြီးလူ့အခွင့်အရေး၊ ပဋိပက္ခအလွန်လေ့လာမှု၊ လူတိုင်းအကျုံးဝင်ပညာရေး၊ မီဒီယာဥပဒေသစ်၊ လူမှုရေး နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ကျန်းမာရေး၊ စီးပွားရေး၊ အခွင့်အရေးနှင့် ဆင်းရဲမှုလျော့ ချရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝရင်းမြစ်စီမံခန့်ခွဲမှု၊ ဥပဒေ၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး တို့နှင့် ဆက်နွှယ်လေ့လာမှုကို အားပေးမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားလိုသူအနေဖြင့် www.opensocietyfoundations.org တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး သပြေပညာရေးဖောင်ဒေးရှင်းသို့လည်း ဆက်သွယ်လျှောက်ထားနိုင် မည်ဖြစ်သည်။

7Day News Journal
Vol.13, No.4, March.26, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...