သင်္ကြန်ကို မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ ရှိမယ့် နန်းဆုရတီစိုး



သရုပ်ဆောင် အလုပ်အပြင် ဂီတဘက်ကိုပါ လျှောက်လှမ်းနေပြီ ဖြစ်တဲ့ နန်းဆုရတီစိုး က တစ်ကိုယ်တော် သီဆိုထားတဲ့ သီချင်းခွေနှစ်ခွေ ထွက်ရှိ ထားပြီးဖြစ်ပါတယ်။ လတ်တလော မှာလည်း အနုပညာ လှုပ်ရှားမှု အနေနဲ့ မတ် ၂၅ ရက်နေ့ကနေစပြီး နယ်ဖျော်ဖြေပွဲတွေ သွားရောက် သီဆိုဖို့ ရှိပြီး သင်္ကြန် မှာလည်း မန္တလေး မြို့တော်ဝန် မဏ္ဍပ် မှာရှိမှာ ဖြစ်ကြောင်းကို နန်းဆုရတီစိုး က “မန္တလေးမြို့တော်ဝန် မဏ္ဍပ် မှာ မန္တလေး ပရိသတ်ကြီး နဲ့အတူတူ ပျော်မယ်။ နှစ်သစ်မှာ ပရိသတ်ကြီး နဲ့အတူ တူ ဖြတ် သန်းသွားမှာပါ။ မန္တလေး သင်္ကြန်မှာ ပရိသတ်ကြီး အတွက် နန်းဆု ဆိုနေကျ သီချင်းတွေ ရော၊ ပရိသတ် တောင်းတဲ့ သီချင်းလေးတွေရော၊ “ရှေ့ဆက် သွားမှာပဲ” အခွေ ထဲမှာ ပါတဲ့ ပရိသတ်တွေ အကြိုက်များတဲ့ သီချင်းတွေရော သင်္ကြန် သီချင်းတွေရော ဆိုမယ်။ အခု ၂၅ ရက်မှာလည်း ပုသိမ်ကနေ စထွက်မှာ။ ပုသိမ် ပြီးရင် ဝါးခယ်မ၊ အဲဒီကနေ ဖားကန့်၊ ဖားကန့်ကနေမှ မန္တလေးမြို့တော်ဝန် မဏ္ဍပ် ဆက် တိုက် နယ်ဖျော်ဖြေ ပွဲတွေ သွားပြီး နှစ်ဆန်း တစ်ရက်နေ့လောက်မှ ရန်ကုန် ပြန်ရောက်မယ်” လို့ပြောပါတယ်။ ဖျော်ဖြေပွဲတွေ ဆက်တိုက် သွား နေရပြီး ပရိသတ်တွေ နဲ့အတူတူ ရင်း နှီးစွာ တွေ့ခွင့် ရတဲ့ အတွက် ပရိ သတ် အပေါ်ထားတဲ့ သူ့ရဲ့ ခံစားချက် နဲ့ ပတ်သက်ပြီးလည်း. “ပရိသတ်တွေနဲ့ တွေ့ပြီး ရင်းရင်းနှီးနှီး ဖျော် ဖြေခွင့်ရတဲ့ အတွက် ဝမ်းသာတယ်။ ပရိသတ် နဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းရတာ ပီတိဖြစ်တယ်။ ကိုယ် ဝါသနာ ပါတဲ့ အလုပ် နဲ့ဖျော်ဖြေခွင့် ရတဲ့ အတွက် ကိုယ်တိုင်လည်း စိတ်ချမ်းသာ ပျော်ရွှင်ရ သလိုကိုယ့်ကြောင့် သူ များတွေ စိတ်ချမ်း သာတယ် ဆိုရင် ကျေနပ် သ လို ပီတိ လည်း ဖြစ်ရပါ တယ်။ ကိုယ် တိုင် လည်း စိတ် ချမ်းသာ အောင်နေပြီး တော့ သူများကို လည်း စိတ်ချမ်းသာအောင် ပြုလုပ်ပေးနိုင်သူဖြစ်ပါစေ လို့ အမြဲ ဆုတောင်းတယ်။ အဲဒီ ဆုတောင်းလေး ပြည့်တယ် လို့ ခံစားရတယ်။ ပရိသတ်တွေနဲ့ သင်္ကြန်မှာ ရော တွေ့ခွင့်ရတယ်၊ အတူ ပျော်ရွှင် ရမှာဖြစ်တဲ့ အတွက် သင်္ကြန် မရောက်ခင် အခု အချိန် ကတည်းက ရင်တွေ ခုန်နေတယ်။ နန်းဆုတင် မဟုတ်ပါဘူး။ သင်္ကြန် ကျရင် လူတိုင်းလည်း ရင်ခုန်နေလိမ့် မယ်လို့ ထင်တယ်။ နန်းဆု က ပရိ သတ်ကြီး နဲ့အတူတူ နှစ်သစ်ကူး ရမှာ ဆိုတော့ အကျေနပ် ဆုံးနဲ့ အပျော်ရွှင်ဆုံးပါပဲ” လို့ ပြော ပြ ခဲ့ပါတယ်။

သိမ့်သိမ့်
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...