ဆံကေသာအတွက် ဆောင်ရန် ရှောင်ရန် အလေ့အကျင့်များ



ဆံကေသာတို့ ရဲ့ ကောင်းခြင်းကို ပိုင်ဆိုင်ဖို့ အတွက် နေ့ စဉ် သတိထားရမယ့် ဆောင်ရန်၊ ရှောင်ရန် အလေ့အကျင့်များကို တင်ဆက်လိုက်ပါတယ်။

ခေါင်းလျှော်ခြင်း ဆံပင်ဦးရေပြား အမျိုးအစား ပေါ်မူတည်ပြီး တစ်ပတ်မှာ အနည်းဆုံး ၁ ခါ အများဆုံး ၃ ခါ လျှော်ခြင်းမှလွဲရင် နေ့စဉ်ခေါင်းလျှော်ခြင်းကို မပြုလုပ်သင့်ပါဘူး။ ဆံပင်ရဲ့ သန်စွမ်းမှုဟာ ဆံပင် ဦးရေပြားပေါ်မှာမူတည်နေလို့  ဦးရေပြားသန့်ရှင်းမှု ရှိအောင် ၊ ဘောက်မထအောင် ခေါင်းလျှော်သင့်တာ မှန်ပါတယ်။ သို့သော်လည်း ခေါင်းလျှော်ရည် ဟာ ဦးရေပြားကို သန့်စင်ပေးရာမှာ လိုအပ်တဲ့ ဆံပင်အ ဆီတွေကိုပါ ဖယ်ရှားပစ်တာမို့ အလွန်အကျွံ လျှော်ခြင်းဟာ ဦးရေပြားအဆီတွေကို ခြောက်ခမ်းစေပြီး ဆံပင်တွေကို ခြောက်စေနိုင်ပါတယ်။ အဆီပြန်တဲ့ ဦးရေပြား ဖြစ်ရင်တောင် တစ်ပတ်မှာ အများဆုံး ၃ ခါပဲ လျှော်သင့်ပါတယ်။

ဆံပင် အခြောက်ခံခြင်း

ပျိုမေတို့ ခေါင်းလျှော်အပြီး ဆံပင်ကို အလျင်အမြန် ခြောက်ချင်လို့ပဲဖြစ်ဖြစ် ဆံပင် ပုံစံလှလှလေး ပုံသွင်းချင်လို့ပဲ ဖြစ်ဖြစ် Hair Dryer လေပူ သုံးတာဟာ လည်း ဆံပင်ကို ထိခိုက်ပျက်စီးစေသော အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပျိုမေတို့ရဲ့ ဆံပင်ကို တန်ဖိုးထား မြတ်နိုးတယ်ဆိုရင် သဘာဝလေ နဲ့ ဖြစ်ဖြစ် ၊ ရိုးရိုး ပန်ကာလေနဲ့ ဖြစ်ဖြစ်၊ Hair Dryer လေအေး နဲ့ ပဲ ဖြစ်ဖြစ် ဆံပင်ကို အခြောက်ခံ ဖို့ တိုက်တွန်းပါတယ်။
( မှတ်ချက်။ ။ခေါင်းလျှော်ချိန်နဲ့ ဆံပင်အထူအပါးကို ချင့်ချိန်ပြီး ကျန်းမာရေးအတွက် ဦးရေပြားကို ပထမဦးစွာ လေပူနဲ့ အခြောက်ခံပြီးမှ ဆံပင်ဆီ အရောက်နည်းတဲ့ ဆံပင်အဖျားတွေကို လေအေးနဲ့ ဆက်လက် အခြောက်ခံသွားမယ်ဆိုရင် ကျန်းမာရေးနဲ့ အလှအပ တစ်ထပ်တည်းကျနိုင်ပါပြီ။)

ဆံပင် ခေါင်းဖီးခြင်း

စိုနေသော ဆံပင်သားဟာ အလွန် နူးညံ့ပြီး ထိခိုက်လွယ် ပျက်စီးလွယ် ပါတယ်။ ခြောက်နေသော ဆံပင်ကို ဖီးခြင်းဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ် နိုင်ပေမယ့် စိုနေသော ဆံပင်ကို ဖီးခြင်းကတော့ ဆံပင်ကို ပိုပြီးကျွတ် ပိုပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ပြီးခါစ ဖြစ်ဖြစ် ခေါင်းလျှော်နေရင်းဖြစ်ဖြစ် စိုနေသောဆံပင်ကို ဘီးနဲ့ ဖီးသင်ခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

အစားအစာ

ကျန်းမာသန်စွမ်းသော ဆံပင်ကို ကျန်းမာသော ဦးရေပြားက ပေးပါတယ်။ ကျန်းမာသော အစားအစာကို စားသောက်သော အစားအစာ က ပေးပါတယ်။ ဒါ့ကြောင့် ဆံကေသာ အတွက် ဆောင်ရန် ရှောင်ရန် အစားအစာများကို သိရှိနားလည် ပြီး ဂရုတစိုက် အစာစားမယ်ဆိုရင် ဆံပင်ရဲ့ ကောင်းခြင်းကို ခံစားရရှိနိုင်ပါတယ်။

ဆံပင်ကောင်းခြင်း အတွက်အထောက်အကူပြုသော ဆောင်ရန် အစားအစာများ မှာ

ဆယ်လမွန် ငါးများ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ (Dark Green Vegetables)
မြေပဲ (Beans)
အရေခွံမပါသော ကြက်သား၊ ဘဲသား
ကြက်ဥ၊ ဘဲဥ (Eggs)
ခရု (Oysters)
အဆီနည်းသော နို့ထွက်ကုန်များ (Low-Fat Dairy Products)
မုန်လာဥနီ (Carrots) တို့ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးမရှိသည့်အပြင် ဆံပင် သန်စွမ်းခြင်းကို ထိခိုက်နိုင်သော ရှောင်ရန်အစားအစား များမှာ

sweets သကြားလုံး
chocolate ချောကလက်
cakes ကိတ်မုန့်
cookies ကွတ်ကီး
အဆီအများအပြား ပါဝင်သော အစားအစာများ တို့ ဖြစ်ပါတယ်။

Myanmar News Update.

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...