အသားအရေကို လှပစေမည့် အသီးအနှံများ



မျက်နှာအသားအရေ နီမြန်းတာ၊ အစက်အပြောက်တွေ ပေါ်လာတာ၊ ဆံပင်နဲ့ အသားအရေ ကြမ်းတမ်းနေ တာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသူတွေအတွက် အလွယ်သုံးနိုင်မယ့် နည်းလမ်းတွေ ကို ရေးသားလိုက်ရပါတယ်။

(၁) လက်ဖက်စိမ်း လက်ဖက်ရည်

အင်တီအောက်ဆီးဒင့် အများအပြားပါဝင်တဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ မျက်နှာ အသားအရေ နီမြန်းမှုကို လျော့ကျစေပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အေးမြနေတဲ့ လက်ဖက်စိမ်း လက်ဖက်ရည်နဲ့ မျက်နှာပြင်ပေါ်ကို ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။

(၂) ထောပတ်သီး

အကောင်းဆုံး အစိုဓာတ်ထိန်းခရင်မ်လို့ နာမည်ကြီးတဲ့ ထောပတ်သီးကို မျက်နှာပေါင်းတင်ပစ္စည်းအဖြစ် လည်းကောင်း၊ ဆံပင်ပေါင်းတင်ပစ္စည်းအဖြစ် လည်းကောင်း သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်း ကတော့ ထောပတ်သီးအနှစ်ကို ကြေညက်တဲ့အထိ ကြိတ်ချေပြီး မျက်နှာ အရေပြားပေါ်နဲ့ ဆံပင် သားတွေပေါ်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ မျက်နှာ အသားအရေနဲ့ ဆံကေသာကို စိုပြည်တောက်ပစေပါ တယ်။

(၃) ဂျုံမှုန့်

ဂျုံမှုန့်မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။ ရေထဲကို ဂျုံမှုန့် အနည်းငယ်ထည့်ပေးပြီး မျက်နှာကို သစ်ပေးတာ ဒါမှမဟုတ် မျက်နှာကို အရည်ဖျော်ထားတဲ့ ဂျုံမှုန့်ရေနဲ့ ညင်ညင်သာသာ ပွတ် တိုက်ပေးတာ စတဲ့ နည်းတွေကို သုံးနိုင်ပါတယ်။

(၄) သင်္ဘောသီး

အရေပြား ချွေးပေါက်တွေ ကျယ်နေလို့ စိတ်ညစ်နေရင် သင်္ဘောသီးကို ပါးပါးလှီးပြီး မျက်နှာအသား အရေပေါ် ကပ်ပေးတာ ဒါမှမဟုတ် သင်္ဘောသီးအနှစ်ကို မျက်နှာပေါ် လိမ်းပေးတာတို့ကို လုပ်ဆောင်ပေး ပါ။ သင်္ဘောသီးမှာပါတဲ့ ပက်ပိန်းဆိုတဲ့ အင်ဇိုင်းက မျက်နှာအသားအရေအတွက် အကောင်းဆုံး အင်ဇိုင်းတ စ်မျိုး ဖြစ်ပါတယ်။

(၅) သံပရာသီး၊ ရှောက်သီး

သံပရာသီး၊ ရှောက်သီးထဲမှာပါတဲ့ အက်စစ်ဟာ ဆံပင်သားကို သဘာဝကျကျ တောက်ပစေတဲ့ အစွမ်းရှိပါ တယ်။

(၆) ကြက်ဥ၊ ဘဲဥအကာ

ကြက်ဥအကာ၊ ဘဲဥအကာတွေကို မျက်နှာအရေပြားပေါ် လိမ်းပေးရင် အသားအရေကို တင်းရင်းစေပါတယ်။

(၇) သံလွင်ဆီ

သံလွင်ဆီဟာ ဆံကေသာကို စိုပြည်စေပြီး အရေပြားပေါ်က အမည်းစက်တွေကို လျော့ပါးစေပါတယ်။

(၈) သကြား

သဘာဝ ကြေးချွတ်ပစ္စည်းဖြစ်တဲ့ သကြားကို သံလွင်ဆီနဲ့ ရောပြီး နှုတ်ခမ်းသားနဲ့ ခန္ဓာကိုယ် အရေပြား မှာ ကြေးချွတ်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၉) ပျားရည်

ပျားရည်မှာ သဘာဝ ပိုးသတ်အာနိသင်ရှိပြီး အသားအရေကို အစိုဓာတ် ရှိနေစေပါတယ်။ ပျားရည်ဟာ မျက်နှာပြင်ပေါ်က အစက်အပြောက်တွေကို သက်သာစေပါတယ်။

ဇွန်
Good Health

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...